Monday, March 4, 2019

ICC မှာ ရိုဟင်ဂျာအရေးတင်ဖို့ OIC ဆုံးဖြတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
04 မတ်၊ 2019
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇ ဝတ်မှုတွေ အတွက် မြန်မာတာဝန်ရှိသူတွေကို ICC နိုင်ငံတကာ တရားရုံးမှာ စစ်ဆေးအရေးယူဖို့ OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က တညီတည်းဆုံးဖြတ်လိုက်ပါတယ်။
UAE အာရပ် စော်ဘွားများ ပြည်ထောင်စုမှာကျင်းပနေတဲ့ ၄၆ ကြိမ်မြောက် OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး နောက်ဆုံးရက်မှာ အခုလို ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေး ဝန်ကြီး ဌာနက တနင်္လာနေ့မှာ ထုတ်ပြန်တာပါ။ လတ်တလောအားဖြင့်တော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာရှိနေတဲ့ ရိုဟင် ဂျာ ဒုက္ခသည်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လူသားထု အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ICC နိုင်ငံတကာခုံရုံးမှာ စစ်ဆေးဖို့ အမှုတင်ထားပြီးသား ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်း ရိုဟင်ဂျာ ခုနှစ် သိန်းကျော် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ထွက်ပြေးခဲ့ရတဲ့နောက် နိုင်ငံတကာမှာ ရိုဟင်ဂျာအရေးကို ပိုအာရုံစိုက် လာပါတယ်။ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို လူ့အခွင့်အရေးချိုးဖောက် မှုတွေ ပြင်းပြင်း ထန် ထန် ချိုးဖောက်ခဲ့တယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ယူဆထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဖက်ကတော့ ဒီအခြေအနေအပေါ် စုံစမ်းစစ် ဆေး ရေးကော်မရှင်ဖွဲ့ထားသလို၊ နိုင်ငံ တကာက စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ တောက်လျှောက်ငြင်း ခဲ့ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */