" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label 2023. Show all posts
Showing posts with label 2023. Show all posts

Monday, January 9, 2023

ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါး လိုက်ပါတဲ့လှေ အင်ဒိုနီးရှား မှာ ဆိုက်ကပ်

RFA
RFA Burmese
2023.01.08

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ဆိုက်ရောက်လာသည့် လှေပေါ်တွင် လိုက်ပါလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။ Reuter

အမျိုးသမီးနဲ့ကလေးအများစုပါတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါးကို တင်ဆောင်လာတဲ့ သစ်သားလှေတစ်စင်း အင်ဒိုနီးရှားအနောက်ဘက်ကမ်းကို မနေ့က ဆိုက်ကပ်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ မှု စိုးရိမ်ဖွယ်ရှိ

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
၀၈ ဇန္နဝါရီ၊ ၂၀၂၃
A wooden boat is used to carry RohingyaÊrefugees rest at a beach in Ladong village Indonesia, December 25, 2022.
 
မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့တိုင်းတချို့က ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ ရိုဟင်ဂျာမူဆလင်တွေ အစုလိုက်အပြုံလိုက် မကြာခဏဆိုသလို ခပ်စိပ်စိပ် အဖမ်းအဆီးခံရတဲ့ အနေအထားက အင်မတန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ ဟာ သူတို့ ဘဝရေရှည် နေထိုင်ရပ်တည်ရေးနဲ့ အနာဂတ်အတွက် အာမခံချက်မရှိတာရယ် အသက်အန္တရာယ် လုံခြုံရေး အတွက်ပါ အထူးစိုးရိမ်ရတာမို့ အခုလို နည်းလမ်းပေါင်းစုံသုံးပြီး နေရပ်ကနေ စွန့်ခွာထွက်ပြေးဖို့ ကြိုး စားနေကြတာဖြစ်ပါတယ်။ ဒီလိုစွန့်ခွာထွက်ပြေးနေကြချိန် လမ်းခရီးမှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတာ တရားစွဲဆို ထောင်ချခံရတာ နောက်ဆုံး အသတ်ခံရတဲ့အထိ ကြုံရတဲ့အထိ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရ တယ် လို့ လည်း ရိုဟင်ဂျာတွေက ပြောပါတယ်။ အကြောင်းစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Sunday, January 8, 2023

ရိုဟင်ဂျာ ၁၈၅ ယောက်တင်လာတဲ့လှေ အင်ဒိုနီးရှား အာ ချေး ကမ်းခြေကို ထပ်ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၈ ဇန္နဝါရီ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးကမ်းခြေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ။
 

ရိုဟင်ဂျာဒုက္ခသည် ၁၈၅ ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ကမ်းခြေကို လှေနဲ့ တနင်္ဂနွေနေ့က ရောက်ရှိလာကြတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာဌာန ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တနင်္ဂနွေနေ့ ဒေသအချိန် နေ့လည် ၂ နာရီခွဲလောက်က ရောက်လာကြတဲ့ ဒီအသုတ်မှာ တစ်ဝက်လောက်က အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ကြတယ်လို့ အာချေးဘီဆာ ဘေးအန္တရာယ်ဌာန အကြီးအကဲ Ridwan Jamil က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Saturday, January 7, 2023

ရွှေပြည်သာမြို့နယ်မှာ ရိုဟင်ဂျာ ၂၇ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.06 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။Citizen Journalist

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ နှင်းပန်း (၁) လမ်းက အိမ်အမှတ် - ၄၅ မှာ ရိုဟင်ဂျာ ၂၇ ဦးကို ဒီနေ့ ဇန်နဝါရီ လ ၆ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ခုနစ်ဦးတို့ ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ယောကျာ်းလေးက ၁၉ ယောက်၊ မိန်းကလေးက ငါးယောက်၊ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်က ယော ကျာ်းလေး တစ်ယောက်၊ မိန်းကလေးက နှစ်ယောက် စုစုပေါင်း ၂၇ ယောက်မိတာ”

ရွှေပြည်သာမြို့နယ်၌ ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
6 January, 2023 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်၊ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်မှာ ဇန်နဝါရီ ၆ ရက် ဒီနေ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရ ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သတင်းပေးချက်အရ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်ကို ဝင်ရောက်စစ်ဆေး ရာ ရိုဟင်ဂျာ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

Tuesday, January 3, 2023

BURMA ACT 2022 မှာ ဘာတွေပါဝင်သလဲ

DVB
DVB | 3 January, 2023

BURMA ACT ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA 2023 ကို အမေရိ ကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် သမ္မတဂျိုးဘိုင်ဒင်က ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့လို့ ဥပဒေ စတင် အသက်ဝင်နေပြီဖြစ်ပါတယ်။ NDAA 2023 ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ BURMA ACT 2022 ကိုပါ တပါတည်း ထည့်သွင်းအတည်ပြုလိုက်တာ ဖြစ် ပြီး ဒီအထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်လို မူဝါဒတွေ ပါဝင်သလဲဆိုတာကို အကြမ်းဖျင်း အကျဥ်းချုံး ဖော်ပြလိုက်ပါတယ်။

သန်လျင်တွင် ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
DVB | 3 January, 2023

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း က စစ်ကောင်စီတပ်နဲ့ ရဲတွေ ဧည့်စာရင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူ တွေဆီက သိရပါတယ်။

ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ဒီနေ့မနက် ၂ နာရီက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဧည့်စာရင်းစစ်ပြီး ဖမ်းတာ၊ အိမ်ငှားနေတဲ့အခန်းမှာ မိတာ၊ အိမ်ရှင်လည်း ထွက်ပြေးနေတယ်။”

သန်လျင်နဲ့ မြောက်ဒဂုံမှာ ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03

သန်လျင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ RFA

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်က နေအိမ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့ညပိုင်းက ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဖမ်းခံရတဲ့အထဲမှာ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၂၅ ဦးနဲ့ အသက် မပြည့်သေးတဲ့ ကလေးငယ် ရှစ် ဦး ပါဝင်ပြီး အားလုံးဟာ အာဟာရမပြည့်ဝတဲ့ပုံစံ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိတာကို တွေ့ခဲ့ရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

ဟင်္သာတမြို့မှာ ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဓျာ ၃၉ ဦးကို တွေ့ရစဉ်။Citizen Journalist
 
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့မနက်ပိုင်း က ကျောက်သယ်ကားနဲ့ လိုက်ပါလာတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာကလေး ၁၀ ဦးအပါအဝင် စုစုပေါင်း ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဟင်္သာတမြို့ခံတွေက RFA ကိုပြောပါတယ်။

အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ကိုးဦးနဲ့ မိန်းကလေး တစ်ဦးအပြင် ရိုဟင်ဂျာ အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီးနှစ်ဦး ပါဝင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အားလုံးဟာ ကျောက်သယ်ကားပေါ်မှာ လိုက်ပါလာကြတာဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ ပူးပေါင်းဖမ်း ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟင်္သာတမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

‘Left to die’: Fates of 5 Rohingya boats across Asia spotlight enduring crisis of stateless Muslim minority

South China Morning Post
Amy Sood Dimuthu Attanayake and Resty Woro Yuniar
1 Jan, 2023

Rohingya hold rally seeking return to homeland

KHMER TIMES
January 3, 2023

A file photo of Rohingya refugees in India. ANI

DHAKA – “2023 should be Rohingya Home Year,” read a placard held up by a refugee boy as nearly 1,000 Rohingya people in Bangladesh’s refugee camp in the southern border district of Cox’s Bazar held a rally, demanding a peaceful and dignified return to their home country of Myanmar’s Rakhine State.

Carrying banners and placards with various slogans like “Rohingya Want to Smile in 2023,” “No NVC (National Verification Cards)” and “Enough is Enough, Let’s Go Home”, a large number of the persecuted people attended the rally on Saturday. 

Risking Death at Sea, Rohingya Muslims Seek Safety in Indonesia

MARINE LINK
Hidayatullah Tahjuddin
January 3, 2023
Credit: Amnest International Archive

Crying with relief after a traumatic 40-day voyage to Indonesia in a leaky boat, Rohingya Muslim Fatimah bin Ismail held a mobile phone with shaky hands as she made a video call to relatives.

The 19-year-old was among 174 surviving Rohingya in the overloaded wooden fishing boat when it washed up on the shores of Indonesia's Aceh province this week.

Monday, January 2, 2023

A breath of hope for Rohingya women in Myanmar’s Rakhine state

UNITED NATION MYANMAR
Posted 2 Jan 2023
© UN Women/Melanie Jarvis
 
 
 Soon after receiving a training in business, Daw Mya Mya Aye, 60, was presented with 17 piglets to kick-start her business in March 2022 © UN Women/Melanie Jarvis

How providing cash, piglets and business training is helping Rohingya survivors of gender-based violence, and those at risk, in Myanmar’s Rakhine state.

Rakhine State, Myanmar – Daw Mya Mya Aye, 60, could not hide her joy as she joined fellow villagers in sharing how the Central Emergency Response Fund (CERF) breathed hope into their vulnerable families.

Speaking at the launch of this year’s International Day for the Elimination of Violence Against Women on 25 November in Matkalar village in Rakhine state, Daw Mya Mya Aye and her fellow beneficiaries explained how through the assistance from CERF they are now slowly rebuilding their lives after the COVID-19 pandemic and the escalation of the armed conflict following the military takeover in February 2021.

Insight: What we know about the Rohingya refugee crisis at sea

mizzima
AFP
02 January 2023

Rohingya refugees wait for an identification process by the local police at their temporary shelter provided by Aceh local Government in Pidie, Aceh, Indonesia, 28 December 2022. Photo: EPA

At least 2,000 Rohingya refugees are believed to have fled camps in Bangladesh on overcrowded boats in recent months seeking sanctuary elsewhere in Southeast Asia, with hundreds feared to have died at sea.

The Muslim Rohingya originally fled persecution in Buddhist-majority Myanmar in 2017, with around a million now estimated to be living in refugee camps in neighbouring Bangladesh.

Wednesday, December 28, 2022

ရိုဟင်ဂျာ ကျောင်းသားတွေ မသင်ရတဲ့ ဘာသာရပ်တွေရှိနေ

B B C

ဘီဘီစီမြန်မာပိုင်း
၂၈ ဒီဇင်ဘာ ၂၀၂၂

ပညာသင်ကြားခွင့်ပိတ်ပင်ခံနေခဲ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင်ကျောင်းသားတွေ လာမယ့်ပညာသင် နှစ်အတွက် စစ်တွေတက္ကသိုလ်မှာ ကျောင်းဆက်တက်ခွင့်ရရှိခဲ့ကြပါတယ်။ စစ်ကောင်စီအစိုးရလက်ထက် မွတ်ဆလင်ကျောင်း သားတွေကို တက္ကသိုလ်တက် ခွင့်ပေးထားပေမယ့် ကန့်သတ်ချက်တချို့ကြောင့် နစ်နာမှုတွေနဲ့ကြုံနေရတယ်လို့ မွတ်ဆလင်ကျောင်းသားတွေက ပြောဆိုကြပါတယ်။

Link : Here

Tuesday, November 22, 2022

ရိုဟင်ဂျာများပိုင်သည့် မြေဧက ၇၀၀ ကျော်ကို စစ်ကောင်စီ က 'တပ်ပိုင်' အဖြစ် အမည်ဖောက် သိမ်းယူ

MYANMAR NOW
စထွန်းအောင်
Published on Nov 1, 2022

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် နေထိုင်ရင်း လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးအခွင့်အလမ်းများဆုံးရှုံးကာ အနာဂတ်မရေမရာဖြစ်နေသည့် ရိုဟင်ဂျာများအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ၎င်းတို့ပိုင် မြေယာများ ‘တပ်ပိုင်မြေ’ အဖြစ် သိမ်းယူခံလိုက်ရခြင်းပင်ဖြစ်သည်။

ရိုဟင်ဂျာများပိုင် မြေဧက ၇၀၀ ကျော်ကို အပြီးအပိုင်သိမ်းယူရန် အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် စက်တင်ဘာ လနှင့် ယခုလ အောက်တိုဘာလဆန်းတွင် လျှို့ဝှက်ညွှန်ကြားထားသည့် စာများကို Myanmar Now က လက်ခံရ ရှိထားသည်။

မောင်တောမြို့နယ်အတွင်း အင်းဒင်၊ မြင်းလွတ်၊ မြို့သူကြီး၊ ဇင်ပိုင်ညာ၊ အောင်စစ်ပြင် ကျေးရွာအုပ်စုနှင့် ဘူးသီး တောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုရှိ ရိုဟင်ဂျာများပိုင်မြေ ၇၁၈ ဒဿမ ၈၇ ဧကကို တပ်ပိုင်မြေအဖြစ် သိမ်းယူရန် စစ်ကောင်စီက ညွှန်ကြားထားခြင်း ဖြစ်သည်။

LINK : HERE



Sunday, October 23, 2022

မောင်တောမြောက်ပိုင်းတွင် AAနှင့် RSO တိုက်ပွဲဖြစ်

လူထုနွေဦး

၂၀၂၂ အောက်တိုဘာလ ၂၃ ရက်

မောင်တောမြို့နယ် မြောက်ဘက်စွန်းမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မိုင် ၄၀ နဲ့ ၆၄ အကွာမှာရှိတဲ့ RSO စခန်းတချို့ကို AA က သိမ်းယူထားတယ်လို့ ကြားသိရပါတယ်။
Photo: Mayyu TV News
ရခိုင်ပြည်နယ် မောင်တောမြို့နယ်
A Rakhine resident said that on October 23, clashes broke out between the Rakhine Army (AA) and the Rohingya Solidarity Organization (RSO) in the north.။

မောင်တောမြို့နယ် မြောက်ဘက်စွန်းမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မိုင် ၄၀ နဲ့ ၆၄ အကွာမှာရှိတဲ့ RSO စခန်းတချို့ကို AA က သိမ်းယူထားတယ်လို့ ကြားသိရပါတယ်။

RSO သည် စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒေသတွင်းတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာခဲ့သည့် အဖွဲ့ဖြစ်သည်ဟု ဆိုသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */