Tuesday, June 9, 2020

နယ်စပ်က တရားမဝင် ဝင်လာသူတွေကြောင့် ကပ်ရောဂါ ကူးစက်မှာ ရခိုင်ဒေသခံတွေစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
08 ဇွန်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင်အတွင်းက ဒုက္ခသည်စခန်းတခုမှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့။ (ဧပြီ ၀၈၊ ၂၀၁၉)

COVID-19 ရောဂါဖြစ်ပွားနေဆဲကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ် မောင် တောမြို့နယ်ဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့သူတွေကြောင့် ဒေသခံတွေ စိုးရိမ် နေရတဲ့ အခြေအနေအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါ မယ်။
                                                                            
ကိုဗစ်အနီရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းက ရို ဟင်ဂျာဒုက္ခသည်တချို့ တရားမဝင်အပေါက်ကနေတဆင့် မောင်တောခရိုင်ဘက်ကို တရားမဝင် ပြန်လည် ဝင်ရောက်မှုတွေ ရှိနေလို့ ရောဂါဖြစ်ပွားမှာ ဒေသခံတွေ စိုးရိမ်နေကြတာပါ။

ဇွန်လ ၅ ရက်နေ့တုန်းက ဘင်္ဂလားနယ်စပ်ကနေတဆင့် ဘူးသီးတောင်မြို့နယ်ထဲကို တရားမဝင် ဝင်ရောက် လာသူ ရှစ် ဦးကို တွေ့ရှိရပြီး သူတို့တတွေကို သီးသန့်ခွဲဆေးစစ်ဆေးနေတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ဗွီအိုအေကပြောပါတယ်။

“ရွာကို ရောက်လာတာရှိတယ်။ လူကြီးက ခြောက်ယောက်၊ ကလေးက တနှစ်၊ နှစ်နှစ်က နှစ်ယောက် အား လုံးက ရှစ် ယောက်။ ကျနော်တို့မြို့နယ်က မောင်တောနယ်ဘက်နဲ့ ထိစပ်နေတာကိုး။ အဲတာအခု Facility Quarantine လုပ်ထားတယ်။ Facility Quarantine ၂၁ ရက်ထားမယ်။ ၂၁ ရက်ထားပြီးရင် သူတို့ အိမ်တွေ ရှိပါတယ်။ သူတို့အိမ် မှာ တပတ်ထားပြီးတာနဲ့ ကျနော်တို့ ခိုးဝင်လာတဲ့လူတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ နေရပ်ကိုပြန်ပို့ ပေးရမယ်။ အဝင်ပြရမှာပေါ့ဗျာ။ အဝင်ပြပြီးမှ ကိုယ့်နေရာကိုပြန်လာရမယ်။ နယ်စပ်လက် ခံရေးစခန်းကို ပြန်ပို့ပေးရမယ် ကျနော်တို့က။”
 


SEE ALSO:
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ ၅ ဦးထဲက တစ်ဦး COVID ကူးခံထားရ


ပြီးခဲ့တဲ့ဇွန်လ ၅ ရက်နေ့က နယ်စပ်ကနေတဆင့် ဒုက္ခ သည် လေးဦး ထပ်မံဝင်ရောက်လာသလို ဧပြီ လကုန်ပိုင်းကလဲ လှဖိုးခေါင်စခန်းကတဆင့် ဝင်ရောက်လာသူတွေ ငါးယောက်အထဲက တဦး ရောဂါပိုးတွေ့ ရှိရတာကြောင့် စိုးရိမ်နေရတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဦးမောင်အုန်းက ပြောပါတယ်။

