" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 27, 2019

ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေး အီးယူ နဲ့ အာဆီယံ ကုလမှာ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ဒေါ်ခင်မျိုးသက်၊
27 ဖေဖော်ဝါရီ၊ 2019
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Lestari Priansari Marsudi

 အီးယူ ဥရောပသမဂ္ဂက OIC နဲ့ မနှစ်ကပူးတွဲ တင်သွင်းခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အဆိုပြုချက်ကို ဒီနှစ်ထပ်မံတင်သွင်းရာမှာ ထောက်ခံမှုပေးကြဖို့ ဖေဖေါ်ဝါရီလ ၂၆ ရက် အင်္ဂါနေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့် ရေးကောင်စီရဲ့ အကြိမ် ၄၀ မြောက် ပုံမှန် အစည်းဝေးမှာ ပန်ကြားခဲ့ပါတယ်။ တချိန်ထဲမှာပဲ အာဆီ ယံအဖွဲ့ဝင် နိုင်ငံတချို့ကလည်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည် တွ သူတို့ ဆန္ဒအလျှောက် သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာ ဌာနေပြန်ရေးအတွက် ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရိုဟင်ဂျာ ဒုက္ခသည် အရေးဟာ နိုင်ငံတကာအတွက် စိုးရိမ်မကင်းစရာ ဆက်လက်ဖြစ်နေပြီး မြန်မာနိုင်ငံကိုဆက်လက်စောင့်ကြည့်ဖို့ လိုအပ်နေတာကြောင့် မနှစ်က အီးယူနဲ့ OIC တို့ပူးတွဲ တင်သွင်းခဲ့တဲ့ ရိုဟင်ဂျာ အရေး ဆိုင်ရာ အဆိုပြုချက်ကို ဒီနှစ်ပြန်တင်သွင်းရာမှာ လူ့အခွင့်ရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ ထောက်ခံမှုပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ အကြိမ် ၄၀ မြောက် ပုံမှန် အစည်းဝေး အတွင်း အီးယူ ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာမှုအကူညီနဲ့ ပဋိပက္ခကိုင်တွယ် ဖြေရှင်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Christos Stylianides က ပန်ကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အီးယူက OIC နဲ့တွဲပြီး မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူစလင်တွေနဲ့ တခြားလူနဲစုတွေ ရဲ့ လူ့အခွင့်ရေးနဲ့ ပတ်သက်လို့ အဆိုပြုချက်တခု တင်သွင်းခဲ့ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံမှာ ၂၀၁၁ ကစြ့ပီး ဖြစ်ပွါးခဲ့တဲ့ နိုင်ငံတကာမှာ အဆိုးဝါးဆုံး ပြစ်မှုတွေ နဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ရာ ရောက်တဲ့ လုပ်ရပ် တွေနဲ့ ပတ် သက်တဲ့ သက်သေ အထောက်အထားတွေကို စုဆောင်း ခွဲခြမ်းစိတ်ဖြာ ထိန်းသိမ်းမယ့် Mechanism စနစ်တခု ချ မှတ်ဖို့ထည့်သွင်းထားပါတယ်။ ဒါ့အပြင် လက်ရှိမှာ နိုင်ငံတွင်းမှာလည်း အခြေနေ ဆက်လက် ဆိုးဝါးနေတဲ့အ တွက် စောင့်ကြည့်လေ့လာ အစီရင်ခံသွားဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် အပိုဒ် ၄ အရ အဆိုပြုချက်ဖြစ်တဲ့ အထူးစုံစမ်း စစ်ဆေးရေးမှုး ထားရှိဖို့ အဆိုပြုချက်ကို ထပ်မံ တင်သွင်းပါတယ်။ ဒီအဆိုပြုချက်မှာ လူ့အခွင့်ရေး ကျူးလွန်ချိုးဖေါက်မှု အတွက် တာဝန်ရှိသူတွေကိုလည်း အရေးယူဖို့ လည်း တိုက်တွန်းထားပါတယ်။ ဒါ့ကြောင့် လူ့အခွင့်ရေးကောင်စီ အဖွဲ့ဝင် အားလုံးတို့ အနေနဲ့ ဒီအဆိုပြုချက်ကို ထောက်ခံဖို့ အီးယူအနေနဲ့ တိုက် တွန်းပါတယ်။”

ဒီဆွေးနွေးပွဲမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတချို့ကလည်း ဝင်ရောက်ဆွေးနွေးခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ သူ့သဘောဆန္ဒ အလျှောက် ဌာနေပြန်ပို့နိုင်အောင် အမြန်ဆုံး လုပ် ဆောင်ဖို့နဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့တာပါ။ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ အကြိမ် ၄၀ မြောက်ပုံမှန်ဆွေးနွေးပွဲ မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက် ပြီး သူတို့အကူအညီတွေ ပေးနေကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dato' Saifuddin bin Abdullah က ပြောကြားခဲ့ပါတယ်။

“ ကမ္ဘာတလွှားမှာ အဖိနှိပ်ခံနေရသူတွေအတွက် မလေးရှားနိုင်ငံက ထုတ်ဖေါ်ပြောဆို မှာဖြစ်ပြီး ဒီအထဲမှာ မြန် မာနိုင်ငံက ရိုဟင်ဂျာတွေလည်း ပါပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး ကျနော်တို့ဟာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အတူ လုပ်ဆောင်ဖို့ သံဓိဌာန် ချထားတဲ့ အချက် ၃ ချက် ရှိပါတယ်။ ပထမအချက်က သူတို့ အပေါ်ကျူး လွန်သူတွေ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကျခံရစေဖို့ပါ။ ဒီအထဲမှာ မလေးရှားကတော့ သူတို့ကို မြန်မာ အစိုးရက နိုင်ငံသားဖြစ်ခွင့်ပေးဖု့ိလုပ်စေချင်ပါတယ်။ ဒါဟာသူတို့ရပိုင်ခွင့်ပါ။ ဒုတိယအချက် က သူတို့တွေ နေရပ် ရင်း အမြန်ပြန်နိုင်ဖို့ပါ။ ဒါပေမယ့် သူတို့ ဆန္ဒအလျှောက်ဖြစ်ရစေရမယ့်အပြင် လုံခြုံပြီး သိက္ခာရှိ ရှိပြန်နိုင် ဖို့ဖြစ်ပါတယ်။ တတိယ အချက်ကတော့ လူသားချင်းစာနာမှု အကူညီတွေ ပေးဖို့ပါ။ ကျနော်တို့က မလေးရှားနိုင်ငံ ထဲမှာရော နိုင်ငံပြင်ပမှာပါ အကူညီတွေ ပေးနေပါတယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်က Cox’s Bazar ကိုပေးတာနဲ့ ပြည် တွင်းမှာလည်း မလေးရှားကိုရောက်နေတဲ့ ရိုဟင်ဂျာ တသိန်းလောက် ကို အကူ ညီပေးနေတာပါ။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Lestari Priansari Marsudi ကလည်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားက ဒေသတွင်း နိုင်ငံတွေနဲ့ အတူ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြောင်းနဲ့ ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးအတွက် ရေရှည် အဖြေရှာဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။

“အရှေ့တောင်အာရှဒေသမှာ အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေဟာ လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး အလေးပေးလုပ် ဆောင်နေတာပါ။ ဥပမာ ရခိုင်ပြည်နယ်က အခြေနေတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာတွေမှာ အင်ဒိုနီးရှားက အစောပိုင်ကတည်းက ထုတ်ဖေါ်ပြောဆိုပြီး အကူအညီတွေ ပေးခဲ့ပါတယ်။ ဒီကိစ္စကို အင်ဒိုနီးရှားက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာဆီယံနဲ့ တခြားနိုင်ငံတွေနဲ့ပါ တက်တက်ကြွကြွ ပြောဆိုဆောင် ရွက်ပြီး နည်းစနစ်ကျကျ ရေရှည်ခံမယ့် အဖြေရှာဖို့ အကူညီတွေ ပေးခဲ့ပါတယ်။ အာဆီယံက လည်း ရခိုင်ကလာတဲ့ ဒုက္ခသည်တွေ သူ့ဆန္ဒအလျှောက် နေရပ်ပြန်နိုင်ရေးအတွက် ပြင်ဆင်မှုတွေ အကူညီ တွေ ပေးနေပါတယ်။”

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ကစတင်ပြီး လေးပတ်ကြာကျင်းပမယ့် လူ့အခွင့်အရေး ညီလာခံမှာ အဖွဲ့ဝင် ၄၇ နိုင်ငံက ကိုယ်စားလှယ်တွေ ဆွေးနွေးကြမှာ ဖြစ်သလို ဆီရီးယား၊ မြန်မာ၊ ဘရွန်ဒီ၊ တောင်ဆူဒန်၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက အခြေအနေတွေကိုလည်း လူ့အခွင့်အရေးကောင်စီက သုံးသပ်ဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ချဖို့ရှိပါတယ်။

မြန်မာနိုင်ငံက လူနည်းစုတွေနဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bechelet နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီတို့ မတ်လ ၁၁ ရက်နေ့မှာ သူတို့ရဲ့ အစီရင်ခံစာတွေကို လူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်ပြဖို့ရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */