Myanmar NOW
အောင်ငြိမ်းချမ်း
Aug 6, 2019
အစီရင်ခံစာတွင် တပ်မတော်ကို စစ်လက်နက်နှင့် အခြားစက်ပစ္စည်းများရောင်းချမှု၊ လွှဲပြောင်းမှုနှင့် ထောက် ပံ့မှုတို့ ပြုလုပ်ခဲ့သော နိုင်ငံများနှင့်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်၊ မြန်မာနိုင်ငံအား လက်နက်တင်ပို့ရောင်းချမှုကို တရားဝင်ပိတ်ဆို့ရန်၊ ယန္တရားတစ်ခုပြဋ္ဌာန်းပြီး ယင်းပိတ်ဆို့မှုကို လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်ရန် အစရှိသဖြင့် ကုလသမဂ္ဂကို တိုက်တွန်းထားသည်။
၂၀၁၆ ခုနှစ်မှစတင်ပြီး တပ်မတော်ကို စစ်လက်နက်ရောင်းချသည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ ကုမ္ပဏီပေါင်း အနည်း ဆုံး ၁၄ ခုရှိနေပြီး အဆိုပါလက်နက်များထဲတွင် တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များ၊ စစ်သင်္ဘော များ၊ ဒုံးများနှင့် ဒုံးလွှတ်အမြှောက်များလည်း ပါဝင်သည်ဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ် ပြန် လိုက်သည်။
အောင်ငြိမ်းချမ်း
Aug 6, 2019
အစီရင်ခံစာတွင် တပ်မတော်ကို စစ်လက်နက်နှင့် အခြားစက်ပစ္စည်းများရောင်းချမှု၊ လွှဲပြောင်းမှုနှင့် ထောက် ပံ့မှုတို့ ပြုလုပ်ခဲ့သော နိုင်ငံများနှင့်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်၊ မြန်မာနိုင်ငံအား လက်နက်တင်ပို့ရောင်းချမှုကို တရားဝင်ပိတ်ဆို့ရန်၊ ယန္တရားတစ်ခုပြဋ္ဌာန်းပြီး ယင်းပိတ်ဆို့မှုကို လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်ရန် အစရှိသဖြင့် ကုလသမဂ္ဂကို တိုက်တွန်းထားသည်။
မြန်မာ့တပ်မတော်အား လက်နက်ရောင်းချထားသည့် နိုင်ငံများတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၅ ခုအထိ အများ ဆုံးပါဝင်နေပြီး တရုတ်အစိုးရပိုင် စစ်လက်နက်လုပ်ငန်းဖြစ်သည့် China North Industries Corporation (NORINCO) လည်း ပါဝင်သည်ဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်သော တပ်မတော်၏ ပင်မ စီးပွားရေးလုပ်ငန်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။
NORINCO မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် အကျိုးတူပူးပေါင်းကာ လက်ပံတောင်းတောင်တွင် ကြေးနီထုတ်လုပ်နေသည့် ဝမ်ပေါင်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီလည်းဖြစ်သည်။
ရုရှအစိုးရပိုင် Irkutsk Corporation မှာလည်း အဆိုပါစာရင်းတွင် ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံကို စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်သည့် Su 30 အမျိုးအစားတိုက်လေယာဉ် ၆ စီးကို ရောင်းချပေးရန် နှစ်နိုင်ငံအကြား အမေရိကန်ဒေါ်လာ ၂၀၄ သန်းခန့် တန်ဖိုးရှိသည့် သဘောတူစာချုပ်တစ်ခုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ချုပ်ဆိုခဲ့ကြောင်း ယင်းအစီရင်ခံစာ၏ စာမျက်နှာ ၁၀၉ တွင် ဖော်ပြထားသည်။
ယင်းအပြင် အိန္ဒိယ၊ မြောက်ကိုရီးယား၊ ယူကရိန်း၊ အစ္စရေး၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံများမှ ကုမ္ပဏီများလည်းမြန်မာ့တပ်မတော်ကို လက်နက်ရောင်းချသည့် ကုမ္ပဏီများစာရင်းတွင် ဖော်ပြခြင်းခံထားရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က တပ်မတော်၏စီးပွားရေး အဆက်အသွယ်များကို ဖော်ထုတ်ကာ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ရောင်းချမှုများကို ပိတ်ဆို့ရန် ဩဂုတ် ၅ ရက်နေ့ ရက်စွဲဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပြီး အဆိုပါအစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာတွင် တပ်မတော်ကို စစ်လက်နက်နှင့် အခြားစက်ပစ္စည်းများရောင်းချမှု၊ လွှဲပြောင်းမှုနှင့်ထောက် ပံ့မှုတို့ ပြုလုပ်ခဲ့သော နိုင်ငံများနှင့်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်၊ မြန်မာနိုင်ငံအား လက် နက်တင်ပို့ရောင်းချမှုကို တရားဝင်ပိတ်ဆို့ရန်၊ ယန္တရားတစ်ခုပြဋ္ဌာန်းပြီး ယင်းပိတ်ဆို့မှုကို လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်ရန် အစရှိသဖြင့် ကုလသမဂ္ဂကို တိုက်တွန်းထားသည်။
“ကျွန်တော်တို့အနေနဲ့ လက်နက်ရောင်းချမှုပိတ်ပင်ဖို့ တောင်းဆိုသလို လူတစ်ဦးချင်းအနေနဲ့ကိုလည်း … ဆိုပါတော့ ဦးပိုင်တို့၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၊ သူတို့ရဲ့လက်ခွဲလုပ်ငန်းတွေတို့နဲ့ အလုပ်သဘော အရ မဆက်ဆံဖို့၊ အဲဒီလုပ်ငန်းတွေက ထုတ်လုပ်၊ ရောင်းချ၊ တင်ပို့တဲ့ ကျောက်စိမ်းတို့ ပတ္တမြားတို့ကို မ ဝယ်ဖို့ တောင်းဆိုနေပါတယ်”
ဟု ယင်းအစီရင်ခံစာ နှင့်ပတ်သက်၍ အချက်အလက်ရှာဖွေရေးရးအဖွဲ့ကို ဦးဆောင်သူ အင်ဒိုနီးရှားနိုင်ငံမှ ရှေ့နေ ချုပ်ဟောင်း မစ္စတာ မာဇူကီး ဒါရူစမန်း (Marzuki Darusman) က Myanmar Nowကို ဖြေဆိုသည်။
တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အင်အား သုံးကာ နှင်ထုတ်ခြင်းအပါအဝင် ရှမ်း၊ ကချင်စသည့် ပြည်နယ်များမှ ဒေသခံအရပ်သားများအပေါ် လူ့အခွင့် အရေး ချိုးဖောက်မှုများလည်း ဆောင်ရွက်ခဲ့သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော် မင်း ထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ကုလအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီ အရင်ခံစာပါ အချက်အလက်များသည် တစ်ဖက်သတ်ဆန်ပြီး သမာသမတ်ကျမှုမရှိကြောင်း တုံ့ပြန်ပြော ဆိုသည်။
ယင်းအစီအရင်ခံစာကြောင့် တပ်မတော်က စစ်လက်နက်ပစ္စည်းများဝယ်ယူရန် ချုပ်ဆိုထားသည့် စာချုပ်များ ပျက်ပြယ်သွားနိုင်လားဟု မေးမြန်းရာတွင် “ ကျွန်တော်တို့တော့ အဲဒီလိုမမြင်ပါဘူးဗျ။ လက်နက်ခဲယမ်းတွေ နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့က မိမိကိုယ်ပိုင် လက်နက်ခဲယမ်းတွေကို ထုတ်လုပ်နိုင်တဲ့ အနေအထားလည်းရှိပါပြီ ” ဟု ၎င်းက ပြောဆိုသည်။

- တပ်ချုပ်သားပိုင်ကုမ္ပဏီများကို အရေးယူရန် ကုလအချက်အလက် ရှာဖွေရေး အဖွဲ့ တောင်းဆို
- KBZ နှင့် Max Myanmar ကုမ္ပဏီနှစ်ခုကို ရာဇဝတ်ကြောင်းအရ စုံစမ်းအရေးယူ ရန် ကုလစုံစမ်းရေးအဖွဲ့တိုက်တွန်း
မြန်မာနိုင်ငံကို အိန္ဒိယက တစ်ပတ်ရစ် ရေငုပ်သင်္ဘောတစ်စင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံအခြေစိုက် မီဒီယာတစ်ခုက ဖေါ်ပြခဲ့ပြီးနောက် အဆိုပါသတင်း မှန်ကန်ကြောင်း တပ်မတော်က အတည်ပြုပေးခဲ့သည်။ အဆိုပါ ရေငုပ်သင်္ဘောအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အိန္ဒိယ ကုမ္ပဏီ Hindustan Shipyard Limited (HSL) က လုပ်ဆောင်ပေးနေသည်။
တပ်မတော်အား စစ်လက်နက်ရောင်းချခွင့်ကို အမေရိကန်ပြည်ထောင်စုနှင့် နီးကပ်သည့်ဆက်ဆံရေးရှိ သည့် အနောက်နိုင်ငံအများစုက ပိတ်ပင်ကန့်သတ်ထားသော်လည်း ရုရှား၊ တရုတ်နှင့် အန္ဒိယတို့က ဆက် လက်ရောင်းချနေဆဲဖြစ်သည်။
သို့သော် မြန်မာ့တပ်မတော်ကို အပေါ့စားတိုက်ရေယာဉ်များ ရောင်းချပေးခဲ့ဖူးသည့် အစ္စရေးနိုင်ငံက ၎င်းတို့ ၏ စစ်လက်နက်ပြပွဲကို တက်ရောက်မည့် မြန်မာ့တပ်မတော်အရာရှိများကို ပြည်ဝင်ခွင့်ဗီဇာပေးရန် ဇူလိုင်လ အတွင်းက ငြင်းဆန်ခဲ့သည်။
ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် အစ္စရေးစစ်လက်နက်ပြပွဲတစ်ခုကို နိုင်ငံတကာ၏ စစ်လက်နက်ရောင်းချခွင့် ပိတ်ပင်ခြင်းခံရသည့် မြန်မာနိုင်ငံမှ တပ်မတော်အရာရှိတချို့ တက်ရောက်လာခြင်းအား နိုင်ငံတကာမှဝေ ဖန်မှု မြင့်တက်လာပြီးနောက် ယခုကဲ့သို့ ပြည်ဝင်ခွင့်ဗီဇာပေးရန် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခဲ့သည့် နိုင်ငံများနှင့် ကုမ္ပဏီများ-

တရုတ်
- Aviation Industry Corporation of China(AVIC)
- China Aerospace Science and Industry Corporation(CASIC)
- China Aerospace Science and Technology Corp(CASC)
- China National Aero-Technology Import & Export Corporation (CATIC)
- China North Industries Corporation (NORINCO)
မြောက်ကိုရီးယား
- Kores Mining Development Trading Corporation (KOMID)
အိန္ဒိယ
- Bharat Dynamics Limited
- Hindustan Aeronautics Limited
အစ္စရေး
- Tar Ideal Concepts
ဖိလစ်ပိုင်
- Armscar International
ရုရှား
- Irkutsk Corporation, United Aircraft Corporation (UAC)
- Rostec
စင်ကာပူ
- Excellence Metal Casting
- STE Global Trading
ယူကရိန်း
- Malyeshev Plant
- Ukrspetsexport and Ukroboronprom
ကိုးကား - ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်သော တပ်မတော်၏ ပင်မစီးပွားရေးလုပ် ငန်းများ အစီရင်ခံစာ။
Link : Here
No comments:
Post a Comment