Rohingya Today
ရှား၊ဖေဖေါ်ဝါရီလ(၉)ရက်၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်တွင် ပြည့်နှက်နေသည့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်များအရှေ့တောင်အာရှနိုင်ငံများသို့ လူကုန်ကူးခံရမည်ကို စိုးရိမ်နေရသည့် အချိန်တွင် မလေးရှားနိုင်ငံသို့ လူကုန် ကူးနေခံရသည့် ရိုဟင်ဂျာ ဒုက္ခသည် (၃၀) ဦးကို ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်က ရပ်တန့်နိုင်ခဲ့သည်ဟု AFP သတင်းတွင် ရေးသားသည်။
ရှား၊ဖေဖေါ်ဝါရီလ(၉)ရက်၊
မလေးရှားနိုင်ငံသို့ စက်လှေဖြင့် လူကုန်ကူးခံနေရသည့် ရိုဟင်ဂျာ (၃၀) ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ရပ်တန့်ပြီးနောက် ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - AFP)
လူကုန်ကူးနေသူများဟု သံသယ ဖြစ်ဖွယ်ရာ လူနှစ်ဦးကို ကော့ဇ်ဘဇား ဖေဖော်ဝါရီလ (၇) ရက်နေ့ ညပိုင်း တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့သည်။
တပ်ခ်နာဖ်မြို့၏ ကမ်းခြေတစ်ခုတွင် ရိုဟင်ဂျာအမျိုးသမီး (၁၇) ဦး၊ ကလေး (၆) ဦးနှင့် အမျိုးသား (၇) ဦးတို့ ကို နယ်ခြားစောင့်တပ်က ထိန်းသိမ်းခဲ့ပြီး၊၎င်းတို့ကို ဒုက္ခသည်စခန်းများသို့ ပြန်ပို့မည်ဟု ဆိုသည်။
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလမှ စ၍ မလေးရှားနိုင်ငံသို့ စက်လှေများဖြင့် လူကုန်ကူးခံနေရသည့် ရိုဟင်ဂျာဒုက္ခ သည်များကို တတိယအကြိမ်မြောက် တားဆီးရပ်တန့်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်မှူးကြီး အာဆာဒူဇ မန်ချောင်ဒရီက ယခု ရိုဟင်ဂျာ (၃၀) ဦးသည် ကော့ဇ်ဘဇားရှိ ဒုက္ခသည် စခန်းများတွင် လူကုန်ကူးသူများ၏ သွေးဆောင် ဖြားယောင်းခြင်းကို ခံရသူများ ဖြစ်သည်ပြီး၊၎င်းတို့သည် မလေးရှားနိုင်ငံသို့ လုံခြုံစွာရောက်ရှိရန်အတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ဝ၀ စီ ပေးရသည်ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ရပ်တန့်နိုင်ခဲ့သည့် ရိုဟင်ဂျာ (၃၀) ဦးမှ အမျိုးသမီးတစ်ဦးက ၎င်းသည် မလေးရှားနိုင်ငံတွင် အိမ်ထောင်ပြုရန် သွားနေခြင်း ဖြစ်ပြီး၊၎င်း၏ ဦးလေးဖြစ်သူက ယခုခရီးစဉ်အတွက် ငွေ ထုတ်ပေးကြောင်း၊ ၎င်းနှင့် အိမ်ထောင်ပြုမည့်သူကို တစ်ခါမှ မမြင်ဖူးသော်လည်း မလေးရှားနိုင်ငံရောက် လျှင် တွေ့မည်ဖြစ် သည်ဟု ဆိုသည်။
ရာသီဥတုအခြေအနေ ယခင်ကထက် ကောင်းမွန်လာပြီဖြစ်ရာ လူကုန်ကူးသူများက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခ သည်များကို ဖြားယောင်း၍ အန္တရာယ်ကြီးမားသည့် စက်လှေခရီးဖြင့် မလေးရှားသို့ လူကုန်ကူးမည်ကို စိုးရိမ် နေရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၅ ခုနှစ်တွင် လူကုန်ကူးသူများကို ပြင်းထန်စွာ မနှိမ်နင်းမီ ထောင်ပေါင်းများ စွာ သော ရိုဟင်ဂျာဒုက္ခသည်များကို လူကုန်ကူးသူများက လူကုန်ကူးခဲ့သည်။ထိုင်းနိုင်ငံတွင် အစုလိုက်အပြုံ လိုက် မြုပ်နှံထားသည့် ကျင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်းတွင် ဘင်္ဂ လား ဒေ့ရှ်နိုင်ငံတွင် လူကုန်ကူး မှု ကို ပြင်း ထန်စွာ နှိမ်နင်းမှု စတင်ခဲ့ခြင်းဖြစ်သည်။

Link : Here
No comments:
Post a Comment