" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 5, 2019

KBZ နှင့် Max Myanmar ကုမ္ပဏီနှစ်ခုကိုရာဇဝတ် ကြောင်းအရ စုံစမ်းအရေးယူရန်ကုလစုံစမ်းရေးအဖွဲ့တိုက် တွန်း

Myanmar Now
Published on Aug 5, 2019

ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နှင့် မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar) ကုမ္ပဏီနှစ်ခုလုံးကို ရာဇဝတ် ကြောင်းအရ စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဆိုရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာ ဖွေရေးအဖွဲ့က ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးအောင်ကိုဝင်း၏ ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နှင့် ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီအုပ်စု (MaxMyanmar) တို့မှာ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူး ဖော်ရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီအုပ်စုကြီးများဖြစ်သည်။

မြန်မာပြည်ရှိ ထိပ်တန်းခရိုနီပိုင်ကုမ္ပဏီများသည် တပ်မတော်၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ် မှု များကို ကူညီထောက်ပံ့သည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုကုမ္ပဏီနှစ်ခုလုံးသည် မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံရန် ငွေကြေးထောက်ပံ့ခဲ့ကြပြီး၊ ထိုသို့ပြု လုပ်ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည့် ရိုဟင်ဂျာများ ၎င်းတို့နေရပ်ကို ပြန်လာရမည့် အခြေအနေအား အတားအဆီးဖြစ်စေမည်ကို သိလျက်နှင့် ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြ ထားသည်။

ကုလစုံစမ်းရေးအဖွဲ.သည် ကမ္ဘောဇဘဏ်အား အချက်အလက် ရှာဖွေနေစဉ်တွင် ဆက်သွယ်မှုမရှိခဲ့ဘဲ အစီရင်ခံ စာ ထွက်လာမှသာ KBZ ၏ လှူဒါန်းငွေများအပေါ်ထည့်သွင်းဖော်ပြထားမှုကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ယခုအချိန် တွင် ထိုအစီရင်ခံစာအား လေ့လာဆဲဖြစ်သောကြောင့် တစ်စုံတစ်ရာမှတ်ချက်မပေးနိုင်ကြောင်း Myanmar Now ၏ ယနေ့ဆက်သွယ်မေးမြန်းမှုကို KBZ ကစာဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ကမ္ဘောဇအုပ်စုက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော် မတီ (UEHRD)သို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံ ကို လှူဒါန်းပြီး၊ ကာကွယ်ရေး ဦးစီးချုပ် (တပ်မတော်) ကို အမေရိကန်ဒေါ် လာ ၂ ဒသမ ၄ မီလီယံကျော်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့နှင့် ၁ဝရက်နေ့တို့ တွင် လှူဒါန်းခဲ့ကြောင်း၊ Max Myanmar အုပ်စုကလည်း အမေရိကန် ၆၅၄,၀၀၀ ကို ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပြုချက်များအပေါ် အကောင်အထည် ဖော် ဆောင်ရွက်ရေးကော်မတီ (UEHRD) ကို ခြံစည်းရိုး အတွက် လှူဒါန်း ခဲ့ ပြီး၊ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်(တပ်မတော်) ကို အမေရိကန်ဒေါ်လာ ၉၇၆,၈၅၇ ကို လှူဒါန်းခဲ့ ကြောင်း၊ အစိုးရနှင့် တပ်မတော်ထံ လှူဒါန်းသည့် အဆိုပါလှူဒါန်းငွေများမှာ ခြံစည်းရိုးကာရံခြင်း၊ ဒုက္ခသည်များ ပြန်လည်လက်ခံခြင်းအပါအဝင် ရခိုင်ပြည်နယ်အရေးကိစ္စများတွင် အသုံးပြုရန်ဖြစ်ကြောင်း ယင်းအစီရင်ခံစာ တွင် ဖော်ပြထားသည်။

မြန်မာပြည်၏ထိပ်တန်းကုမ္ပဏီများသည် စစ်တပ်ပိုင် စီးပွားရေးဦးပိုင်(MEHL) နှင့် စီးပွားရေးကော်ပိုရေးရှင်း (MEC) များ နှင့် ဆက်နွှယ်လျက်လည်းရှိကြောင်း၊ ဥပမာအားဖြင့် KBZ ကုမ္ပဏီ လုပ်ပိုင်ခွင့်ရရှိထားသည့် စစ် ကိုင်း တိုင်း၊ ခန္တီးမြို့နယ် ဂျိန်းဖောအောင် ကျောက်စိမ်းတွင်းတွင် စီးပွားရေးဦးပိုင်က ၂၀ ရာခိုင်နှုန်း ထုတ်လုပ် ခွင့်ရရှိထားသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

အထက်ပါကုမ္ပဏီများအပြင် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ်ကုမ္ပဏီ၊ ဦးသိမ်းဝေ၏First Myanmar Group of Companies , ဦးတေဇပိုင် ထူးကုမ္ပဏီ၊ ဦးအောင်သောင်းသား ဦးနေအောင်ပိုင် IGE ကုမ္ပဏီ၊ အေဒင်ကုမ္ပဏီ၊ လွယ်ဟိန်းကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ နှင့် ရွှေသံလွင်ကုမ္ပဏီများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်ကို လည်း တွေ့ရသည်။ ထိုကုမ္ပဏီများအနက် အများစုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးဆင်နွှဲရန် တပ်မတော်၏အလှူခံမှုများ၌ ငွေကြေးထည့်ဝင်ခဲ့ကြောင်း ဖော်ပြထားသည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */