" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒီဗီြဘီ. Show all posts
Showing posts with label ဒီဗီြဘီ. Show all posts

Friday, January 18, 2019

အေအေကို ခြေမှုန်းရန် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွန်ကြားခဲ့ဟု တပ်မတော်ရှင်းလင်း

By ဒီဗွီဘီ
18 January 2019

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) ကို ထိရောက်စွာ ခြေမှုန်းဖို့ သမ္မတရုံးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ညွှန်ကြားခဲ့တာလို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။

Wednesday, January 16, 2019

မောင်​​တောမြောက်​ပိုင်းတွင် လက်​နက်​ကြီးကျပြီး လူငယ် ၂ ဦးဒဏ်ရာရ


ရခိုင်ပြည်နယ်၊ မောင်​​တောမြို့နယ်​​မြောက်​ပိုင်း ရန်​​အောင်​မြင်​​ကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်း က လက်​နက်​ကြီးကျပြီး ​နေအိမ်​တလုံး မီး​လောင်ကာ ဒိုင်း​နက်​လူမျိုး​ ရွာသား ၂ ဦး ဒဏ်​ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Wednesday, January 9, 2019

“ဒါ ရခိုင်ပြည်သူတွေကို စိန်ခေါ်တာပဲ” – အေအေပြောခွင့်ရ ဦးခိုင်သုခနှင့် မေးမြန်းချက်



ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ) ဟာ ရခိုင်ပြည်နယ်အတွင်းမှာ လှုပ်ရှားမှုနယ်မြေရဖို့ အတွက် အာဆာ အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇန်နဝါရီ ၇ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Monday, January 7, 2019

အေအေကို သောင်းကျန်းသူအဖြစ် စစ်ဆင်ရေး ပြုလုပ် နှိမ်နင်းရန် သမ္မတရုံး ညွန်ကြား

ရက္ခိုင့်တပ်မတော် (အေအေ)ကို သောင်း ကျန်း သူ နှိမ်နှင်းရေး စစ်ဆင်ရေးတွေပြုလုပ်ဖို့ သမ္မတရုံး က ညွန် ကြား ထားပြီးဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြား လိုက် ပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲမှာ ရဲကင်းစခန်းတွေ တိုက် ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေ နေပြည် တော် မှာပြုလုပ်တဲ့ သတင်း စာရှင်းပွဲမှာ ပြောကြား ခဲ့ တာပါ။

“ဟိုဘက်မှာ အေအေ လက်နက်ကိုင်အဖွဲ့လို့ ကျနော်တို့ ဆွေးနွေးတယ်။ ဒီဘက်မှာ ကျနော်တို့ ထုတ်တာက အေအေ သောင်းကျန်းသူအဖွဲ့ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ တပ်မတော်ကို ညွှန်ကြားထားတာ က သောင်းကျန်းသူနှိမ်နှင်းရေးစစ်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက်ဖို့ ကျနော်တို့ သမ္မတရုံးအနေနဲ့ ညွန် ကြားထားပြီးဖြစ်ပါတယ်လို့ အဲဒါလေးပြောချင်တယ်။”လို့ ဦးဇော်ဌေးက ပြောပါတယ်။

Thursday, November 8, 2012

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စစ်ဗိုလ်တဦး သတ်ဖြတ် ခံရ

DVB
08-11-2012
By အေးနိုင်

ရခိုင်ပြည်နယ် မောင်တောမြို့ နှစ်နိုင်ငံနယ်စပ်အနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က လမ်းဖောက် လုပ်နေ တဲ့ မြန်မာ့တပ်မတော် စစ်အင်ဂျင်နီယာတပ်က ဗိုလ်တဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ရဲဘော်တချို့ကို ဖမ်းဆီး ခေါ် ဆောင်သွားတယ်လို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။

“တနေ့က လမ်းပိုင်းဆက်သွယ်ရေးလုပ်တာ ဂျီအီးက၊ စစ်တပ်ကပေါ့။ ဗိုလ်ကြီးတယောက် သေနတ်နဲ့ ပစ်ခံပြီး တော့ သေဆုံးသွားတယ်။ နောက် ၂ ယောက်ကို ခေါ်ဆောင်သွားတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ ဆိုတာတော့ ခုထက်ထိ မသိသေးဘူး။”
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */