ဗွီအိုအေ (မြန်မာဌာန)
မအင်ကြင်းနိုင်
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး
သတ်ဖြတ်မှု၊ လူမျိုးစု အလိုက် ရှင်းလင်း ဖယ် ရှားမှု အထိ ကျူးလွန်ခဲ့တဲ့
နိုင်ငံတကာ ရာဇ၀တ်မှုတွေ အဆုံးသတ်စေရေး ကျူးလွန်ခဲ့သူတွေကို ICC ၊ ICJ
နိုင်ငံတကာ တရားရုံးတွေကနေ ကိုင်တွယ် အဖြေရှာသင့်ကြောင်း မလေးရှား
နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာ အရေး နိုင်ငံတကာ ဆွေးနွေးပွဲက
တိုက်တွန်းခဲ့ပါတယ်။ မတ်လ ၂၅ - ၂၆ ရက်ထိ မလေးရှားမှာ ကျင်းပတဲ့
ဆွေးနွေးပွဲကိုတော့ မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Saifuddin Abdullah
နဲ့ မလေးရှား နိုင်ငံခြားရေး ၀န် ကြီးဟောင်း Syed Hamid Syed Jaafar Albar
တို့ တက်ရောက်ခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့် အစုံ တင်ပြမှာပါ။