RFA
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီလဆန်းကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ငါးထောင်ခန့် ရှိနေသလို တိုက်ပွဲကြား ပိတ်မိနေတဲ့ ရွာ ၁၀ ရွာခန့် ရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-08-05ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြေပုံကို တွေ့ရစဉ်
Photo: Google Map
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီလဆန်းကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ငါးထောင်ခန့် ရှိနေသလို တိုက်ပွဲကြား ပိတ်မိနေတဲ့ ရွာ ၁၀ ရွာခန့် ရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒါ့အပြင် တောင်ပုတ်ကေ၊ ဇုံသာ၊ ကျောက်မှော်၊ ငန်းတက် စတဲ့ ရွာ ၁၀ လောက်ဟာလည်း တိုက်ပွဲတွေေ ကြာင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လို့မရပဲ ဖြစ်နေတယ်လို့ သိရပါတယ်။
သြဂုတ်လ ၂ ရက်နေ့ကစပြီး ကုလားမတောင်ကျေးရွာအနီးမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်လို့ ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှာကို စိုးရိမ်ပြီး ထွက်ပြေးနေကြတာလို့ အမည်မဖော် လိုတဲ့ ဒေသခံရွာသား တစ်ဦးက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံကို မင်းပြားမြို့နယ်ထဲက ဒုက္ခသည် တစ်ထောင်စာရင်း ရရှိထားပြီး ဆန်တစ် လစာ ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်း ဦးက ပြောပါတယ်။
မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတာ မှန်ကန်ကြောင်း၊ AA တပ်တွေ ဆုတ်ခွာသွားမှာ တိုက်ပွဲတွေ ရပ်မှာဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါ တယ်။
သြဂုတ်လ ၂ ရက်နေ့က စစ်တွေမြို့နယ် ခြေရာတော်ကျေးရွာအနောက်ဘက် မီတာ နှစ်ထောင်အကွာ မှာ ရှိတဲ့ AA လေ့ကျင့်ရေးစခန်းတခုကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီနေ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ခိုင်သုခ ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေ မယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မင်းပြားမြို့နယ်မှာ အခုလိုတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြသလိုကျောက် တော်မြို့နယ်က မဟာမုနိဘုရား ပရိဝုဏ်အတွင်း အစိုးရတပ်မတော်သားတွေ ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာမှာကိုလည်း ကျောက်တော် မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
ဒါကြောင့် ကျောက်တော်မြို့နယ် သံဃမဟာနာယကအဖွဲ့၊ မဟာမုနိဘုရားဂေါပကတို့က ဦးဆောင်ပြီး ဒီဘုရားဝင်းထဲနဲ့ ဘုရားပရိဝုဏ်အတွင်း ရှိနေတဲ့ တပ်မတော်သားတွေ ထွက်သွားပေးဖို့ တပ်မတော်ထံ မေတ္တာရပ်ခံစာ ဒီနေ့ ပေးပို့လိုက်ပါတယ်။
ကျောက်တော်က အခြေအနေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့- ဘုရားဝင်းထဲမှာ တပ်မတော်သားတွေ ခြေကုပ်ယူ ထားတာ မရှိကြောင်း၊ တပ်မတော်သား အများအပြား တေ့ွရှိခဲ့တာဆိုရင် ဘုရားသန့်ရှင်းရေးဆောင်ရွက်တဲ့ တပ်မတော်သားတွေသာ ဖြစ်နိုင်ကြောင်း တုံ့ပြန်ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC က ကောက် ယူထားတဲ့စာရင်းတွေအရ ၂၀၁၈ ဒီဇင်ဘာက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ခြောက် သောင်းနီးပါး ရှိနေပြီး ဒီတိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူကတော့ ၂၀၀ ခန့် ရှိနေပြီလို့ သိရပါတယ်။
Link : Here
No comments:
Post a Comment