" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, September 18, 2019

မြန်မာ့သမိုင်းထဲမှ ရ န္တပို

မြန်မာ့သမိုင်းထဲမှ ရ န္တပို
မောင်သာ(ရှေ့ဟောင်းသုတေသန)


၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်းက နော်ဝေနိုင်ငံပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားဆွန် ယာတို့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက် လည်ပတ်ခဲ့ကြရာ ခရီးစဉ် အတွင်း ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲစစ်ပြေငြိမ်း စာချုပ်ချုပ်ဆိုခဲ့သည့် ရန္တပိုရွာတွင် စိုက်ထူ ထားသော အထိမ်းအမှတ် ကျောက်စာတိုင်ကို သွားရောက် ကြည့်ရှုခဲ့ကြသည်။

ရန္တပိုသည် မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့ဟောင်း မှ တောင်ဘက် မိုင် ၄ဝအကွာ မြင်းခြံမြို့မှ အထက် ခြောက်မိုင်အကွာ၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ် တွင်တည်ရှိသော ခေတ်အဆက်ဆက် ယနေ့တိုင်အိုး လုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသည့် ရွာတစ်ရွာဖြစ် သည်။ ရန္တပိုရွာသည် စစ်ကိုင်းမင်းလက်ထက် (၁၈၁၉- ၁၈၃၇)၊ ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စတင်ဖြစ်ပွား ခဲ့သော ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၏ စစ်ပြေငြိမ်း စာချုပ်ကို အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ် များနှင့် မြန်မာ ဘုရင်အစိုးရကိုယ်စားလှယ်များ ချုပ်ဆိုခဲ့ကြသောနေရာ ဖြစ်သည့်အတွက် မြန်မာ့သမိုင်းတွင် ထင်ရှားသည့်နေရာ တစ်ခုဖြစ်လာခဲ့သည်။

ရန္တပိုစာချုပ်ကို မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် တပေါင်း လပြည့်ကျော် ၄ ရက် (ခရစ်သက္ကရာဇ် ၁၈၂၆ ခု၊ ဖေဖော် ဝါရီလ ၂၄ရက်)နေ့တွင် မြန်မာဘက်မှ စစ်သူကြီး လယ် ကိုင်းမြို့စားဝန်ကြီး မင်းကြီး မဟာမင်းလှေ ကျာ်ထင်၊ ကျီဝန် အတွင်းဝန်မင်းကြီး မဟာမင်းလှသီဟသူနှင့် အင်္ဂလိပ် ဘက်မှ ဗိုလ်ချုပ် အာခီဘော်လ် ကင်းဘဲလ် (Archibald Campbell)၊ အရေးပိုင် ရောဘတ်စင် (Robertson) ၊ ရေတပ်အရာရှိ ကပ္ပတိန်ရစ် ချတ်ဘာ့ခ်ျ (Capt. Richard Birch) တို့က ရန္တပိုရွာတွင် ချုပ်ဆိုခဲ့ကြသည်။

မြန်မာတို့သည် လွတ်လပ်ရေးမဆုံးရှုံးမီ နှစ်အတန် ကြာကပင် နယ်ချဲ့တို့၏ ကျူးကျော်စစ်ပွဲများကို သုံးကြိမ် တိုင် ရင်ဆိုင်ဆင်နွှဲခဲ့ရသည် ။လက်နက်ချင်းမမျှ၊ နည်း ပညာချင်းမယှဉ်နိုင်ခဲ့သဖြင့် မြန်မာတို့သူ့ကျွန်ဘဝသို့ ရောက်ခဲ့ကြရာတွင် ရန္တပိုစာချုပ်သည် ပထမဆုံး မြန်မာတို့ ရှုံးနိမ့်ခံခဲ့ ရခြင်း မှတ်တမ်းအဖြစ် သမိုင်းတွင် ခဲ့ရပေ သည်။

၁၈၁၉ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ဘိုးတော်မင်းတရား ခေါ် ဗဒုံ မင်းကွယ်လွန်ခဲ့ရာ မြေးဖြစ်သူ စစ်ကိုင်းမင်း က ထီးမွေ ဆက် ခံခဲ့သည်။ နောင်အခါတွင် ဘကြီးတော် မင်းတရားဟု အမည် တွင်ခဲ့သည့် စစ်ကိုင်းမင်းသည် ဗဒုံမင်း ၏ ဆိုးမွေေ ကာင်းမွေ အားလုံးကို ဆက်ခံခဲ့ရသည်။ ဗဒုံမင်း လက်ထက်က မြန်မာ တို့ သည်မဏိပူရနှင့် အာသံနယ်များ ကို ပိုင်ဆိုင်ခဲ့သည်။

စစ်ကိုင်းမင်း တက်လာချိန်တွင် မဏိပူရ အာသံအရေး ပြဿနာ များဖြစ် ပွားလာမှုကြောင့် ဗြိတိသျှတို့ နှင့် မပြေမလည်ဖြစ် ခဲ့ရ သည်။

စစ်ကိုင်းမင်းနန်းတက်ချိန်သည် ဥရောပ၌စစ်ပွဲများ ပြီးဆုံး ပြီးလေးနှစ်အကြာဖြစ်သည်။ ဗြိတိသျှ တို့သည် ဥရောပတွင် သမိုင်းဝင် ရန္တပိုကျောက်တိုင်
 စစ်အောင်နိုင်ခဲ့သဖြင့် နယ်ချဲ့မာန်တက်ကာ အရှေ့တစ်လွှားမှ ပြိုင်ဘက် များကိုဖယ်ရှားပြီး ရသမျှနယ် တို့ကို ကိုလိုနီအဖြစ်သိမ်းယူရန် စိုင်းပြင်းခဲ့ပေသည်။ ပြင်သစ် တို့သည်လည်း ဥရောပတွင် စစ်ရေးအရ အင်္ဂ လိပ် တို့ကို အလျှော့ပေးခဲ့ရသော်လည်း အာရှနိုင်ငံ များအား အင်္ဂလိပ်တို့နှင့်အပြိုင် ကိုလို နီပြုရန်ကြံစည်ခဲ့ သည်။

ဗြိတိသျှတို့သည် ဗဒုံမင်းလက်ထက် ၁၇၉၅ ခုနှစ်မှသည် စစ်ကိုင်းမင်း နန်းတက်သည့် ၁၈၁၉ ခုနှစ်ထိ နှစ်ပေါင်း ၂၄ နှစ်အတွင်း အိန္ဒိယနိုင်ငံ၏ နယ်ပေါင်းများစွာကို သိမ်းပိုက် ကျွန်ပြုခဲ့ကြသည်။ ၁၇၉၅ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံကို လည်းကောင်း၊ ၁၇၉၉ ခုနှစ်တွင် မိုင်ဆိုး (Mysone) နှင့် မဒရပ်စ် (Madras) တို့ကိုလည်းကောင်း ၊ ၁၈ဝ၁ ခုနှစ် တွင် ယူနိုက်တက်ပရော့ဗင်ဆက် (United Provinces) (ယခု အတ်တာ ပရာဒက်ခ်ျပြည်နယ်)၏ အထက်ပိုင်းဒေသ များကို လည်းကောင်း၊ ၁၈ဝ၂ ခုနှစ်တွင် ဘုံဘေနယ်တွင်းမှ ဘာရိုဒါ (Baroda) ဒေသကိုလည်းကောင်း၊ ၁၈ဝ၃ ခုနှစ်တွင် ဩရိသ (Orissa) နယ်ကိုလည်းကောင်း၊ ၁၈၁၈ ခုနှစ်တွင် ပက်ရှဝါ (Peshwa) နှင့် ရာဇပုတ္တန (Rajaputana) တို့ကို လည်းကောင်း သိမ်းပိုက်ခဲ့ကြသည်။ ၁၇ ရာစုကတည်းက အာရှတိုက်တွင် ခြေကုပ်ယူကာနယ်ချဲ့ခဲ့သော ဗြိတိသျှ တို့သည် ၁၉ ရာစုအစတွင် အိန္ဒိယ နိုင်ငံ၏ သုံးပုံနှစ်ပုံကျော်မျှကို ပိုင်ဆိုင်ထားနိုင်ခဲ့သည်။ စစ်ကိုင်းမင်း သည် ထိုအခြေအနေ အချိန်အခါတွင် ဗြိတိသျှနှင့် ထိတွေ့ဆက်ဆံရန်အကြောင်း များ ပေါ်ပေါက်ခဲ့လေသည်။

ဗဒုံမင်းလက်ထက်မှပင် စတင်၍ ရခိုင်စစ်တကောင်း နယ်စပ်ပြဿနာနှင့် စပ်လျဉ်း၍ ဗြိတိသျှမြန်မာ ဆက် ဆံရေး တင်းမာခဲ့သည်။ ဗဒုံမင်းလက်ထက် ၁၈၁၃ ခုနှစ်တွင် မြန်မာ တို့ နန်းတင်ပေးထားခဲ့သော မဏိပူရေ စ်ာဘွားမာဂျစ်ဆင်း သည် ၁၈၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်သော စစ်ကိုင်းမင်း၏ ရာဇဘိသိက် သွန်းပွဲသို့ လာရောက်ရန် ပျက်ကွက်ခဲ့သည်။ ယင်းသို့ ပျက်ကွက်ခြင်း သည် တော်လှန်ခြားနားခြင်းဖြစ် သည်ဟု စစ် ကိုင်းမင်းကယူဆပြီး မဏိပူရသို့ မြန်မာတပ်များ ကို စေလွှတ်ခဲ့သည်။ မာဂျစ်ဆင်းသည် မြန်မာတပ် များ ၏ တိုက်ခိုက်မှုကိုမခံနိုင်သဖြင့် ကချာ (Cachar) နယ်သို့ ထွက် ပြေးသွားသည်။ ကချာနယ်မှာ ဗြိတိသျှ ပိုင် ဆီလဟတ် (Sylhet) နယ်နှင့် ဆက်စပ်နေသည်။



အိန္ဒိယဘုရင်ခံချုပ်လော့ဒ်အမ်းဟတ်သည် စစ်တကောင်းနယ်၏ နောက်ဖေးတံခါးပေါက် သဖွယ်ဖြစ် သော ကချာနယ်ကို သိမ်းပိုက်ရန် ရှေးမဆွကပင် စီစဉ်ပြီးဖြစ်သည်။ ကချာနယ် အတွင်း၌ မြန်မာတို့၏ လက်နက် ကိုင်များတိုးတက်များပြားလာခြင်းကို သတိပြု၍ စောင့်ကြည့် ရန်လိုအပ်ကြောင်းနှင့် ကချာနယ်အား မုချ သိမ်းယူထားရန်လိုကြောင်း ၁၈၂၃ ခုနှစ် ဇွန်လက အရှေ့အိန္ဒိယကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သို့ စာတစ်စောင် ပေးပို့အကြောင်းကြားခဲ့သည်။ မြန်မာ တို့ကလည်း ဤအချက်ကို ရိပ်စားမိသောကြောင့် ကချာနယ်ဘက်သို့ အာရုံစိုက်ထားပြီး ၁၈၂၃ ခု နိုဝင်ဘာလတွင် ဆီလဟတ်နယ် နှင့် အာသံနယ်စပ် တစ်လျှောက်၌ တပ်အင် အား အခိုင် အမာချထားလိုက်သည်။ ကချာနယ်ကို မတိုက်ခိုက်ရန် မြန်မာ တပ်မှူးအား ဗြိတိသျှတို့က ချက် ချင်းပင် တောင်းဆိုလာခဲ့သည်။ ကချာနယ်ကို ကာကွယ်စောင့်ရှောက်ပေးရေးနှင့် နေသား တကျရှိအောင် စီစဉ်ပေးရေးအတွက် ဝင်ရောက် စွက်ဖက်ရန် ဗြိတိသျှအစိုးရ၌ အခွင့်အရေး ရှိသည်ဟု အကြောင်းပြခဲ့ သည်။

ဗြိတိသျှတို့သည် မြန်မာများလက်တွင်းသို့ ကချာနယ် ကျရောက်သွားမည်ကို စိုးရိမ်ကြသည်။ ကချာနယ် ကျသွား လျှင် ဘင်္ဂလားနယ်အရှေ့ပိုင်းကို မြန်မာတို့ အလွယ်တကူ တိုက်ခိုက်နိုင်မည်ဟု ယူဆကြသည်။ ထို့ကြောင့် ကချာနယ် ကို မြန်မာတို့ထက် လက်ဦးအောင် သိမ်းပိုက်လိုက်ပြီး အစောင့်အရှောက်ခံ နယ်တစ် နယ်အဖြစ် ကြေညာခဲ့သည်။ ၁၈၂၃ ခုနှစ်တွင် ကချာနယ်အတွင်းသို့ မြန်မာတပ်များ ဝင်ရောက်ကာ မာဂျစ် ဆင်း၏ တပ်များကို တိုက်ခိုက်ရာတွင် ကချာနယ် တွင်ရောက်နှင့်နေသော ဗြိတိသျှတပ်များနှင့် မြန်မာတပ် များ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားသည်။ ၁၈၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဗြိတိသျှတို့ဘက်မှ အထိနာ၍ ခံစစ် အဖြစ်သာ ခုခံကြသည်။

ဤသို့ဖြင့် မဏိပူရအရေးအခင်းမှ ကချာအရေးသို့ ကူးပြောင်းသွားပြီး ဗြိတိသျှတို့နှင့် မသင့်မတင့်ဖြစ်ရသည့် အခြေသို့ ရောက်ရှိခဲ့ရပေသည်။ ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ဘုရင်ခံချုပ် လော့ဒ်အင်းဟတ် (Lord Amherst) က မြန်မာနိုင်ငံနှင့် စစ်ဖြစ်နေပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ထို့နောက် အာသံ၊ မဏိပူရ၊ ပန်းဝါဒေသများ၌ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲများသည် ဗြိတိသျှတို့အား တပ်လန်အောင် မဟာ ဗန္ဓုလနှင့် မင်းကြီးမဟာသီဟသူရ (မြဝတီမင်းကြီးဦးစ)တို့ ဦးစီးသော မြန်မာတပ် များက တိုက်ခိုက်နိုင်ခဲ့ကြ သည်။ မဟာဗန္ဓုလတပ်များက ပန်းဝါကို သိမ်းပိုက်လိုက်သောအခါ ကာလက တ္တား၌ အထိတ် တလန့်ဖြစ်ခဲ့ကြ ရသည်။



ပန်းဝါ၌ ဗြိတိသျှတို့ အရေးနိမ့်မှုကြောင့် စစ်တကောင်း မြို့ အရေးပိုင်သည် မြန်မာတို့ ချီတက် တိုက်ခိုက် လာမည်ကို ခုခံကာကွယ်ရန် စစ်အင်အားဖြည့်တင်းခြင်း၊ စစ်သား စုဆောင်းခြင်း တို့ကို ပြုလုပ်ခဲ့သည်။ အ ကယ်၍သာ ကာလကတ္တားသို့ မြန်မာတပ်များ ချီတက်လာပါက အလွယ်တကူ ရောက်ရှိနိုင်သည်ဟု အများ ကယူဆခဲ့ကြသည်။ သို့သော် ပန်းဝါတွင် အနိုင်ရပြီး နောက် မဟာဗန္ဓုလက ဆက်လက် မတိုက်တော့ သည် ကို ဗြိတိသျှတို့ သံသယဖြစ်ခဲ့ကြသည်။

မြန်မာတပ်များသာ စစ်တကောင်းသို့ ချီတက်မည်ဆိုပါ လျှင် စစ်တကောင်းအရေးပိုင်အမြန်အဆန် စုဆောင်း ဖွဲ့စည်းထားသောတပ်များသည် စစ်တကောင်းမြို့ မကျအောင် ခုခံကာကွယ် နိုင်ဖွယ်မရှိခဲ့ပါချေ။ စစ်တကောင်းအနီးသို့ မြန်မာတပ်များရောက်လာပြီဆိုသည်နှင့် အရှေ့ပိုင်း ဘင်္ဂလားနယ်တစ်နယ်လုံး အထိတ်တလန့်ဖြစ်ကာ ဗြိတိသျှ အစိုးရ၏ အစီအစဉ်များမှာ ပျက်ပြားသွားနိုင်ခဲ့ပေမည်။ အကယ်၍ မဟာ ဗန္ဓု လသာ မြန်မြန်ထက်ထက်ချီတက် တိုက်ခိုက်ခဲ့ပါမူ စစ်ပွဲအနေအထားမှာ ပြောင်းလဲသွားဖွယ် ရှိကြောင်း သမိုင်းပညာရှင်များက သုံးသပ်ခဲ့ကြသည်။ မင်းကြီး မဟာသီဟသူရ၏ အစီအစဉ်အတိုင်း စစ်တကောင်းသို့ ချီတက် တိုက်ခိုက်ခဲ့လျှင် အင်္ဂလိပ် -မြန်မာစစ်ပွဲ၏ရလဒ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ကြောင်း ခေတ် သစ်သမိုင်း ပညာရှင် တို့က ယုံကြည်ကြပေသည်။

ဗြိတိသျှအစိုးရသည် မူလစစ်ရေးအစီအစဉ်အတိုင်း ရခိုင်၊ မဏိပူရဒေသတို့၌ စစ်တစ်မျက်နှာ ဖွင့်တိုက်နေ စဉ် စစ်သည်ပေါင်း ၁၁၅ဝဝ ဖြင့် ဆာအာချီဘောကင်းဘဲလ်ကို ရန်ကုန်သို့ ရေကြောင်း ဖြင့် ချီတက်စေသည်။ ဤရေကြောင်း ချီတပ်များက မာန်အောင်ကျွန်း၊ မော်တင်စွန်းနှင့် ဟိုင်းကြီး ကျွန်းတို့ကို သိမ်းပိုက် လိုက်ကြ သည်။ ပန်းဝါသို့ မင်းကြီး မဟာသီဟသူရချီတက် တိုက်ခိုက်ရခြင်း မပြုမီ မဟာဗန္ဓုလ သည် ''စစ်တကောင်း၊ ပန်းဝါအရောက် တိုက်ခိုက်အောင်မြင် သော်လည်း ကုလားတို့ ငြိမ်ဝပ်မည်မဟုတ်၊ ပင်လယ်ရေလမ်း သင့်ရာ ဟံသာဝတီ ရန်ကုန်မြို့ကို ထိပါးနှောင့်ယှက် ရန် ရှိပါသည်။ ဟံသာဝတီမြို့မှာ နှလုံးလက်ရုံးနှင့် ပြည့်စုံသူ မှူးကြီးမတ်ကြီးတို့ ရပ်နေမှသင့်ပါမည့်အကြောင်း'' ကြိုတင်၍ စစ်ကိုင်းမင်းထံ လျှောက်ထားခဲ့သည်။ ဗန္ဓုလ၏ လျှောက်ထားချက်အတိုင်း စစ်ကိုင်းမင်းက ဝန်ကြီးသတိုးမင်းကြီး မဟာမင်း ခေါင်နှင့် ဝန်ကြီး သတိုးမဟာ သေနာပတိတို့ကို ၁၈၂၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်သို့ စုန်ဆင်းစေခဲ့ သည်။

၁၈၂၄ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဗြိတိသျှတပ်များ ရန်ကုန်သို့ ရောက်လာသောအခါ မြန်မာတို့ဘက်မှ မြို့စောင့် တပ်မျှသာရှိ၍ မြို့တွင်းမှ ဆုတ်ပေးခဲ့ရသည်။ ထို့နောက် မြန်မာတပ်များသည် ကြည်မြင့်တိုင်တွင် ခံတပ်အခိုင်အခံ့ ဆောက်လုပ်ကာ စစ်ပြင်ဆင်ခဲ့ကြသည်။ ထိုစဉ်က စစ်မျက်နှာ ၌ အရေးမလှဖြစ်နေ၍ မဟာဗန္ဓုလသည် တပ်များကို ကွပ်ကဲ ၍ ရုတ်ခြည်းရောက်ရှိလာသောအခါ တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားလာခဲ့သည်။



မြန်မာတပ်တို့၏ စစ်ချီ၊ စစ်တက်၊ တိုက်ခိုက်လှုပ်ရှား မှုများမှာလည်း နည်းဗျူဟာအဆင့် မနိမ့်သော်လည်း ဗြိတိသျှတို့၏ လက်နက်နှင့် မြန်မာတပ်များ ကိုင်ဆောင်ခဲ့ သော လက်နက်ချင်းကား မယှဉ်သာအောင် ကွာ ခြားသော ကြောင့် မဟာဗန္ဓုလသည် ရပ်တန့်မခုခံနိုင်ဘဲ ရန်ကုန်မြို့မှ ဓနုဖြူသို့ ဆုတ်ပေးခဲ့ရလေသည်။ ထို့နောက် ဓနုဖြူခံတပ် တွင် စစ်သည်များကို ကွပ်ကဲနေစဉ် အင်္ဂလိပ်တို့ပစ်ခတ်ခဲ့သော ဗုံးဆန်ထိမှန်၍ ၁၈၂၅ ခု ဧပြီလ ၁ ရက်နေ့တွင် ကျဆုံး သွားခဲ့ရပေသည်။

မဟာဗန္ဓုလ ကျဆုံးပြီးသည့်နောက် မြန်မာတပ်များသည် ဓနုဖြူမြို့ကို လက်လွှတ်လိုက်ရ၍ အထက်ပိုင်းသို့ ဆုတ်ခွာ ပေးခဲ့ကြရလေသည်။ ဗြိတိသျှတပ်များသည် မြန်မာနိုင်ငံ အထက်ပိုင်းသို့ ကြည်းကြောင်း၊ ရေ ကြောင်းနှစ်ဖက်ညှပ်၍ ဆက်လက်ချီတက်ကြသည်။ မြန်မာတပ်များသည် ပြည်မြို့ အနီးတစ်ဝိုက်မှ ဆီးကြို ခုခံကြသည်။ ပြည်မြို့တစ်ဝိုက် ဖြစ်ပွားသော တိုက်ပွဲများ ကိုဦးဆောင်သည့် မြန်မာတပ်မတော် တပ်မှူး တပ် ဗိုလ်များတွင် ရှမ်းအမျိုးသမီးသုံးဦးပါဝင်သည်။ ဤတိုက်ပွဲများ၌ ရှမ်းစော်ဘွား မြို့စားတို့၏ တပ်များ သည် လည်း မြန်မာတပ်များနှင့် အတူလက်တွဲ၍ ဗြိတိသျှတို့အား ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့ကြရာ ဗိုလ်ချုပ် မဟာနေမျိုး နှင့်အတူ မောက်မယ်စော်ဘွား ကျဆုံးခဲ့ရသည်။

ဗြိတိသျှတို့က စစ်နှစ်ဖက်ညှပ်ကာ ခဲယမ်းမီးကျောက် တို့ကိုသုံး၍ တိုက်ခိုက်မှုကြောင့် ပြည်မြို့မှ မြန်မာ တပ် များ ဆုတ်ခွာ၍ ဝက်ထီးကန်အရပ်မှ ခုခံကြပြန်သည်။ ဝက်ထီးကန် သို့ ချီတက်တိုက်ခိုက်သော ကာနယ် မက်ဒူးဝေါ (Col.Mc Dowall) ၏ ဗြိတိသျှတပ်များသည် အထိနာခဲ့ကြသည်။ ဤတိုက်ပွဲ၌ ဗိုလ်မှူး ကြီး မက်ဒူး ဝေါအပါအဝင် အင်္ဂလိပ် အရာရှိ ငါးယောက်နှင့် တကွ အင်္ဂလိပ်စစ်သားအမြောက်အမြား၊ ကုလား စစ်ဗာရီ အမြောက်အမြား ကျဆုံးခဲ့သည်။ ဗြိတိသျှတို့ မခံမရပ်နိုင်တော့ဘဲ ပြည်မြို့သို့ ပြန်လည် ဆုတ်ခွာ ကြရသည်။ သို့သော် များ မကြာမီကပင် အင်အားအလုံး အရင်းဖြင့် ပြန်လည်၍ ဗြိတိသျှတို့က တိုက်ခိုက်သောအခါ မြန်မာတပ်များ ဆုတ်ခဲ့ရသည်။

ပြည်မြို့နှင့် ဝက်ထီးကန်ကျသွားပြီးနောက် မြန်မာတပ် များသည် မြေထဲ၊ မလွန်၊ ပုဂံ၊ ညောင်ဦး၊ ဆမြိတ်ခုံ အစရှိ သည့် မြို့ရွာများမှ ခုခံတိုက်ခိုက်နိုင်သမျှ တိုက်ခိုက်ရင်း အဆင့်ဆင့် ဆုတ်ခွာခဲ့ကြရာ နောက်ဆုံးတွင် ဗြိတိသျှတပ် များသည် ရန္တပိုရွာအထိ ချီတက်နိုင်ခဲ့ကြသည်။ ထိုအခါ မြန်မာ့လွှတ်တော်သည် စစ်ပြေငြိမ်း စကား ဆိုရန် စစ်ကိုင်း မင်းအား တိုက်တွန်းခဲ့ရ တော့သည်။ ထို့ကြောင့် ဒေါက်တာ ယုဒသန် (Dr.Adoniram Judson) နှင့် ဒေါက်တာ ပရိုက် (Dr.Price) တို့ကို ဗြိတိသျှတပ်များရှိရာသို့ စေလွှတ်၍ စစ်ပြေငြိမ်းရေးအစီအစဉ်ကို ဆွေးနွေးစေခဲ့ ပေသည်။

ဤသို့ဖြင့် မြန်မာအစိုးရက အာဏာကုန်လွှဲအပ် အပ်နှင်းထားသော လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာ မင်းလှကျော်ထင်၊ ကျီဝန်အတွင်းဝန်မင်းကြီး မဟာမင်းလှ သီဟသူရတို့သည် ဆာအာချီဘောကင်းဘဲလ် အပါအဝင် အခြားအင်္ဂလိပ်အရာရှိတို့နှင့် ရန္တပိုရွာတွင် တွေ့ဆုံကာ နောင်တွင် ရန္တပိုစာချုပ်ဟု ထင်ရှားသည့် စစ်ပြေငြိမ်းရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီး အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲသည် ၁၈၂၆ ခုနှစ်တွင် ပြီးဆုံးသွားခဲ့ပေ သည်။

ရန္တပိုစာချုပ်တွင် အပိုဒ် (၁၁) ပိုဒ်ပါဝင်ခဲ့ရာ အောက်ပါ အတိုင်းဖြစ်ပေသည်။
ပထမ။ အင်္ဂလိပ်မင်းနှင့် မြန်မာရှင်ဘုရင်တို့သည် စစ်ပြေငြိမ်း၍ မိတ်သဟာယ အစဉ်အဆက်ဖြစ် စေ။

ဒုတိယ။ မြန်မာရှင်ဘုရင်က အာသံပြည် မြို့ရွာ၊ အက္ကပတ် ပြည်၊ ဝေသာလီပြည် (Assamc, Cacharc, Munnipure) တို့ကို အစိုးမပိုင်။ နောက်တတန် မစီရင်ရ။ မဏိပူရမြို့ မှာလည်း ဂမ္ဘီရရှိန် (Gambhir Sing) တို့သည် မိမိပြည်သို့ ပြန်၍ မင်းပြုလုပ်လိုလျှင် မြန်မာဘုရင်က အဆီးအတား အနှောင့်အယှက် မပြုနေ ရမည်။

တတိယ။ နောက်တဘန် ပြည်ကြီးနှစ်ပြည် အပိုင်းအခြားကို ငြင်းခုံရန် အကြောင်းမရှိရအောင် အင်္ဂလိပ်မင်း သည် တိုက်၍ အောင်ခဲ့သော ရခိုင်၊ ယမ်းဗြဲ၊ မာန်အောင်၊ သံတွဲတည်း ဟူသော ရခိုင်ပြည်ကြီးကို အစဉ်ယူ၍ မော်တင်စွန်းစေတီကြီး ထိ စပ်ကြားအပိုင်းအခြားဖြစ်စေ။ နောက်မှအပိုင်းအခြား ငြင်းခုံရန်ရှိလျှင် အင်္ဂလိပ် မင်း၊ မြန်မာမင်းက ခန့်ထားသော သူတို့သည် အထက်နယ်နိမိတ်အတိုင်း မှန်ကန်အောင် စီရင် စေ။ ခန့်ထားသောသူတို့လည်း အရာရှိမှူးမတ် သူကောင်း ဖြစ်စေရမည်။

စတုတ္ထ။ မြန်မာရှင်ဘုရင်သည် အင်္ဂလိပ်မင်းကို ယေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီမြို့ရွာ နယ်နိမိတ်၊ တောင် ကမ်းကျွန်းများ နှင့်တကွ အပိုင်ပေးသည်။ သံလွင်မြစ်က အပိုင်းအခြား ဖြစ်ရ မည်။ နောက်မှ အပိုင်းအခြား ငြင်းခုံရန်ရှိလျှင် အထက်ဆိုခဲ့ပြီး သည့်အတိုင်း စီရင်စေ။


ပဉ္စမ။ မြန်မာရှင်ဘုရင်သည် ပြည်ကြီးနှစ်ပြည် အစဉ် မိတ်သဟာယဖွဲ့စေချင်သော စေတနာ အလိုထင် ရှား ရှိစေ ခြင်းငှာ အင်္ဂလိပ်ကစစ်တိုက်၍ ကုန်စားရိပ်အနက် အနည်း ငယ်ပြေရအောင် ကျပ်သုံးဒင်္ဂါးပြားရေ တကုဋေပေးရမည်။

ဆဋ္ဌမ။ ယခု စစ်တိုက်ကြသည့်အတွင်း ကုလားဘက်သို့ ဝင်စားသော မြန်မာရှင်ဘုရင့်ကျွန်၊ မြန်မာဘက်သို့ ဝင်စားသော ကုလားတို့မှာအလိုလို ဝင်စားသည်ဖြစ်စေ၊ အနိုင် ဝင်စားရ သည်ဖြစ်စေ၊ အဘယ်သူမျှအဘက် ဘက်သို့ ဝင်စားသည့်အတွက် ရာဇဝတ်မခံ အနှောင့်အယှက်မရှိ စေရ။

သတ္တမ။ ပြည်ကြီးနှစ်ပြည် ယခုဘွဲ့သော မိတ်သဟာယ မြဲစေ ခြင်းငှာ အင်္ဂလိပ်မင်းခန့်ထားသော အရာ ရှိ တယောက်၊ အချွေအရန် လူငါးဆယ်၊ လက်နက်ကိရိယာအစုံနှင့် မြန်မာ မြို့တော်မှာနေစေ။ မြန်မာ မင်းခန့် ထားသော အရေးပိုင် အရာရှိတယောက် အချွေအရန် လူငါးဆယ်၊ လက်နက် ကိရိယာအစုံနှင့် ကုမ္ပဏီဘု ရင့်မြို့တော်မှာနေစေ၊ ကုလား ပြည်မှာနေသော မြန်မာမင်း၊ မြန်မာ ပြည်မှာနေသောကုလား မင်းတို့သည် မိမိနေရာဖို့ အတော်အသင့်တိုက်အိမ်ကို ဝယ်လိုလျှင် ဝယ်၍ နေစေ။ အသစ်တည်လိုလျှင် လည်း တည် လုပ် စေ၊ ၎င်း¤င်းနှစ်နိုင်ငံနှစ်ပါး အကျိုးစီးပွား ဖြစ်ထွန်းစေခြင်းငှာ ရွှေလမ်းငွေလမ်းဖွင့်၍ အချင်းချင်း ဖောက်ကား ရောင်းဝယ် ခြင်း အမှုအရေး များနှင့်ဆိုင်သောစာချုပ်ကို ထပ်၍လုပ်စေ ရမည်။

အဋ္ဌမ။ စစ်မရှိ မတိုက်မီ ကြွေးဟောင်း မြီဟောင်းရှိသမျှ မင်းအရာရှိ ဆိုင်သည်ဖြစ်စေ၊ ဆင်းရဲသားဆိုင်သည် ဖြစ်စေ၊ သစ္စာရှိသည့်အတိုင်း ကုန်စင်အောင် ဆပ်ပေးစေရမည်။ ကြွေးတင် သည့်နောက်ဖြစ်သည်ဆို၍ မ ကပ်မခိုစေရ။ သူ့ဥစ္စာကို အသိမ်းအယူမရှိစေရ။ စစ်တိုက်သောအမှု ကြောင့် အဘယ်မျှကုလားဖြစ်စေ၊ မြန် မာဖြစ်စေ သူ့ဥစ္စာကို အသိမ်းအယူမရှိစေရ။ အင်္ဂလိပ ရှင်ဘုရင့်ကျွန်ဖြစ်တို့သည် မြန်မာနိုင်ငံတွင်သေ၍ အေ မွခံမရှိလျှင် ကျန်ရစ်သော ဥစ္စာ ပစ္စည်းရှိသမျှကို မြန်မာနိုင်ငံတွင်နေသော အင်္ဂလိပ်အရေး ပိုင်လက်သို့ ကု လားဖြူထုံးစံအတိုင်း အပ်ရမည်။ ထိုနည်း အတူ မြန်မာမင်း ကျွန်ဖြစ်သူတို့သည် အင်္ဂလိပ်နိုင်ငံ တွင်သေ၍ အမွေခံမရှိ လျှင် ကျန်ရစ်သော ဥစ္စာပစ္စည်း ရှိသမျှကို အင်္ဂလိပ်နိုင်ငံတွင်နေသော မြန်မာမင်းအရေးပိုင် အရာရှိလက်သို့ အပ်ရမည်။

နဝမ။ အင်္ဂလိပ် သင်္ဘောများကို မြန်မာမြို့ဆိပ်သို့ ဝင် ရောက်လျှင် တက်မချွတ် အမြောက်မချဘဲ နေသ ကဲ့ သို့  အင်္ဂလိပ်မြို့ဆိပ်သို့ ဝင်ရောက်သော မြန်မာ သင်္ဘောသည် လည်း အနှောင့်အယှက် မရှိဘဲနေရမည်။



ဒသမ။ အင်္ဂလိပ်မင်းနှင့် မိတ်သဟာယဖွဲ့သော ယိုး ဒယား ရှင်ဘုရင်သည် အင်္ဂလိပ်ဘက်သို့ စစ်ကူ၍ဝင်စား လာသည်မှာ ယခုလုပ်ကြသော မိတ်သဟာယ စာချုပ် အပါအဝင်ဖြစ်သည်ကို မှတ်ရမည်။

ဧကာဒသမ။ ယခုလုပ်သော မိတ်သဟာယစာချုပ်ကို မြန်မာဘုရင် ခန့်ထားတော်မူသော အရေးပိုင် သံတမန် တို့သည် လက်မှတ်၊ တံဆိပ်ခပ်နှိပ်ရမည်။ အချုပ်ခံရသော အင်္ဂလိပ်၊ အမေရိကန် အစရှိသော ကုလားဖြူ၊ ကု လားနက် ရှိသမျှတို့ကို အင်္ဂလိပ်အရေးပိုင် သံတမန်တို့ လက်သို့ အပ်ရမည်။ ၎င်းဣန္ဒြိယတိုင်းကို အစိုးရေ သာ ကုမ္ပဏီရှင် ဘုရင်သည်ခံဝန်၍ လက်မှတ် တံဆိပ်ခပ်သော စာချုပ်ကို ယင်းလအတွင်း မြန်မာဘုရင် လက်တော်သို့ ပြန်၍ပေးလိုက် ရမည်။ အင်္ဂလိပ်မင်းချုပ်ထားသည့် မြန်မာလူရှိသမျှ တို့ကို အင်္ဂလိပ်ပြည်မှ အလျင်အမြန်ခေါ်ခဲ့၍ မြန်မာ မင်းလက်သို့ အပ်ရမည်။

(စာချုပ်ပါ မူလစာလုံးပေါင်း သတ်ပုံအတိုင်းဖြစ်ပါသည်။)

ရန္တပို စာချုပ်အရ မြန်မာတို့က အင်္ဂလိပ်တို့ကို စစ် လျော်ကြေး ငွေကျပ်တစ်ကုဋေနှင့် ရခိုင်၊ တနင်္သာရီ နှင့် မ ဏိပူရနယ်တို့ကို ပေးအပ်လိုက်ရတော့သည်။ မြန်မာ့ သမိုင်းတစ်လျှောက် မိမိတို့ပိုင်ဆိုင်ခဲ့သော နယ်မြေ များ အား တိုင်းတစ်ပါးသားတို့အား ပေးလိုက်ရခြင်းသည် မမေ့နိုင်သော ရင်နာဖွယ်ဖြစ်ရပ် ဖြစ်ခဲ့ရပေသည်။ အင်္ဂလိပ် တို့သည် မြန်မာတို့ အပေါ်နိုင် လိုမင်းထက် စာချုပ်ချုပ်ဆို အပြီး ၁၈၂၆ ခုနှစ် မတ်လဆန်းတွင် တပ် များရုပ်သိမ်း ခဲ့သည်။

မျိုးချစ်စိတ်ဓာတ် ထက်သန်လှသော မြန်မာလူမျိုး တို့သည် မိမိတို့နိုင်ငံကို ချစ်မြတ်နိုးကြရာဝယ် နိုင်ငံတော် အား တိုင်းတစ်ပါးသားတို့ မနှောင့်ယှက်၊ မထိပါးနိုင်စေ ရန် ခိုင်မာသော၊ ခေတ်မီတိုးတက်သောအင်အား တစ်ရပ် ကို ထူထောင်ကြရမည်ဖြစ်ကြောင်း အင်္ဂလိပ်တို့နှင့် ဖြစ် ပွားခဲ့သော စစ်ပွဲများက သင်ခန်းစာပေး၊ မီးမောင်းထိုးပြ ခဲ့သည်ဟု ယူဆမိပါသည်။

မြန်မာတို့ထံမှ စစ်လျော်ကြေးရရှိသွားသော ရွှေနှင့် ငွေများကို တင်ဆောင်သွားခဲ့သည့် အင်္ဂလိပ် သင်္ဘော (Alligator) သည် ယူနီယံဂျက်အလံကိုလွှင့်ထူကာ ရန်ကုန်မြစ်အတွင်းမှ ထွက်ခွာသွားခဲ့ သည့်ပုံရိပ်ကို စဉ်း စားမိသူတိုင်း များစွာကြေကွဲဝမ်းနည်းကြရပေ တော့သည်။ ရန္တပိုရွာတွင် စစ်ပြေငြိမ်းခဲ့ရသည့် အနိုင် အထက် စာချုပ်ချုပ်ဆိုခံခဲ့ရသော အထိမ်းအမှတ် ကျောက်စာတိုင်သည် မြန်မာတို့အား နယ်ချဲ့တို့အနိုင် ကျင့်ခဲ့မှု၏ သက်သေတစ်ရပ်အဖြစ် ယနေ့တိုင်တည်ရှိ နေပေ တော့သည်။

လင့်၊https://www.moi.gov.mm/?q=news/13/11/2018/id-5554

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */