" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 7, 2019

စစ်တပ်စီးပွားရေးကို ပိတ်ဆို့ရေး အကြံပြုချက် မြန်မာ နိုင်ငံခြားရေးရုံး ဆန့်ကျင်

B B C
ဘီဘီစီ မြန်မာပိုင်း
6 ဩဂုတ် 2019
မြန်မာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ၊ စစ်တပ်ကို ကူညီထောက်ပံ့နေတဲ့ မြန်မာပြည်တွင်းက စီးပွားရေး ကုမ္ပဏီကြီးတွေ အပေါ် ပိတ်ဆို့ အရေးယူဖို့ တိုက်တွန်းထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အ ချက်အလက် ရှာဖွေရေး မစ်ရှင် FFM ရဲ့ အစီရင်ခံစာကို မြန်မာ နိုင်ငံခြားရေးရုံးက အသိအမှတ်မပြု ကြောင်း ကြေညာ ထုတ်ပြန် ပါတယ်။

တိုင်းရင်းသားတို့ရဲ့ အမျိုးသားစိတ်ဓါတ် နှင့် ပြည် ထောင် စုနိုင်ငံ ဖော်ဆောင်ရေး

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
07 သြဂုတ်၊ 2019
ဦးကျော်ဇံသာ

မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြဿနာပြေလည်ရေး ပြည်ထောင်စုနိုင်ငံ ဖော်ဆောင်ရေးအတွက် သမိုင်းဖြစ် ရပ်တွေကို ထိန်ချန်မထားဘဲ၊ အဲဒီထဲကအမှားတွေကို ပြန်ပြင်နိုင်မယ့် စနစ်တရပ် လိုအပ်တယ်။ တိုင်းရင်း သားး တို့ရဲ့အမျိုးသားစိတ်ဓါတ်ကို သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ပြီး၊ ဒီပြဿနာတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့  နမူနာကို အတုယူသင့်တယ်လို့ အမရေိကန်ပြည်ထောင်စု Gerogetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က ဆိုပါတယ်။ အသေးစိတ်ကို ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

British firm Veripos sold technology to Burma military, says UN report

Tuesday, August 6, 2019

ရသေ့တောင်မြို့နယ် ခြေရာတော်ကျေးရွာအနီး၌ ဗဗအဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခု သိမ်းဆည်းရမိ

မြန်မာ့အလင်း
နေပြည်တော် ဩဂုတ် ၅

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂ ရက်နှင့် ၃ ရက် တို့တွင် ခြေရာတော်ကျေးရွာအနီး၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း နေရာတစ်ခုနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရ သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ခြေရာတော်ကျေးရွာ၏ အနောက် ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း တစ်ခုအား ပစ်ကျင်း ၆ ကျင်း၊ လူနေတဲသုံး လုံး၊ ယူနီဖောင်း နှစ်စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာမြေခင်းစ ၁၄ ထည်၊ ဂေါ်ပြား၊ တူးရွင်း၊ ဓားရှစ်ချောင်း၊ လက်ကိုင်ဖုန်းတစ်လုံး၊ တန်းစီကွင်းတစ်ကွင်းတို့နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချနေသည့် နိုင်ငံ ၇ နိုင်ငံရှိဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ထုတ်ပြန်

Myanmar NOW
အောင်ငြိမ်းချမ်း
Aug 6, 2019

အစီရင်ခံစာတွင် တပ်မတော်ကို စစ်လက်နက်နှင့် အခြားစက်ပစ္စည်းများရောင်းချမှု၊ လွှဲပြောင်းမှုနှင့် ထောက် ပံ့မှုတို့ ပြုလုပ်ခဲ့သော နိုင်ငံများနှင့်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်၊ မြန်မာနိုင်ငံအား လက်နက်တင်ပို့ရောင်းချမှုကို တရားဝင်ပိတ်ဆို့ရန်၊ ယန္တရားတစ်ခုပြဋ္ဌာန်းပြီး ယင်းပိတ်ဆို့မှုကို လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်ရန် အစရှိသဖြင့် ကုလသမဂ္ဂကို တိုက်တွန်းထားသည်။













၂၀၁၆ ခုနှစ်မှစတင်ပြီး တပ်မတော်ကို စစ်လက်နက်ရောင်းချသည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ ကုမ္ပဏီပေါင်း အ နည်း ဆုံး ၁၄ ခုရှိနေပြီး အဆိုပါလက်နက်များထဲတွင် တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များ၊ စစ်သင်္ဘော များ၊ ဒုံးများနှင့် ဒုံးလွှတ်အမြှောက်များလည်း ပါဝင်သည်ဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ် ပြန် လိုက်သည်။

ကမ္ဘောဇနဲ့မက်စ်မြန်မာကုမ္ပဏီတွေ ကိုရာဇဝတ် ကြောင်းရအရေးယူဖို့ကုလစုံစမ်းရေးအဖွဲ့ပြော

B B C
ဘီဘီစီ မြန်မာပိုင်း
5 ဩဂုတ် 2019

မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေး ကုမ္ပဏီ ကြီးတွေဖြစ်တဲ့ ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နဲ့ မက်စ်မြန်မာကုမ္ပဏီ အုပ်စု (Max Myanmar) ကုမ္ပဏီနှစ်ခုစလုံးကိုရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်တဲ့အစီရင်ခံ စာမှာ ဖော်ပြလိုက်ပါတယ်။

ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နဲ့ မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar)တို့ဟာ မြန်မာနိုင်ငံမှာ ဘဏ်လုပ် ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း အပါအဝင်လုပ် ငန်း ပေါင်း များစွာ ပိုင်ဆိုင်တဲ့ ကုမ္ပဏီအုပ်စုကြီးတွေဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ စတင်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာ မှာမြန်မာနိုင်ငံက ကုမ္ပဏီများနဲ့ အဖွဲ့အစည်းပေါင်း ၄၅ ခုက မြန်မာ့တပ်မတော်ကို ဒေါ်လာ ၁၀ သန်းကျော်တန် အလှူငွေများ ပေးခဲ့တယ်လို့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ် ။

ဒီကုမ္ပဏီတွေဟာ မြန်မာ ဘင်္ဂလားဒေရှ် နယ်စပ် ခြံစည်းရိုးကာဖို့ငွေကြေးထောက်ပံ့ ခဲ့တာဖြစ်ပြီးတော့ ဒီလို ကာတဲ့ အတွက် အိုးအိမ်မဲ့ ရိုဟင်ဂျာတွေ သူတို့နေရာပြန်ဖို့တားဆီးထားတာဖြစ်သလို အဲဒါကြောင့် လည်း သူတို့ကို ပူပန်သောကတွေ စိတ်ဆင်းရဲမှုတွေ ဖြစ်စေတယ် လို့လည်းအစီရင်ခံစာ ကဖော်ပြပါတယ်။

"မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အဓိကပြဿနာလို့ တွေ့ရှိတဲ့အတွက် အခုလိုတိုက်တွန်းရတာပါ။ နိုင်ငံတကာဥပဒေအောက်မှာ ကြီးမားတဲ့ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ အရင်းအမြစ်က တပ်မတော်ဖြစ်တယ်" လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အဖွဲ့ဝင် မစ္စတာ ခရစ်စီဒိုတီက ပြောပါတယ်။
 

Link : Here

တပ်မတော်အပါအဝင် ကုမ္ပဏီတချို့ကို အရေးယူပိတ် ဆို့ဖို့ UN အချက်အလက်ရှာဖွေရေးမစ်ရှင် ထုတ်ပြန်

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-08-05

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုစ်မန်း (Marzuki Darusman) ကို ၂၀၁၉၊ သြဂုတ် ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်  Photo: ASSOCIATED PRESS

                                      

မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချခွင့်ပိတ်ဖို့ အပါအဝင် တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး ကုမ္ပဏီတွေကိုပါ ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်က ဒီနေ့ အစီရင်ခံစာထုတ်ပြန်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Monday, August 5, 2019

Do not turn away from the horrors that the Rohingya face

THE GLOBE
AND 
MAIL
Opinion
Bob Rae
Contributed to The Globe and Mail

Published August 2, 2019

Canadians were shocked two years ago to learn of the rape, violence, and genocide in Myanmar. And while we’ve done a great deal, the work has just begun – and we cannot lose that fire
Bangladesh, September, 2017: Rohingya refugees carry supplies along a muddy path after fleeing neighbouring Myanmar. Today, two years of humanitarian crisis have driven hundreds of thousands of Rohingya, a mostly Muslim ethnic minority, into teeming refugee camps.

Bob Rae is special envoy to Myanmar, senior counsel at OKT LLP, and teaches public policy and law at the University of Toronto. He was previously the premier of Ontario and a federal member of Parliament.

KBZ နှင့် Max Myanmar ကုမ္ပဏီနှစ်ခုကိုရာဇဝတ် ကြောင်းအရ စုံစမ်းအရေးယူရန်ကုလစုံစမ်းရေးအဖွဲ့တိုက် တွန်း

Myanmar Now
Published on Aug 5, 2019

ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နှင့် မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar) ကုမ္ပဏီနှစ်ခုလုံးကို ရာဇဝတ် ကြောင်းအရ စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဆိုရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာ ဖွေရေးအဖွဲ့က ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးအောင်ကိုဝင်း၏ ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နှင့် ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီအုပ်စု (MaxMyanmar) တို့မှာ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူး ဖော်ရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီအုပ်စုကြီးများဖြစ်သည်။

မြန်မာပြည်ရှိ ထိပ်တန်းခရိုနီပိုင်ကုမ္ပဏီများသည် တပ်မတော်၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ် မှု များကို ကူညီထောက်ပံ့သည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုကုမ္ပဏီနှစ်ခုလုံးသည် မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံရန် ငွေကြေးထောက်ပံ့ခဲ့ကြပြီး၊ ထိုသို့ပြု လုပ်ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည့် ရိုဟင်ဂျာများ ၎င်းတို့နေရပ်ကို ပြန်လာရမည့် အခြေအနေအား အတားအဆီးဖြစ်စေမည်ကို သိလျက်နှင့် ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြ ထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သီးသန့် လွတ်လပ် သော နိုင်ငံတကာ အချက်အလက်ရှာဖွေေး မီရှင်း၏ ထုတ်ပြန်ချက်။

UNITED NATION 
HUMAN RIGHTS
5 August 2019
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သီးသန့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေေး မီရှင်း က စစ်တပ်၏ စီးပွားရေးအဆက် အသွယ် များကို ဖော်ထုတ်ကာ ပစ်မှတ်ထားသည့် အရေးယူ ပိတ်ဆို့မှု များ နှင့် လက် နက်ရောင်းချမှုကို ပတ်ဆို့ရန်တောင်းဆို။

တဘက်သို့ >>>>>>>

UN Fact-Finding Mission on Myanmar exposes military business ties, calls for targeted sanctions and arms embargoes

UNITED NATION 
HUMAN RIGHTS
5 August 2019

 
 
Audio Rohingya language (Abridged version, in case of discrepancy, the English version shall prevail)

GENEVA (5 August 2019) – The U.N. Independent International Fact-Finding Mission on Myanmar urged the international community on Monday to sever ties with Myanmar’s military and the vast web of companies it controls and relies on. The Mission said the revenues the military earns from domestic and foreign business deals substantially enhances its ability to carry out gross violations of human rights with impunity.

The report, for the first time, establishes in detail the degree to which Myanmar’s military has used its own businesses, foreign companies and arms deals to support brutal operations against ethnic groups that constitute serious crimes under international law, bypassing civilian oversight and evading accountability.

"Rohingya refugee crisis is a time bomb that must be quickly defused to avoid any future flare-up"

The Daily Star
August 05, 2019



Dr. Shamsul Bari, a former Director of UNHCR, talks to The Daily Star about the Rohingya refugee crisis, its local, regional and global implications and the possible solutions to the crisis.
 
Rohingya refugees walk towards the Balukhali refugee camp in Bangladesh after crossing the Bangladesh- Myanmar border. AFP File Photo 
 
Based on your experience in dealing with refugees the world over, how would you categorise the Rohingya refugee crisis in Bangladesh?

During my long career with UNHCR, I had the opportunity to deal with refugee problems all over the world. In fact, the influx of Rohingyas into Bangladesh in 1978 was one of the first refugee groups I dealt with at the UNHCR, which I joined the same year. However, compared to that group of around 250,000 refugees, most of whom went back, and a similar number of Rohingya refugees who came in the early 1990s, who too largely went back, and a lesser number who came in 2012 and drew international attention for their desperate efforts to travel to Malaysia and other Asean countries in rickety boats, the influx of August 2017 was of a very different nature and on a much larger scale.
Dr. Shamsul Bari

မင်းပြားမှာ စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် ရှိနေ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-05
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြေပုံကို တွေ့ရစဉ်

Photo: Google Map
                                     

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီလဆန်းကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ငါးထောင်ခန့် ရှိနေသလို တိုက်ပွဲကြား ပိတ်မိနေတဲ့ ရွာ ၁၀ ရွာခန့် ရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ ဂျာကာတာ မှာ သတင်းစာရှင်းမည်

၂၀၁၈ စက်တင်ဘာ တုန်းက မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ Geneva တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ထုတ်မယ့် မြန်မာ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီး ပွားတွေ အကြောင်း အစီရင်ခံစာ အပါအဝင် မြန်မာ့ အရေး အခုနောက်ဆုံး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တနလာၤနေ့မှာ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။

U.N. urges sanctions on Myanmar army businesses, says foreign partners could be complicit

Sunday, August 4, 2019

India wants Bangladesh to start Rohingya repatriation again

bdnews24.com
Senior Correspondent bdnews24.com
04 Aug 2019

India wants Bangladesh to start the Rohingya repatriation again in August, Foreign Minister AK Abdul Momen has said.
 
Talking to reporters on Sunday, Momen said he met his Indian counterpart S Jaishankar at the Asean meeting in Bangkok last week and discussed the issue.

“He told me to start sending them whatever the number is. Start the process this month, preferably in mid-August,” Momen said, adding that "India is also ready to support in this regard".

Rohingya Humanitarian Crisis Joint Response Plan 2019 funding update as of 2019.07.31

reliefweb
04 August 2019

KEY FIGURES

912,000 Rohingya refugees

336,000 Host communities

USD 920M Overall 2019 appeal

34% or 313M Funding received

The 2019 Joint Response Plan for the Rohingya refugee response is only 34 per cent funded, as of 31 July 2019, with USD 313 million received against the overall needs of USD 920 million. Currently the most well-funded Sectors are Education (35%), Food Security (33%) and WASH (31%) based on the respective appeals. Food Security Sector has received so far USD 84 million. In 2019, no funding was yet reported towards Emergency Telecommunications Sector, and Health Sector is only 13% funded.
 

Three Rohingyas among 4 killed in Teknaf ‘gunfights’

NEWAGE
Our Correspondent . Cox’s bazar
Aug 03,2019



Three suspected robbers and one drug peddler were killed in reported gunfights with police at Noorullah hill and Dogharchara point on Cox’s Bazar-Teknaf Marine Drive in Teknaf of Cox’s Bazar early Saturday.

Three among the dead were — Rohingyas Mohammad Jonyed, Ayoub Ali and Mohadi, members of of Rohingya gang led by Abdul Hakim. The other one was Imran Mollah, son of late Jahirul Islam of Kalkini in Madaripour.

‘The land where we lived has gone' – the life story of a Rohingya refugee

The Guardian
@Gay_Alcorn
Sun 4 Aug 2019
  Habiburahman ... “I am three years old and effectively erased from existence” he writes in his book.                                                   Photograph: Sophie Ansel

As a young man Habiburahman fled oppression in his native Myanmar and lives, stateless, in Australia. Now he has written a book about his struggle – and his suffering people.

“A tyrant leant over my cradle and traced a destiny for me that will be hard to avoid: I will either be a fugitive or I won’t exist at all.” – From First, They Erased Our Name: A Rohingya Speaks, by Habiburahman.

There has been much written about the Rohingya people of Myanmar, formerly known as Burma. The Muslim ethnic group has been persecuted for generations, most recently from 2017, when 800,000 picked up whatever they could carry to flee to Bangladesh. But little has been written from the point of view of a Rohingya growing up in Myanmar – the daily humiliations, the struggle for survival, the fear, the stories whispered through generations to ensure they are not lost. Habiburahman, known as Habib, was born in a village in the west of the country around 1979 – he is not quite sure of the year. He has written his life story, and through that, the story of his people.

ဘူးသီးတောင်မြို့နယ်၌ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်

မြန်မာ့အလင်း
မောင်တော ဩဂုတ် ၂

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အုတ်တောင်ကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ် အစိုး ရ အဖွဲ့ ရန်ပုံငွေဖြင့် ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင် ရွက်လျက် ရှိသည့် ကျေးရွာအိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းပြီးစီးမှု အခြေအနေကို ဇူလိုင်လနောက်ဆုံးပတ် က စစ်တွေအခြေစိုက် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းမှာ ဘူးသီးတောင် မြို့နယ် အုတ်တောင်ကျေးရွာရှိ ဆည်ရေမှ ကျေးရွာအိမ်တိုင်ရာရောက် ရေပိုက်သွယ်တန်းခြင်း ၀/၂ မိုင်ကို ခွင့်ပြုငွေကျပ် ၃၇ ဒသမ ၀၀ သန်းဖြင့် ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ရာ ယင်းကျေးရွာရှိ အိမ်ခြေ ၆၇ အိမ်၊ လူဦးရေ ၃၄၈ ဦးအတွက် နှစ်စဉ် နွေရာသီ၌ ရေရှားပါးမှုဒဏ်ခံစားနေရ သည့် ကျေးရွာပြည်သူများ ရေလုံ လောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)
Sources: Face Book
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */