RFA
RFA Burmese
2023.12.18
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ကလေးငယ်တစ်ဦးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalistရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီလည်း မရသလို၊ စခန်းအပြင်ကိုပါ သွားလာလို့မရတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို ဒီနေ့ ပြောပါတယ်။
အဲဒီငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း (၁) နဲ့ စခန်း (၂) မှာ အိမ်ထောင်စု နှစ်ထောင်ကျော်၊ လူဦးရေ တစ် သောင်းကျော် ခိုလှုံနေတာပါ။
ဒုက္ခသည်တွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့တဲ့ လူတစ်ဦးကို တစ်လငွေကျပ် ၁၃၀၀၀၊ ဆန် (၁၃) သစ်ကျော် (ခြောက်ပြည်နဲ့ နို့ဆီဘူး ခြောက်ဘူး) အပြင် တခြား နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူ အညီနဲ့သာ ရပ်တည်နေကြရတာ ဖြစ်ပါတယ်။
လက်ရှိ အထောက်အပံ့မရတာ တစ်လကျော်ရှိလာပြီး စခန်းအပြင်ကိုပါ သွားလို့မရတာကြောင့် ထမင်းငတ်မယ့် အခြေအနေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ စခန်းမှာက WFP က ပေးတာကို အဓိကမှီခိုနေတာပါ။ အခုမရတာ တစ်လကျော်ရှိပါပြီ။ ပြီးရင် အရင်လို တစ်နေရာနဲ့ တစ်နေရာ သွားလို့မရဘူး။ လမ်းတွေအကုန် ပိတ်ထားတယ်။ အခုစခန်းမှာ ရိက္ခာတွေ ပြတ်နေတယ်။ ဒီတစ်ပတ်အတွင်းမှာ အထောက်အပံ့တွေမရရင် ထမင်းငတ်မယ့် အခြေအနေ ရှိနေပါတယ်”
ဒုက္ခသည်စခန်းထဲက ကုန်စုံဆိုင်တွေမှာရှိတဲ့ စားနပ်ရိက္ခကာ လက်ကျန်ပစ္စည်းတွေလည်း စျေးအဆမတန် မြင့် တက်နေတာကြောင့် ခက်ခဲနေကြတာလို့ ဆိုပါတယ်။
ငှက်ချောင်းက ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့နေတဲ့ အမည်မဖော်လိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ တာ ဝန်ရှိသူကို RFA က မေးမြန်းရာမှာတော့ စစ်ကောင်စီက လမ်းတွေပိတ်ထားတာကြောင့် မထောက်ပံ့နိုင် တာလို့ ပြောပါတယ်။
ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA ကတယ် လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာ ၈ ရက်ထုတ်ပြန်ချက်အရ ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တစ်ကျော့ပြန်တိုက်ပွဲရော၊ အရင်ကတိုက်ပွဲကြောင့်ပါ ထွက်ပြေးရ သူ ဒုက္ခသည်နှစ်သိန်းကျော်လာပါပြီ။ စစ်ကောင်စီတပ်က ခရီးသွားလာခွင့်အပြင် ကုန်းလမ်း၊ ရေလမ်းပါ ပိတ် ဆို့ထားတာကြောင့် လူသားချင်းစာနာမှု အကူအညီပေးဖို့ပါ ခက်ခဲနေတယ်လို့ (UNOCHA) က ထုတ်ပြန်ထား ပါတယ်။
Link : Here
No comments:
Post a Comment