Wednesday, March 6, 2019

မလေးရှားမှာရိုဟင်ဂျာတွေ အသတ်ခံရမှု အစိုးရကော် မရှင်ဖွဲ့ စုံစမ်း

VOA 
ဗွီအိုအေ (မြန်မာဌာန) 
06 မတ်၊ 2019
မလေးရှားနိုင်ငံ အနောက်ပိုင်းက Perlis ပြည်နယ်

 မလေးရှားနိုင်ငံ အနောက်ပိုင်းက Perlis ပြည်နယ်မှာ ၂၀၁၅ ခုနှစ်တုန်းက အလောင်းအများအပြား မြှုပ်နှံ ထား တဲ့နေရာနဲ့ လူကုန်ကူးမှုလုပ်တဲ့  ခြေရာလက်ရာတွေ တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ မလေးအစိုးရက RCI တော်ဝင်စုံစမ်းရေးကော်မရှင်ကို မတ်လ ၅ ရက် အင်္ဂါနေ့မှာ စတင်ဖွဲ့စည်းလိုက်ပါတယ်။ တွေ့ရှိခဲ့တဲ့ အလောင်း တွေဟာ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဖြစ်မယ်လို့ ယုံ ကြည်ကြပါတယ်။

မလေးအစိုးရသစ်အဖွဲ့က ဒီအမှုအတွက် အမှန်တရားကို ဖေါ်ထုတ်ပြီး ကျူးလွန်သူတွေကို အပြစ်ပေး အရေး ယူဖို့ သံဓိဌာန်ချထားကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး Muhyiddin Yassin က ပြောကြားပြီး ကော်မရှင် မှာ ပါဝင်မယ့် အဖွဲ့ဝင် ၇ ဦးကို ခန့်အပ်လွှာတွေ ပေးအပ်ခဲ့တယ်လို့ မလေးမေးလ် သတင်းမှာ ဖေါ်ပြထားပါ တယ်။

အတွေ့အကြုံရင့်ကျက်ပြီး နားလည်တတ်ကျွမ်းတဲ့ သိက္ခာရှိတဲ့လူတွေကို အဖွဲ့ဝင်အဖြစ်ခန့်အပ်ပြီး ဒီအမှုအတွက် မလေးအစိုးရက ဘယ်လောက် အလေးထားတယ်ဆိုတာ သိစေသလို အဖြစ်မှန်သိရမယ်လို့ မျှော်လင့်ထားပြီး နောင် ဒါမျိုးထပ်မဖြစ်စေဖို့ လုပ်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ RCI ကော်မရှင်မှာ ဥက္ကဌအဖြစ် မလေးတရားသူကြီးချုပ်ဟောင်း Tun Arifin Zakaria နဲ့ ဒုဥက္ကဌက ရဲချုပ်ဟောင်း Tan Sri Norian Mai ဖြစ်ပါတယ်။

၂၀၁၅ က Perlis ပြည်နယ်မှာ မလေးနဲ့ထိုင်း နယ်စပ် Wang Kelian အရပ်က တောထူထပ်တဲ့နေရာမှာ မြှုပ်နှံထား တဲ့ အလောင်း တရာကျော်ကို တွေ့ခဲ့ရသလို ထိမ်းသိမ်းတဲ့ စခန်းတွေကိုပါတွေ့ခဲ့တာပါ။ ကျူးလွန် သူတွေထဲမှာ နယ်စပ်မှာတာဝန်ကျတဲ့ ၂ နိုင်ငံစလုံးက အရာရှိတချို့ ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်းပါ သံသ ယဖြစ်ခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ရေကြောင်းကရော ကုန်းကြောင်းကပါ ထိုင်းကို ဖြတ်ပြီး မလေးရှားနိုင်ငံထဲကို တရားမဝင် လာရောက်လေ့ရှိပြီး အများအပြားဟာ လူကုန်ကူးသူတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကပဲ မလေးရှားကမ်းခြေတခုမှာ ရိုဟင်ဂျာ ၃၄ ယောက် လှေတစင်းနဲ့ ရောက် လာတာ ဖြစ်ပြီး ဒီလှေဟာ လူကုန်ကူးသူတွေရဲ့ လှေဖြစ်မယ်လို့ ယူဆရပါတယ်။

 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */