Saturday, March 2, 2019

ရိုဟင်ဂျာ ၃၀ ကျော် မလေးရှားကို ထပ်မံရောက်ရှိ

 VOA
ဗွီအိုအေ (မြန်မာဌာန)
02 မတ်၊ 2019

မလေးရှား UNHCR မှာ ဒုက္ခသည်ဖြစ်ခွင့် စောင့်ဆိုင်းနေကြတဲ့ ရိုဟင်ဂျာလို့ ပြောသူ အမျိုးသမီးများ။ ( သြဂုတ် ၁၁၊ ၂၀၁၅)

 မလေးရှားနိုင်ငံက ကမ်းခြေတခုမှာ ရိုဟင်ဂျာမူဆလင် ၃၄ ဦးကို သောကြာနေ့က တွေ့ရှိခဲ့ကြောင်း မလေး ရှားရဲတပ်ဖွဲ့က ပြောတယ်လို့ မတ်လ ၁ ရက်နေ့ AFP သတင်းမှာဖေါ်ပြထားပါတယ်။

တနှစ်နီးပါးအကြာတုန်းကလည်း ပင်လယ်ကိုဖြတ်ပြီး မလေးရှားကိုရောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာတွေရှိခဲ့ပါ တယ်။ သောကြာနေ့က တွေ့ရှိတဲ့ ရိုဟင်ဂျာတွေ ကတော့ မလေးရှား နိုင်ငံမြောက်ပိုင်း Perlis ပြည်နယ်က ကမ်းခြေတခုမှာဖြစ်ပြီး သူတို့တွေဟာ ပင်ပမ်းနွမ်းနယ်နေပြီး စာလောင်နေကြတယ်လို့ မလေးရှား ရဲအရာရှိ ကဆိုပါတယ်။

သူတို့တွေထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်းပါဝင်ပြီး အခုတော့ သူတို့ကို လူဝင်မှုကြီး ကြပ်ရေးစခန်းမှာ ထိမ်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ဒီ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံကနေ လူကုန်ကူးသူတွေရဲ့လက်ချက်နဲ့ မလေးရှားကို ရောက်လာခဲ့တယ်လို့ ခန့်မှန်းရကြောင်း မလေးရှား ရဲ အရာ ရှိက ပြောပါ တယ်။The New Straits Times သတင်းမှာဖေါ်ပြထားတာကတော့ မလေးရှား ကမ်းခြေကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ရွာသူရွာသားတွေက စတွေ့ခဲ့ကြပြီး သူတို့ဟာရွှံ့တွေနဲ့ဖုံးနေပြီး တော်တော် များများက ငိုနေကြတယ်လို့ဆိုပါ တယ်။

သူတို့ဟာ မြန်မာပြည်ကနေလာတာလား၊ ဘင်္ဂလားဒေ့ချ်ကလာတာလားဆိုတာ လောလောဆယ် ရှင်းရှင်း လင်း လင်း မသိရသေးပါဘူး။ ၂၀၁၈ ခုနှစ် ဧပြီလတုန်းက ပင်လယ်ကိုဖြတ်ပြီး မလေးရှားကိုရောက်လာခဲ့တဲ့ ရိုဟင်ဂျာတွေပြီးရင် သောကြာနေ့တုန်းက ရောက်လာသူတွေက ဒီနှစ်ထဲမှာ ပထမဆုံး အသုတ်ဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */