Thursday, October 24, 2019

မြန်မာ့သမိုင်းနှင့် တိုင်းရင်းသားလူမျိုးများတွင် ရိုဟင်ဂျာ မရှိပါ


၁။      ရှေးမြန်မာ့သမိုင်းရာဇဝင်များအရ အေဒီ ၁၅ ရာစု ခေတ်ကာလက ရခိုင်ဘုရင်အဆက်ဆက်၏ လက်အောက်တွင် သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ယူလာသည့် အိန္ဒိယ နွယ်ဖွားများကို လယ်ယာလုပ်ငန်းနှင့် အခြားလုပ်ငန်းများတွင် အသုံးပြုရန် ခေါ်ယူခဲ့ကြောင်း အထောက်အထားများအရ လေ့လာတွေ့ရှိရပါသည်။

၂။      အေဒီ(၁၆၅၂-၁၆၇၄)တွင် ရခိုင်ဘုရင် စန္ဒသုဓမ္မဂျာထံသို့ သျှားရွှဂျာမင်းသား ခိုလှုံရောက်ရှိလာပြီး ၎င်းနှင့်အတူ မွတ်စလင် လေးသည်တော် ကမန်များ ပါရှိလာခဲ့ပါသည်။ ရခိုင်ဘုရင် စန္ဒိဇယမင်း အေဒီ (၁၇၁၀-၁၇၃၁) လက်ထက်တွင် မွတ်စလင်လေးသည်တော် ကမန်များ တော်လှန်ပုန်ကန်သဖြင့် စစ်တွေ နှင့်ရမ်းဗြဲဒေသများသို့ နယ်နှင်ဒဏ်ပေးခဲ့ပါသည်။


၃။      ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာတို့ အရေးနိမ့်ကာ ၂၄-၂-၁၈၂၆ ခုနှစ်တွင် စစ်ပြေ ငြိမ်းခဲ့ရာ ရခိုင်ကမ်းမြောင်ဒေသနှင့် တနင်္သာရီကမ်းမြောင်ဒေသတို့ အင်္ဂလိပ်လက်အောက် ကျ ရောက်သည်မှစ၍ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ ဝင်ရောက်လာပြီး စပါးတိုးချဲ့စိုက်ပျိုးရန်အတွက် အိန္ဒိယ အမျိုးသားများကို ရခိုင် ပြည်နယ်အတွင်းသို့ တံခါးမရှိ ဓားမရှိ ခေါ်ဆောင်လာခဲ့ပါသည်။

၄။      ရှေးမြန်မာ့သမိုင်းရာဇဝင်များတွင် လူမျိုးတစ်ရာ့တစ်ပါးရှိကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့ရာ ရိုဟင်ဂျာ လူမျိုးလည်း မပါရှိခဲ့ပါ။ ရိုဟင်ဂျာ ဟူသော စကားလုံး တစ်လုံးတစ်ပါဒမျှ ဖော်ပြခဲ့ခြင်း မရှိပါ။

၅။      ရိုဟင်ဂျာဆိုသည်မှာ တိုင်းရင်းသားမျိုးနွယ်စုအမည်၊ လူမျိုးအမည် မဟုတ်ဘဲ ဘင်္ဂလီဘာသာ စကား အဓိပ္ပါယ်အရ“ရိုဟင်”၏အဓိပ္ပါယ်မှာ “အိမ်ရာမဲ့”ဖြစ်ပြီး “ဂျာ”၏ အဓိပ္ပါယ်မှာ“လူ”ဖြစ်သောကြောင့် “အိမ် ယာမဲ့လူ”ဟု အနက်အဓိပ္ပါယ်ရပါသည်။

၆။        ၁၉၄၈ ခုနှစ် မတိုင်မီက ရိုဟင်ဂျာ အသုံးအနှုန်းကို ရေးသားဖော်ပြခဲ့မှုမရှိပါ။ မောင်တောတွင် အခြေ စိုက်သော ဂျာမေတူလ် လမားအသင်းမှ ရခိုင်မြောက်ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ ထူထောင် ပေးရန် ဗြိတိသျှ ပါလီမန်အတွင်းဝန် A.G Bottomley ထံသို့ ၂၄-၂-၁၉၄၇ ခုနှစ်တွင် တင်ပြ တောင်းဆိုခဲ့ရာ “ပြည်ပဒေသမှ လာရောက်အခြေချသူများသည် မြန်မာနိုင်ငံအတွင်း သီးခြားလူမျိုး၊ သီးခြားပြည်နယ် တောင်းဆိုပိုင်ခွင့်မရှိပါ”ဟု ဗြိတိသျှပါလီမန် အတွင်းဝန်က ဆုံးဖြတ်ခဲ့ပါသည်။ ၎င်းစာလွှာ တွင်လည်း ရိုဟင်ဂျာ ဟူသော အသုံးအနှုန်းမျိုး မပါရှိခဲ့ပါ။

၇။      မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုကရေစီခေတ်၌ ဆန္ဒမဲရရှိအောင် မမှန်ကန်သောနည်းလမ်းဖြင့် ပါတီ အ ချို့က ဆောင်ရွက်ခဲ့ခြင်းကြောင့် မောင်တော၊ ဘူးသီးတောင် မဲဆန္ဒနယ်တွင် ဘင်္ဂလီလူမျိုး အဗ္ဗဒူဂဖား သည် တိုင်းပြည်ပြု လွှတ်တော်အမတ်ဖြစ်လာခဲ့ပါသည်။ ၎င်းက ပြည်ထဲရေးဝန်ကြီးနှင့် အတွင်းဝန်ထံသို့ သမိုင်းကို လုပ်ကြံဖန်တီး၍ သင်္ဘောပျက်ပုံပြင်အား ရေးသားပြုစုပြီး ရိုဟင်ဂျာ စကားလုံး ထည့်သွင်းဖော်ပြ ထားသည့် အစီရင်ခံစာကို ၂၀-၁၁-၁၉၄၈ ရက်နေ့တွင် ပေးပို့ခဲ့ပါသည်။


၈။      ရှေးမြန်မာ့သမိုင်းရာဇဝင်များအရ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်းကို မြန်မာ့သမိုင်းအဖွဲ့က သု တေသနစာတမ်းပြုစု၍ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြခဲ့သော်လည်း ခေတ်အဆက်ဆက် တာဝန်ရှိ သူ များက တရားဝင် ထုတ်ဝေမှုပြုလုပ်ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ။

၉။      မြန်မာ့သမိုင်းအဖွဲ့က ပြုစုထားသော မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာလူမျိုးမရှိကြောင်းကို ခိုင်မာစွာ ဖော်ပြမည့် “ရခိုင်ဒေသအတွင်းရှိ ဘင်္ဂလီတို့၏ လှုပ်ရှားမှု”စာအုပ်ကို မြန်မာ့သမိုင်းပညာရှင် အဖွဲ့ဝင်များထံ ပြန်လည်ဖတ်ရှုလေ့လာသုံးသပ်ရန် ပေးပို့ထားပြီး ပညာရှင်များအဖွဲ့က ဖြည့်စွက်ပြင်ဆင် တည်းဖြတ်ပြီးပါက သမိုင်းအထောက် အထား အပြည့်အစုံဖြင့် အများပြည်သူ လေ့လာ ဖတ်ရှုနိုင်စေရန် ပုံနှိပ်ထုတ်ဝေဖြန့်ချိသွား မည်ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။


(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */