" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Thursday, October 24, 2019

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု


ရိုဟင်ဂျာလူမျိုးနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး

ပြည်သူ့လွတ်တော်
ဦးတင်အေး(မက်မန်း မဲဆန္ဒနယ်)
မိမိတို့နိုင်ငံတွင် တိုင်းရင်းသား မျိုးနွယ်စု ၁၀၀ ကျော်ရှိပြီး မူလတိုင်းရင်းသားမျိုးနွယ်စုတွင် ရိုဟင်ဂျာ မပါ သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ရိုဟင်ဂျာ အမည်သည် ဗြိတိသျှကိုလိုနီကာလ တစ်လျှောက်လုံး တွင် တရားဝင်စာရွက် စာတမ်းများမရှိသည့် အမည်ဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအရ လူ မျိုးသစ် တစ်ခုအဖြစ် ဖန်တီးလာခြင်းဖြစ်ပါကြောင်း၊ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးမှတ်တမ်းတွေ ထိန်းသိမ်း ထားသည့် လန်ဒန်ရှိ India Office Record (မှတ်တမ်း)တွင် ရိုဟင်ဂျာဆိုသည့် ဝေါဟာရ ဖော်ပြထားခြင်းမရှိ သည်ကို လေ့လာသိရှိခဲ့ပါကြောင်း၊ ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန်မှ UNHCR အကြီးအကဲ Antonia Guterres နှင့် တွေ့အချိန် တွင် လည်း ကောင်း၊ နယ်သာလန်ခရီးစဉ်တွင်လည်းကောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊

မြန်မာ့သမိုင်းနှင့် တိုင်းရင်းသားလူမျိုးများတွင် ရိုဟင်ဂျာ မရှိပါ


၁။      ရှေးမြန်မာ့သမိုင်းရာဇဝင်များအရ အေဒီ ၁၅ ရာစု ခေတ်ကာလက ရခိုင်ဘုရင်အဆက်ဆက်၏ လက်အောက်တွင် သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ယူလာသည့် အိန္ဒိယ နွယ်ဖွားများကို လယ်ယာလုပ်ငန်းနှင့် အခြားလုပ်ငန်းများတွင် အသုံးပြုရန် ခေါ်ယူခဲ့ကြောင်း အထောက်အထားများအရ လေ့လာတွေ့ရှိရပါသည်။

၂။      အေဒီ(၁၆၅၂-၁၆၇၄)တွင် ရခိုင်ဘုရင် စန္ဒသုဓမ္မဂျာထံသို့ သျှားရွှဂျာမင်းသား ခိုလှုံရောက်ရှိလာပြီး ၎င်းနှင့်အတူ မွတ်စလင် လေးသည်တော် ကမန်များ ပါရှိလာခဲ့ပါသည်။ ရခိုင်ဘုရင် စန္ဒိဇယမင်း အေဒီ (၁၇၁၀-၁၇၃၁)လက်ထက်တွင် မွတ်စလင်လေးသည်တော် ကမန်များ တော်လှန်ပုန်ကန်သဖြင့် စစ်တွေ နှင့်ရမ်းဗြဲဒေသများသို့ နယ်နှင်ဒဏ်ပေးခဲ့ပါသည်။

Wednesday, September 18, 2019

မြန်မာ့သမိုင်းထဲမှ ရ န္တပို

မြန်မာ့သမိုင်းထဲမှ ရ န္တပို
မောင်သာ(ရှေ့ဟောင်းသုတေသန)


၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်းက နော်ဝေနိုင်ငံပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားဆွန် ယာတို့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက် လည်ပတ်ခဲ့ကြရာ ခရီးစဉ် အတွင်း ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲစစ်ပြေငြိမ်း စာချုပ်ချုပ်ဆိုခဲ့သည့် ရန္တပိုရွာတွင် စိုက်ထူ ထားသော အထိမ်းအမှတ် ကျောက်စာတိုင်ကို သွားရောက် ကြည့်ရှုခဲ့ကြသည်။

Friday, September 8, 2017

ရခိုင်ပဋိပက္ခ နောက်ကွယ်က သမိုင်း

ဧရာဝတီ
8 September 2017
ရခိုင်သမိုင်းပညာရှင် ဒေါက်တာ
Jacques P. Leider / ဇေယျာလှိုင်
သြဂုတ်လ ၂၅ ရက်နေ့တွင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က ရခိုင်ပြည်နယ်မှ ရဲစခန်း ၃၀ ခန့်နှင့် တပ်မ တော် စခန်းတခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ် ဆင်ရေးများ ပေါ်ပေါက်လာစေ ခဲ့သည်။ အသစ်ပြန်ဖြစ်လာသော ပဋိပက္ခကြောင့် ထောင်နှင့် ချီသော မွတ်ဆလင်များ နှင့် ရခိုင် ဗုဒ္ဓဘာသာဝင် များ သူတို့၏ နေအိမ်များကို စွန့်၍ ဒေသတွင်းမှ ယာယီစခန်း များ သို့ သို့မဟုတ် နယ်စပ်ကိုကျော်ဖြတ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ထွက်ပြေးခဲ့ကြရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */