Monday, April 8, 2019

ရိုဟင်ဂျာ ၃၇ ဦး မလေးရှားကမ်းခြေမှာ ဖမ်းဆီးရမိ

VOA
ဗွီအိုအေ (မြန်မာဌာန)

)

မလေးရှားနိုင်ငံ မြောက်ပိုင်း ကမ်းခြေတခုနားမှာ ရိုဟင်ဂျာ ၃၀ ကျော်ကို တေ့ွရှိခဲ့ပြီးနောက် ပင်လယ်ထဲမှာသင်္ဘော တွေနဲ့ ရှိနေသေးတဲ့ ရိုဟင်ဂျာ ၂၀၀ လောက်ကို မလေးရှား အာဏာပိုင်တွေ လိုက်လံ ရှာဖွေနေကြ ပါတယ်။

မြန်မာ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံကလို့ ယုံကြည်ရတဲ့ ရိုဟင်ဂျာ ၃၇ ယောက်ကို မလေးရှား နိုင်ငံမြောက်ပိုင်းက ကမ်းခြေ တခု နားမှာ ဒီနေ့မနက်က တေ့ွရှိခဲ့ကြတာပါ။ အသက် ၁၄ နှစ်ကနေ ၃၀ ကြား ရိုဟင်ဂျာအမျိုးသားနဲ့ ယောင်္ကျားလေးတွေကို Simpang Empat မြို့မှာ ဖမ်းဆီးခဲ့တယ်လို့ Perlis ပြည်နယ် ရဲချုပ် Noor Mushar Mohamad က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

သင်္ဘောကြီးနဲ့ ထွက်လာကြသူတွေဟာ ပင်လယ်ထဲရောက်မှ သင်္ဘောငယ်တွေပေါ် ပြောင်းပြီး မတူတဲ့နေရာ တွေကို လူမှောင်ခိုတွေက ပို့တာဖြစ်မယ်လို့ ယုံကြည်ကြောင်း ရဲချုပ် Noor Mushar ကပြောပါတယ်။ ရိုဟင် ဂျာ ၂၀၀ လောက်ကို တင်ဆောင်ထားတဲ့ သင်္ဘောတွေ ပင်လယ်ထဲမှာ ရှိနေသေးတယ်လို့ ယုံကြည်ရ ကြောင်း ရဲချုပ်က ပြောပါတယ်။

သူတို့ကိုခေါ်လာတဲ့ သင်္ဘောတွေ ဘယ်ကလဲဆိုတာကို စုံစမ်းနေပြီး လူမှောင်ခိုကူးတဲ့ အဖွဲ့တွေ ပါတ်သက် နေတယ်လို့ သံသယရှိကြောင်းလည်း ပြောပါတယ်။ သူတို့အားလုံး ကျန်းမာရေး ကောင်းမွန်ကြပြီး လူဝင်မှု ကြီးကြပ်ရေး တာ ဝန်ရှိသူတွေရဲ့ လက်အပ်လိုက်ပြီလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း Perlis ပြည်နယ်ထဲက Sungai Belati ကမ်းခြေမှာ နိုင်ငံပြောင်း အခြေချဖို့ ကြိုး စားသူ ရိုဟင်ဂျာ ၃၅ ယောက်ကို တွေ့ရှိခဲ့တဲ့အတွက် ရေကြောင်းကနေ ရိုဟင်ဂျာတွေကို လူမှောင်ခို ကူးတဲ့ ဖြစ်ရပ်ကြီး ထပ်ဖြစ်နေပြီလားဆိုပြီး အာဏာပိုင်တွေ စိုးရိမ်နေကြပါတယ်။

ဒုတိယအသုတ်အဖြစ် ဒီကနေ့တွေ့ရှိတဲ့ ရိုဟင်ဂျာတွေက မြန်မာ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံကဖြစ် မယ် လို့ မလေးရှားတာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။ ခုလို နိုင်ငံပြောင်း အခြေချဖို့ ကြိုးစားသူ တွေကို ပို့ဆောင်ပေးတဲ့ လူမှောင်ခိုတွေကို နှိမ်နှင်းခဲ့တဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ မလေးရှားဘက်ကို ရောက်လာ သူတွေ ကျဆင်းသွားခဲ့ပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဘက်က ရိုဟင်ဂျာတွေဟာ မကြာ ခင် လ ပိုင်းတွေကစလို့ မလေးရှားနိုင်ငံကို ရေကြောင်းကနေသွားဖို့ ပြန်လည်ကြိုးစားလာကြပုံ ရပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံထဲမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ခုလိုနိုင် ငံပြောင်းဖို့ ကြိုးစားသူ ၁၀၀ ကျော်ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်နဲ့ ၉၀ ကျော်ကို ထားဝယ်ခရိုင် လောင်းလုံမြို့မှာ ဖမ်းမိခဲ့ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */