" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 19, 2020

Cox’s Bazar မှာ ဒုက္ခသည်တွေအတွက် IOM က ကိုဗစ် ကျန်းမာရေးဗဟိုဌာနသစ်ဖွင့်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 သြဂုတ်၊ 2020
  Cox’s Bazar မှာ ဒုက္ခသည်တွေအတွက် IOM က ကိုဗစ်ကျန်းမာရေးဗဟိုဌာနသစ်ဖွင့် (ဓါတ်ပုံ-IOM)

ရွှေ့ပြောင်းအခြေချနေထိုင်သူများ အကူအညီပေးရေးအဖွဲ့ (IOM) က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတစ်ခုမှာ ကုတင် ၁၂၀ ဆံ့ COVID 19 ရောဂါဆိုင်ရာ ကျန်းမာရေးဗဟိုဌာန အသစ် တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဗဟိုဌာနမှာ ပြင်းထန်အဆုတ် ရောင်ကူးစက်ရောဂါ အတွက် သီးခြားခွဲထားရေးနဲ့ ကုသရေး ဌာန တစ်ခု ပါဝင်ပြီး COVID-19 ရောဂါလူနာ တွေအတွက် ရည် ရွယ် ဖွင့်လှစ်တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 စတင် ဖြစ်ပွားကတည်းက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အ စည်းတွေက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဒုက္ခသည် အမြောက်အမြားနေထိုင် တဲ့ Cox’s Bazar ခရိုင်ထဲ COVID 19 တုံ့ပြန် ရေး ပြင်ဆင်တဲ့ လုပ်ငန်းတွေ စတင် လုပ်ကိုင်နေခဲ့တာ ဖြစ် ပါတယ်။

အခု နောက်ဆုံး ဖွင့်လှစ်ခဲ့တဲ့ ကျန်းမာရေးဌာနနဲ့ပါဆိုရင် အခုအခါ IOM က တည်ဆောက်ခဲ့တဲ့ COVID-19 ရောဂါဆိုင်ရာ ကျန်းမာ ရေးဌာနေတွေမှာ အလယ်အလတ်နဲ့ အသည်းအသန် လူနာ ၂၃၀ ကို တစ်ချိန် တည်း လက်ခံ ကုသပေးသွားနိုင်ပြီ ဖြစ်ပါတယ်။ IOM က တည်ဆောက်ပေးတဲ့ ကျန်းမာရေး ဌာနတွေမှာ COVID 19 ကူးစက်ခံရသူ ဒေသခံတွေရော Teknaf နဲ့ Ukhyia နယ်မြေက ဒုက္ခသည်တွေကိုပါ ကုသေ ပးသွားမှာ ဖြစ်ပါတယ်။

COVID 19 ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ဒုက္ခသည် စခန်းတွေထဲ ကျန်းမာရေး ကဏ္ဍကို ဦးစားပေး လုပ် ဆောင်ခဲ့တာကြောင့် လူ ၁ သန်း နီးပါးရှိတဲ့ ဒုက္ခသည် စခန်းမှာ COVID 19 ကြောင့် သေဆုံးသူ ၆ ဦးသာ ရှိကြောင်း၊ ဒီလို အောင်မြင်တာဟာ အားလုံး ပူးပေါင်း ညှိနှိုင်း လုပ်ဆောင်ခဲ့တာကြောင့် ဖြစ်ကြောင်း ဘင်္ဂ လားဒေ့ရှ် အစိုးရရဲ့ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဒုက္ခသည် များဆိုင်ရာ ကော်မရှင်နာ Mahbub Alam Talukder က ကုတင် ၁၂၀ ဆန့် ကျန်းမာရေး ဌာနသစ် ဖွင့်ပွဲမှာ ပြောပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာ စစ်တပ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA လက်နက်ကိုင်တပ်တွေကို နယ် မြေရှင်းလင်းရေး လုပ်ရာက ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးခဲ့ကြပါတယ်။ မြန်မာ အစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်လည် စိစစ်လက် ခံမယ်လို့ ကြေညာထားပါတယ်။  
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */