ဗွီအိုအေ (မြန်မာပိုင်း)
19 သြဂုတ်၊ 2020
Cox’s Bazar မှာ ဒုက္ခသည်တွေအတွက် IOM က ကိုဗစ်ကျန်းမာရေးဗဟိုဌာနသစ်ဖွင့် (ဓါတ်ပုံ-IOM)
ရွှေ့ပြောင်းအခြေချနေထိုင်သူများ အကူအညီပေးရေးအဖွဲ့ (IOM) က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတစ်ခုမှာ ကုတင် ၁၂၀ ဆံ့ COVID 19 ရောဂါဆိုင်ရာ ကျန်းမာရေးဗဟိုဌာန အသစ် တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဗဟိုဌာနမှာ ပြင်းထန်အဆုတ် ရောင်ကူးစက်ရောဂါ အတွက် သီးခြားခွဲထားရေးနဲ့ ကုသရေး ဌာန တစ်ခု ပါဝင်ပြီး COVID-19 ရောဂါလူနာ တွေအတွက် ရည် ရွယ် ဖွင့်လှစ်တာဖြစ်ပါတယ်။