“ပြောနေရင်းနဲ့ ဝင်ကိုဝင်လာတယ်။ နောက်ထပ် လေးယောက်ဝင်လာတယ်။ ၅ ရက်နေ့က ဝင်လာတယ်။ ကဲ အဲတာ ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ ပထမတယောက်တွေ့တာကတော့ ၃၀ ရက်နေ့ကခင်ဗျ။ ၃၀ ရက်နေ့က ဝင်ပြီးတော့ သူ့နေအိမ်မှာ ဦးရှဉ့်ကျမှာ သူတည အိပ်တယ်။ တညအိပ်ပြီးတာနဲ့ ၃၁ ရက်နေ့ လှဖိုး ခေါင်ရောက်တယ်။ လှဖိုး ခေါင်ရောက်တယ်ဆိုတာက အဲဒီရွာက အုပ်ချုပ်ရေးမှူးတွေက ကျေးရွာ တာ ဝန်ခံ တွေက သတင်းပေးလို့ ရောက်တာ။ သူတို့ ငါးယောက်ကို။ သူတို့ သတင်းလာမပေးလို့ ရှိရင် အကုန်လုံး ဟို ဒင်းဖြစ်သွားမှာပဲ။ အခုအဲဒီရွာမှာနေခဲ့တဲ့အတွက် အဲဒီရွာက ၃၂ ယောက်ကို ကျနော်တို့ Quarantine လုပ် ထားတယ်။ လှဖိုးခေါင်စခန်းမှာ။ အဲဒီ COVID-19 နဲ့ ပတ်သက်လို့ စိုးရိမ်စရာကတော့ အတိုင်းထက် အ လွန် ပါပဲ။ အဲဒီလိုနယ်စပ်ကို မထိန်းချုပ်နိုင်လို့ အဲဒီလိုပုံစံမျိုးတွေဖြစ်ဖြစ်နေတာ။”

မောင်တောမြို့နယ် ကပ္ပကောင်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်ဆမ်းကလည်း ဒီလိုတရားမဝင် ဝင်ရောက်မှု တွေ ရှိနေလို့ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“သူတို့ ဒီလို အလှမ်းကျယ်တဲ့နေရာကို ခိုးဝင်ပြီးတော့ လာလို့ရှိရင်တော့ တယောက်စ၊ နှစ်ယောက်စကနေ ပြီးတော့ ဒီလို အလေးမထားနိုင်ရင်တော့ ဒုက္ခပေးနိုင်ပါတယ်။ အများကြီး ကူးစက်သွားနိုင်တယ်ပေါ့အဲ တာ ကို။”


SEE ALSO:
တိုက်ပွဲဖြစ်မှာ စိုးရိမ်မှုကြောင့် ရခိုင်ဒေသခံ ထောင် ချီ တိမ်းရှောင်

နယ်ခြားစောင့်တပ်တွေကို ARSA အဖွဲ့တွေနဲ့ ရခိုင် လက် နက်ကိုင် AA အဖွဲ့တို့က ဒီရက်ပိုင်းအတွင်း တိုက် ခိုက်မှုတွေ ရှိနေလို့ နယ်စပ်လုံခြုံရေးမှာ စိုးရိမ်စရာရှိနေတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါ တယ်။ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ နယ်စပ်လုံခြုံရေးကိုတတ်နိုင်သလောက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ရသလောက်တော့ တားစီးနေတာပဲလေ။ အစောင့်တွေကတော့ လုပ်ထားတာပဲ ဧရိယာကြီးက အကျယ် ကြီး ပဲလေ။”

မောင်တောဒေသနဲ့ နတ်မြစ်တစ်ခုတည်းသာ ခြားထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခ သည်စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ဒုက္ခသည် ၃၀ ကျော်နေပြီး အတော်များများကို သီး သန့်ခွဲစောင့်ကြည့်မှုတွေ လုပ်ထားရတယ်လို့ ဘင်္ဂလားဒေ့ရ်ှဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ ကြောင့်လည်း ရိုဟင်ဂျာစခန်းတည်ရှိတဲ့ ခရိုင်ကို အနီရောင်သတ်မှတ်ပြီး အသွားအလာအဝင်အထွက်တွေ တင်းကြပ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခု ဇွန်လ ၈ ရက်နေ့ထိဆိုရင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ဓါတ်ခွဲနမူနာယူစမ်းသပ်တွေ့ရှိသူ ၇၀,၀၀၀ နီးပါးရှိသွားပြီး သေဆုံးသူကလည်း ၉၀၀ ကျော်သွားပါပြီ။ ဒီလိုရောဂါကူးစက်မှု မြင့်မားလာလို့ ဒုက္ခသည်စခန်းကလူတွေ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတာဖြစ် တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၁၇ ခုနှစ်တုန်းက အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ဒေသခံ ရို ဟင်ဂျာ မွတ်စလင် သိန်းဂဏန်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှထဲ ထွက်ပြေးသွားခဲ့ကြပါတယ်။ မြန်မာအစိုးရ ဘက်က ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမဲ့လို့ ဒီ ဒုက္ခသည်တွေကို စိစစ်လက်ခံမယ်လို့ ဂတိ ပေးထားပါတယ်။ လက်ရှိ COVID-19 ရောဂါဖြစ်ပွားနေဆဲအခြေအနေကြောင့် ပြန်လည်ကြိုဆိုရေးစခန်း တွေကို ပိတ်ပင်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */