" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒုက္ခသည်စခန်း. Show all posts
Showing posts with label ဒုက္ခသည်စခန်း. Show all posts

Saturday, December 7, 2019

ဒုက္ခသည်စခန်းက ရိုဟင်ဂျာအဖွဲ့တဖွဲ့ရုံး ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ထုတ်

VOA
07 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဒုက္ခသည်စခန်း


ကူတူးပါလောင် ဒုက္ခသည်စခန်းက ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ အာရကန် ရိုဟင်ဂျာ အဖွဲ့အစည်းလို့ နာမည်ပေးထားတဲ့ ARSPH အဖွဲ့ရဲ့ဌာနချုပ်ကို ချိတ်ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အမိန့် ထုတ်ခဲ့တယ်လို့ အဖွဲ့ပြောခွင့်ရ Sayed Ullah ကပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတာ နှစ်နှစ်ကျော်လာချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အခုလို အမိန့် ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအဖွဲ့ရဲ့လှုပ်ရှားမှုအားလုံးကို နောက်အမိန့်တစုံတရာ မထုတ်ပြန်မချင်း ရပ်ဆိုင်း ထားဖို့ပါ ပြောကြားထားတာပါ။

Saturday, September 14, 2019

ဘင်္ဂလား ဒုက္ခသည်စခန်းအနီး ရိုဟင်ဂျာ ၂ ဦး ပစ်သတ် ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
14 စက်တင်ဘာ၊ 2019


ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက တာဝန်ရှိသူတစ်ဦးလုပ်ကြံသတ်ဖြတ်ခံ ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်း နယ်စပ်မြို့မှာ ရဲတပ်ဖွဲ့က နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၂ ဦးကို သောကြာနေ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

Monday, September 9, 2019

ဒုက္ခသည်စခန်းက အသက်မွေးဝမ်းကြောင်းသင်တန်း များ

VOA
ဗွီအိုအေ မြန်မာပိုင်း
09 စက်တင်ဘာ၊ 2019
ဗွီဒီယို၊ မခင်ဖြူထွေး -
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဆယ်ကျော်သက် ဒုက္ခသည် လူငယ်တွေကို ကိုယ်ပိုင်ဝင်ငွေရစေပြီး နေ့တဓူဝအခက်အခဲတွေ ဖြေရှင်းနိုင်ဖို့အတွက် အသက်မွေးပညာတချို့ သင်ကြားပေးနေပါတယ်။ Sandford က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

Friday, September 6, 2019

အကူအညီပေးရေးနှစ်ဖွဲ့ကို ရိုဟင်ဂျာစခန်း လုပ်ခွင့်ပိတ်

VOA
05 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး လက်မခံကြဖို့ တိုက်တွန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကူအညီပေးရေး အဖွဲ့ ၂ ဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပိတ်လိုက်ပါတယ်။

မကြာသေးခင်က စီစဉ်ခဲ့တဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ် မအောင်မမြင် ဖြစ်အောင် သွေးထိုးပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် အခြေစိုက် Adventist ဖွံ့ဖြိုးရေးနဲ့ အကူအညီပေးရေးအေဂျင်စီ (ADRA) နဲ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Al Markazul Islami အဖွဲ့တို့ကို လုပ်ငန်းလုပ်ခွင့် ပိတ်လိုက်တာဖြစ်ကြောင်း ဒုက္ခသည်စခန်းတွေရှိရာ Cox's Bazar ဒေသ အုပ်ချုပ်ရေးမှူး Kamal Hossain ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

Wednesday, September 4, 2019

ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ ဖုန်းလိုင်းတွေ ပိတ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ညွန်ကြား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-09-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းမှာ ဖုန်းနဲ့ဓါတ်ပုံရိုက်နေတာကို ၂၀၁၉ သြဂုတ် ၂၅ ရက်နေ့က တွေ့ရစဉ်

Photo; MUNIR UZ ZAMAN AFP
                                      


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို Sim Card တွေ မရောင်းဖို့နဲ့ စခန်းတွေအတွင်း မိုဘိုင်းဖုန်း အသုံးပြုတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိတ်လိုက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆက်သွယ်ရေးကုမ္ပဏီတွေကို မနေ့ကညွန်ကြားလိုက်ပါတယ်။

Monday, August 26, 2019

ဒုက္ခသည်စခန်းက ရိုဟင်ဂျာ အမျိုးသမီးများ

VOA
ဗွီအိုအေ (မြန်မာဌာန
သြဂုတ်၊ 2019
မခင်ဖြူထွေး

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ဒုက္ခသည်စခန်းတွေမှာ ခိုလုံနေတဲ့ ဒုက္ခသည်တွေအတွက် အနာဂတ်ဘ၀တွေက မရေရာသလို၊ စိုးရိမ်မှုတွေ အပြည့် ရှိနေပါတယ်။ ရခိုင်ပြည်နယ်ကနေ ပေးပို့လာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
 လင့်၊https://burmese.voanews.com/a/5057102.html

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းအတွင်း ပစ်ခတ်မှု နှစ်ဦး သေဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-25

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့အနီးက ရိုဟင်ဂျာဒုက္ခသည် သားအမိကို ၂ဝ၁၉ သြဂုတ် ၂၅ ရက်နေ့က တွေ့ရစဉ်

Photo: MUNIR UZ ZAMAN / AFP


ဒုက္ခသည်စခန်းတစ်ခုအတွင်း ပစ်ခတ်မှု ဖြစ်ပွားရာမှာ ရိုဟင်ဂျာဒုက္ခသည် နှစ်ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောဆိုကြောင်း သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Friday, August 23, 2019

ဒုက္ခသည်စခန်းတွင်းက ရိုဟင်ဂျာအမျိုးသမီးများ

VOA
ဗွီအိုအေ (မြန်မာဌာန
23 သြဂုတ်၊ 2019
ခင်ဖြူထွေး

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင် အများစု ပါဝင်တဲ့ ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရ သလို၊ မြန်မာနိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလုံနေတဲ့ အလားတူ ဒုက္ခသည် ၁၂၀,၀၀၀ ကျော် ရှိနေ ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */