Saturday, July 25, 2020

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဂျာမနီ ဒေါ်လာ ၄ သန်းခွဲ လှူ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
25 ဇူလိုင်၊ 2020  
ကုတုပလောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ထောက်ပံ့ရိက္ခတွေကို စောင့်ယူနေ
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar မှာ ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အ တွက် အရေးပါတဲ့နေရာတွေမှာ အသုံးချဖို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကတဆင့် ဂျာမနီနိုင်ငံက အမေရိ ကန်ဒေါ်လာ ၄ သန်းခွဲ လှူဒါန်းလိုက်ကြောင်း WFP က ကြေညာပါတယ်။

မြန်မာနိုင်ငံကနေ အဓမ္မ နေရပ်ရွေ့ပြောင်းခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အိမ်ရှင် Cox’s Bazar ဒေသ တွင်းက လူမှုအသိုင်းဝိုင်းတို့အတွက် လိုအပ်တဲ့နေရာတွေမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ အသုံးပြုနိုင်ဖို့အတွက် ဒီ အလှူငွေတွေကို ပေးအပ်လိုက်တာလို့ ဆိုပါတယ်။

အခုလို ကပ်ရောဂါ ဖြစ်နေတဲ့ကာလနဲ့ မိုးရာသီအချိန်တွေမှာ အသက်ကယ်နိုင်မယ့် အကူအညီတွေဟာ အင် မတန် အရေးပါကြောင်း၊ ဒီ အကြောင်းအရာ ၂ ခုစလုံးဟာ အကူအညီလိုအပ်နေသူတွေအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အရေးပေါ်ကယ်ဆယ်ရေးနဲ့ စီမံခန့်ခွဲရေး ဝန်ကြီးဌာအတွင်းဝန် Md. Mohsin က ပြောပါတယ္။ 
ဒီအကူအညီကိုတော့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဂျာမန်သံအမတ်ကြီးကတဆင့် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

ဂျမန်အစိုးရ နိုင်ငံခြားရေးရုံးကတဆင့် ပေးအပ်တဲ့ ဒီအကူအညီတွေထဲက တချို့ကို စာနာမှုဆိုင်ရာ အကူအ ညီပေးနေတဲ့ အသိုင်းအဝိုင်းတွေအကြား ဆက်သွယ်ရေးစနစ် ကောင်းမွန်လာအောင် လုပ်ဆောင်ရေးအ တွက်လည်း သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာပဋိပက္ခ စတင်တဲ့အချိန်ကစလို့ အခုပေးအပ်တဲ့ အလှူငွေအပါအဝင် ရိုဟင်ဂျာဒုက္ခ သည်တွေအတွက် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ WFP ရုံးကို ဂျာမနီက စုစုပေါင်း ဒေါ်လာ သန်း ၃၀ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မြန်မာအစိုးရကတော့ လက်မခံပါဘူး။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */