" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 14, 2023

ရခိုင်ပြည်ရှိ မြို့(၁၇)မြို့များ၏ရာဇဝင်အကျဉ်း

ရခိုင်ပြည်ရှိ မြို့(၁၇)မြို့များ၏ရာဇဝင်အကျဉ်း

 
1. စစ်တွေ
ကုလားတန်မြစ်ဝ၏ အနောက်ဖက်ကမ်းနှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆုံရာအရပ်တွင် တည်ရှိပြီး သ ဘာဝပထဝီ ကျောထောက်နောက်ခံ ကောင်းသည်။မြို့၏မြောက်ဖက်ကိုဆတ်ရိုးကျချောင်းကပိုင်းဖြတ် ထားသည်။ ရခိုင်ပြည်၏ မြို့တော်ဖြစ်ကာ ဧရိယာအကျဉ်းဆုံးမြို့လည်းဖြစ်သည်။


တောင်နှင့်မြောက် သုံးမိုင်ခွဲ၊ အရှေ့နှင့်အနောက်က နှစ်မိုင်ခန့်ရှိသည်။အကျဉ်းဆုံးနေရာသည်ခြောက် ဖာလုံ ရှိသည်။ မြို့ဧရိယာမှာ (၃.၃၄) စတုရန်းမိုင် ရှိသည်။ `မြို့ပေါ်တွင်´ လူဦးရေ (၁.၂၇) သိန်းကျော် နေထိုင်သည်။ စစ်တွေမြို့နယ် တစ်ခုလုံး၏ လူဦးရေမှာမူ (၂.၃၃) သိန်း ရှိပါသည်။

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ စစ်တွေမှ ဆန်တန်ချိန် တစ်သိန်းကျော်အထိ နှစ်စဉ်တင်ပို့နေသဖြင့် ဆန် မြို့ဟုလည်း အမည်တွင်ခဲ့သည်။


ရန္တပိုစာချုပ်အရ အင်္ဂလိပ်တို့ ရခိုင်ကိုသိမ်းပြီးသောအခါ မြောက်ဦးမြို့သည် အနေအထား မကောင်း တော့သဖြင့် ၁၈၃၆ - ခုနှစ်တွင် စစ်တွေကို တည်ထောင်သည်။ `စစ်တဲကြီး´တစ်ခု ရှိခဲ့သည်ကို အစွဲပြု ၍ စစ်တွေဟုတွင်လာသည်။ အာကျပ်ကုန်းရှိ အာကျပ်တော်စေတီကို အစွဲပြု၍ အင်္ဂလိပ်တို့က အာ ကျပ် (AKYAB)ဟု ခေါ်ကြသည်။


စစ်တွေမြို့နယ်ဧရိယာ၏ (၃၅) ရာခိုင်နှုန်းမှာ ဆန်စပါးစိုက်ပျိုးသည်။ သစ်တောဧရိယာ မရှိပါ။ ပုဇွန် ကန် (၄၂၆) ကန်နှင့် မွေးမြူရေးဧရိယာ (၄၈၉၀) ဧကရှိသည်။ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ငါးနှင့် ရခိုင်လုံချည်တို့ ဖြစ်သည်။


စစ်တွေအနောက်ဖက်ရှိ ပေ (၂၀) ခန့်မြင့်သည့် တောင်ကုန်းငယ်တစ်ခုသာ အမြင့်ဆုံးကုန်းမြင့် ဖြစ်ပါ သည်။ ကျေးရွာအုပ်စု (၂၇) စုနှင့် ကျေးရွာငယ် (၈၇) ရွာရှိပါသည်။ ကန်တော်ကြီး၊ ဘုရားကြီး၊ ဧစေ တီ၊ သလုံးတော်ဓာတ်စေတီ၊ လောကာနန္ဒာစေတီ၊ မင်းကြီးကျောက်တန်း၊ ရှုခင်းသာလမ်း၊ ပွိုင့်၊စစ်တွေ ဟော်တယ်ရှေ့ကမ်းခြေ၊ နန္ဒာဝန်ဥယျာဉ်တို့မှာ ထင်ရှားသည်။


2. ပုဏ္ဏားကျွန်း

 
ကုလားတန်မြစ်၏ လက်ဝဲဖက်အရပ်တွင် တည်ရှိသည်။ ၁၉၀၅ - ခုနှစ်တွင် မြို့ဖြစ်လာသည်။ ၁၈၆၈ - လေမုန်တိုင်းကြီးကြောင့် မူလရုံးစိုက်ရာ တန်ခိုးရွာကြီးမှ ပြောင်းရွှေ့လာကာ နည်ထောင်ခြင်းဖြစ်သည်။ မြို့သည် ပင်လယ်ရေပြင်အမြင့် (၈) ပေတွင် ရှိသည်။ မြို့အရပ်တွင် ရှေးအခါက ပုဏ္ဏားများနေ ထိုင် ခဲ့၍ ပုဏ္ဏားကျွန်းမြို့ဟု အမည်တွင်သည်။ မြို့သောက်သုံးရေအတွက် ဂူဝဆည်ကို တည်ထားကာ `မြို့ ပေါ်နေ'´လူဦးရေမှာ (၁၀၆၆၆) ဦး ရှိသည်။ `မြို့နယ်တစ်ခုလုံး၏´ လူဦးရေမှာမူ (၁.၃၃) သိန်းကျော် ရှိသည်။


မြို့၏ဧရိယာအကျယ်မှာ (၀.၀၇) စတုရန်းမိုင်ဖြစ်ပြီး၊ မြို့နယ်တစ်ခုလုံး၏ အကျယ်မှာ (၄၃၉.၆၃) မိုင် ရှိသည်။ စပါးစိုက်ဧရိယာ (၉၃.၅၈) စတုရန်းမိုင် ရှိကာ၊ ပုဇွန်ကန်ပေါင်း (၄၅၃) ကန်နှင့် မွေးမြူရေး ဧရိယာ (၇၄၈၁) ဧက ရှိသည်။`တောဖျားချောင်း´ဆိုသည့် ဒေသမှ ငရုပ်ကောင်း အများဆုံးထွက်သည်။ဦးရာဇ်တော်ဓာတ်စေတီ၊ စမြုံတော်ဓာတ်စေတီ၊ ဘဲငါးရာတောင်တို့ ရှိသည်။


3. ပေါက်တော

 
ကျွဲကူးမြစ်၏ လက်ဝဲဖက်ကမ်းတွင် တည်ရှိသည်။ မြို့တည်မည့်အရပ်တွင် ၁၇၈၈ - ခုနှစ်မှပင် လူနေ သည်။ ၁၈၉၀ - ပြည့်နှစ်တွင် မြို့ပြဖြစ်လာသည်။ `ပေါက်ပင်တော´များကို အစွဲပြု၍ မြို့အမည်တွင် သည်။ ဆန်စပါး ရေလုပ်ငန်းတို့ဖြင့် ထင်ရှားသည်။ မြို့မြောက်ဖက်ရှိ သရွေးဓာတ်တောင်စေတီမှာ အ ထင်ကရရှိသည်။ မြို့ပေါ်တွင် ရပ်ကွက်(၅) ခုရှိသည်။


မြို့ပေါ်နေလူဦးရေမှာ (၁၈၅၇၁) ဦးရှိကာ၊ မြို့နယ်တစ်ခုလုံးတွင် (၁.၆၇) သိန်းကျော် ရှိသည်။ မြို့ဧရိ ယာမှာ (၀.၁၄) စတုရန်းမိုင်ဖြစ်ကာ၊ မြို့နယ်ဧရိယာမှာ (၄၁၃.၇၄) စတုရန်းမိုင် ကျယ်သည်။ တောင် ဖက်ပိုင်းတွင် ဖရုံကာကျွန်း သုံးကျွန်းရှိကာ၊ အခြားသော ကျွန်းပေါင်း ရှစ်ကျွန်းလည်း ပါဝင်သည်။


ပေါက်တောမြို့နယ်သည် မူလက ဦးရာဇ်တောင် အရှေ့မြို့နယ်ဟု အမည်တွင်ခဲ့သည်။ ၁၈၉၀ ပြည့် နှစ် တွင် ပေါက်တောမြို့နှင့်အတူ မြို့နယ်ဖြစ်လာသည်။


ဆံတော်ရှင်စေတီ၊ တောင်ညိုဂူ၊ ကြိမ်ခမော်ဂူ၊ နတ်တောင်ပြင်ဂူ၊ တောင်းဖူးဘုရားကြီး၊ သရွေး ဓာတ် တောင်တို့မှာ ထင်ရှားသည်။


ကျေးရွာအုပ်စု (၅၃) စု၊ ရွာငယ်(၁၆၆) ရွာ၊ စပါးစိုက်ဧရိယာ စတုရန်းမိုင် (၁၅၀)ကျော်၊ ပုဇွန်ကန် (၁၆၁၀) ကန်နှင့် မွေးမြူရေးဧရိယာ (၃၁၉၁၃) ဧက ရှိသည်။


4. ဂွ

 
ရခိုင်ပြည်၏ တောင်ဖက်အဆုံး၊ နယ်ခြားမျဉ်း၏မြောက်ဖက် (၁၂) မိုင်အကွာ၊ ဂွချောင်း လက်ဝဲ ကမ်း တွင် တည်ရှိသည်။ ၁၈၇၄ - တွင် မြို့ဖြစ်လာသည်။ ချောင်းခွဆုံ၊ မြစ်ခွဆုံတွင် နည်ရှိသဖြင့် `ဂွ´ဟု အ မည်တွင်လာသည်။ ဧရာဝတီတိုင်းသို့ ကားလမ်းဖြင့် လွယ်ကူစွာ သွားလာနိုင်သည်။ ဂွကမ်းခြေသည် `ဂ´ငယ်ပုံရှိပြီး နှစ်မိုင်ခန့်ရှည်သည်။ (၁၇၃) ပေမြင့်သော `မင်းတောင်´သည် ထင်ရှားသည်။ အမြင့်ဆုံး တောင်မှာ (၁၈၆၈) ပေရှိသည့် ဇီးဇောင်းတောင် ဖြစ်သည်။


မြို့ဧရိယာစတုရန်းမိုင်မှာ (၀.၅၃) စတုရန်းမိုင်ဖြစ်ကာ၊ မြို့နယ်တစ်ခုလုံး၏ စတုရန်းမိုင်မှာ (၈၈၅.၁၁) ကျယ်ဝန်းသည်။ မြို့ပေါ်နေလူဦးရေသည် (၇၄၂၂) ဦးရှိပြီး၊ မြို့နယ်တစ်ခုလုံးမှာ (၃၇၃၃၉) ဦး ရှိသည်။ ပြင်ပသို့ ထွက်ခွာသူများသဖြင့် လူဦးရေတိုးတက်နှုန်း အလွန်နှေးကွေးသည်။


`ကျိန္တိလီမပါဘဲ´ ဒီရေတောမှာ (၁၂.၁၃) စတုရန်းမိုင်၊ စပါးစိုက်ဧရိယာမှာ (၁၉.၇၆) စတုရန်းမိုင် ရှိကာ ကျေးရွာအုပ်စု(၂၁) စု၊ ရွာငယ်(၁၀၄) ရွာ ရှိသည်။ လယ်ယာစိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ အုန်းပင်နှင့် န နွင်းစိုက်ပျိုးမှုရှိသည်။ ပုဇွန်ကန် (၄)ကန်နှင့် မွေးမြူရေးဧရိယာ ဧက(၅၀) ရှိသည်။ သိမ်ကုန်းစေတီ၊ ကျိန္တိလီစေတီ၊ ကမ်းသာယာတို့မှာ ထင်ရှားသည်။


၁၈၅၃ - မှ ၁၈၆၄ - ခုနှစ်ထိ (ရခိုင်မှဖဲ့ထုတ်ကာ ပလက်ဝကဲ့သို့) ဧရာဝတီဒေသ ပုသိမ်နယ်ထဲသို့ခေတ္တ ထည့်သွင်းခြင်း ခံရသေးသည်။


5. မောင်တော

 
နတ်မြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် မြန်မာတပ်မှ `ဗိုလ် မောင်တော´ တပ်စွဲခဲ့၍ မောင်တောဟု အမည်ရလာသည်။ မြို့ပေါ်ဧရိယာက (၀.၅၄) မိုင်ရှိကာ၊ မြို့ နယ် ဧရိယာက (၆၇၈) စတုရန်းမိုင် ရှိသည်။ မြို့ပေါ်လူဦးရေက (၃၄၀၂၄) ဖြစ်ပြီး၊ မြို့နယ်တစ်ခုလုံးရှိ လူဦးရေမှာ (တောင်ပြိုလက်ဝဲမပါဘဲ) (၄.၇) သိန်းကျော် ရှိသည်။


ရခိုင်ပြည်တစ်ခုလုံးတွင် လူဦးရေအထူထပ်ဆုံး မြို့နယ်တစ်ခုဖြစ်ကာ ဘင်္ဂါလီအများစု နေထိုင်သည်။ ရခိုင်ပြည်တွင် လူဦးရေတိုးပွားမှု အမြင့်ဆုံးဒေသ ဖြစ်သည်။ မြို့ပေါ်သောက်သုံးရေအတွက် မြို့အရှေ့ ဖက် (၃) မိုင်တွင် တောင်ကြောတစ်ဖက်ပိတ် `ဆည်´ရှိသည်။


မောင်တောမြို့နယ်၏ ဧရိယာသည် မယူတောင်တန်း၏ အနောက်ဖက် တောင်ခြေတစ်လျှောက် ဖြစ် သည်။ တောတောင်ထူထပ်ပြီး သစ်၊ ဝါး ပေါသည်။ ကြိုးဝိုင်၊ ကြိုးပြင် ကာကွယ်တောမှာ (၁၃၇.၃၆) စတုရန်းမိုင် ရှိသည်။ စပါးနှင့် ငါးပုဇွန်လုပ်ငန်းသည် အဓိကဖြစ်သည်။


တောင်ပြိုလက်ဝဲမပါဘဲ ဆန်စပါးစိုက်ဧရိယာ (၉၀.၂၀) စတုရန်းမိုင်၊ ကျေးရွာအုပ်စု (၈၈) စု၊ ကျေးရွာ ပေါင်း (၃၇၀) ရွာ၊ ပုဇွန်ကန် (၂၁၆၉) ကန်နှင့် မွေးမြူရေးဧက (၁၄၃၄၅) ဧက ရှိသည်။ မြို့မကျောင်းရှိ မဟာကျန်ဘုရားနှင့် ဝက်ကျိန်းစေတီ၊ သရီကုန်းဘောင်စေတီ၊ ချင်းမခေါင်းတို့မှာ ထင်ရှားသည်။ ဒုတိယကမ္ဘာစစ်တွင်းက မယူတောင်တန်းကြောင့် စစ်တလင်းတစ်ခု ဖြစ်ခဲ့သည်။


၁၉၉၅ - ခု စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ စစ်တွေခရိုင်မှ ခွဲထုတ်ကာ မောင်တောခရိုင်ဟုသီးခြား ဖွဲ့စည်းသည်။ ၁၉၉၉ -ဧပြီလ (၂၃) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ကို ထည့်သွင်းတိုးချဲ့သည်။


6. ဘူးသီးတောင်

 
မယူမြစ်ဝမှ (၇၅) မိုင်အကွာ၊ ကုလားပန်းဇင်းချောင်း၏ လက်ဝဲဖက်ကမ်းတွင် တည်ရှိသည်။ ၁၉၀၅ - ခုနှစ်တွင် မြို့ဖြစ်လာသည်။ တောင်ကုန်း၊တောင်ကမူများ ပေါများကာ ဘူးသီးနှင့်တူသောကြောင့် ဘူးသီးတောင်ဟု အမည်တွင်ခဲ့သည်။


မြို့ဧရိယာ (၀.၆၉) စတုရန်းမိုင်၊ မြို့နယ်ဧရိယာ (၇၇၉) စတုရန်းမိုင် ရှိသည်။ မြို့ပေါ်လူနေမှု လူဦး ရေ မှာ (၁၉၉၁၄) ဦးဖြစ်ပြီး၊ မြို့နယ်တစ်ခုလုံးတွင် လူဦးရေ (၂.၉၃) သိန်းကျော် ရှိသည်။ အများစုမှာ ဘင်္ဂါလီများ ဖြစ်ကြသည်။


လယ်ယာစိုက်ပျိုးခြင်းနှင့် သစ်၊ ဝါး ထုတ်လုပ်သည်။ တောတောင်ထူပြီး ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ် တောမှာ (၃၂၃.၃၀) စတုရန်းမိုင် ရှိသည်။ စိုက်ပျိုးဧရိယာမှာ (၉၈.၆၅) စတုရန်းမိုင် ရှိသည်။ စိုင်းဒင် ရေတံခွန်နှင့် ဒုံးသိမ်တို့မှာ ထင်ရှားသည်။


ဒုတိယကမ္ဘာစစ်အတွင်းက ဘူးသီးတောင်သည် ဂျပန်နှင့် မဟာမိတ်တို့အတွက် စစ်တလင်းဖြစ်ခဲ့ သည်။ မြို့နယ်တွင် ကျေးရွာအုပ်စု (၇၈) စု၊ ရွာငယ်(၃၈၅) ရွာ ရှိသည်။


7. ရသေ့တောင်

 
မယူမြစ်ဝမှ မိုင်နှစ်ဆယ်အကွာ လက်ယာကမ်းတွင် တည်ရှိသည်။ မြို့မြောက်ဖက်တွင် တောတောင် များရှိပြီး၊ တောင်ဖက်တွင် ရသေ့တောင်ချောင်းက မြစ်အတွင်းသို့ စီးဝင်သည်။ မြို့မြောက်ဖက်ရှိ `ရသေ့တောင်´ကို အစွဲပြု၍ မြို့အမည်တွင်ခဲ့သည်။


ဤမြို့ကို ၁၈၆၃ - ခုနှစ်တွင် တည်ထောင်ခဲ့လေသည်။ မြို့ပေါ်လူဦးရေမှာ (၇၂၁၅) ဦးရှိကာ၊ မြို့နယ် လူဦးရေက (၁.၅၅) သိန်းကျော် ရှိသည်။ မြို့ဧရိယာမှာ (၀.၀၇) မိုင် ကျယ်ဝန်ပြီး ရပ်ကွက်(၅)ခု ရှိသည်။ မြို့နယ်ဧရိယာက (၄၃၇.၇၆) စတုရန်းမိုင် ကျယ်ဝန်းကာ ကျေးရွာအုပ်စု (၈၈) စု၊ ရွာငယ် (၁၉၆) ရွာ တည်ရှိသည်။ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်းတို့မှာ အဓိကဖြစ်သည်။ စပါး စိုက်ဧရိယာ (၁၄၁) စတုရန်းမိုင်ရှိကာ ပုဇွန်ကန် (၂၅၅) ကန်နှင့် မွေးမြူဧက (၈၆၇၄) ဧက ရှိသည်။


ရသေ့တောင်မြို့နယ်၏ နယ်နမိတ်ကို `မယူကမ်း´ဟုလည်း ခေါ်ကြသည်။ မယူကမ်းဖက်တွင် ကြိုးဝိုင်း သစ်တော (၁၅.၂၈) စတုရန်းမိုင် ရှိသည်။ ကူတောင်ဂူကျောင်း၊ ဦးကင်းတော်စေတီ၊ လည်ရိုး တော်စေ တီတို့မှာ ထင်ရှားသည်။


8. အမ်း

 
အမ်းမြို့ကို ၁၈၁၂ - ခုနှစ်တွင် တည်ထောင်သည်။ ၁၈၃၃ - မှ ၁၈၃၇ - ထိ အမ်းခရိုင်မြို့တော် ဖြစ်ခဲ့ သည်။ အမ်းတောင်ကြားလမ်းကြောင့် ထင်ရှားသည်။ အမ်းမြစ်ညာဒေသသည် ပင်လယ်ရေပြင် အမြင့် ပေ (၁၈၀) တွင် တည်ရှိသည်။ သင်္ဘောဆိပ်မှာ မြို့နှင့်(၂၄)မိုင်အကွာ၊ အမ်းမြစ်ဝတွင်ရှိသည့် တပ်တောင် အရပ် ဖြစ်သည်။


အမ်းမြို့သည် ရှေးရခိုင့်သမိုင်းဝင် မြို့တစ်မြို့လည်း ဖြစ်ခဲ့သေးသည်။ ယခုတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ရုံးစိုက်သည်။ မြို့ပေါ်ဧရိယာမှာ (၁.၇၃) စတုရန်းမိုင်ရှိကာ လူဦးရေ (၇၂၉၂) ဦးနေထိုင် သည်။ မြို့နယ်ဧရိယာကတော့ (၂၄၆၇.၅၁) စတုရန်းမိုင်ရှိကာ လူဦးရေ (၁) သိန်းကျော်ရုံသာ ရှိသည်။ တစ်ရပ်တစ်ကျေးသို့ ထွက်ခွာသူများသဖြင့် လူနေကျဲပါးသည်။ အမ်းမြို့နယ်၏ ဧရိယာသည်ရခိုင်ပြည် တွင် အကျယ်ဆုံးဧရိယာ ဖြစ်သည်။


သစ်တောထူသည်။ ဝါးတောဧရိယာသည် စတုရန်းမိုင် (၁၈၁၁) မိုင်အထိ ရှိသည်။ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော (၄၉၂.၄၃) စတုရန်းမိုင်၊ ဒီရေတော (၁၀၄.၅၁) စတုရန်းမိုင်ရှိသည်။ ရခိုင်ပြည်၏ `ဒုတိယ´မြောက် အဖိုးတန်သစ်များ ထွက်ရှိရာ ဒေသဖြစ်သည်။ လယ်ယာ၊ သစ်၊ ဝါး၊ ဆေးရွက်ကြီး၊ ရေလုပ်ငန်း အဓိကဖြစ်သည်။


စပါးစိုက်ဧရိယာ (၆၂) စတုရန်းမိုင်၊ ပုစွန်ကန် (၁၉၅) ကန်နှင့် မွေးမြူဧက (၁၀၅၃၈) ဧက ရှိသည်။ ကျေးရွာအုပ်စု (၂၉)စု၊ ရွာပေါင်း (၂၄၂) ရွာရှိသည်။ မဟာဆူး၊ မဟာကနောင်၊ တန်းတင်စေတီ၊ ဒ လက်ဘုရားများမှာ ထင်ရှားသည်။


အမ်းချောင်းကို အမ်းမြစ်ဟုလည်း ခေါ်သည်။ ရခိုင်ပြည်၏ အလယ်ပိုင်းတွင် ရှိနေသည်။ အမ္ဗနဒီ သ ရက်ချောင်း စသဖြင့် ခေါ်ဝေါ်ကြရာမှ အမ်းချောင်း၊ အမ်းမြစ် ဖြစ်လာသည်။ မြင်မတိန်တောင်မှ မြစ် ဖျားခံကာ မိုင် (၆၀) ခန့်ထိ ရှည်လျားပြီး ကျွန်းစိုင်ထဲသို့ စီးဝင်သည်။ မစ်ညာပိုင်းတွင် အမ်းမြို့ရှိသည်။ အမ်းမြို့၏ တောင်ဖက်အနီး အောက်ရွာတွင် ချောင်းကူး ဘေလီကြိုးတံတား ရှိသည်။


9. ကျောက်တော်

 
ကုလားတန်မြစ်၏ လက်ဝဲဖက်ကမ်းတွင် တည်ရှိသည်။ ၁၉၁၀ - ပြည့်နှစ်တွင် မြို့အဖြစ် သတ်မှတ်ခဲ့ သည်။ မြို့တစ်ဖက်ကမ်းရှိ ကျောက်တော်တောင်စေတီကို အစွဲပြု၍ အမည်တွင်သည်။ ရခိုင်နှင့် ချင်း ပြည်နယ်တောင်ပိုင်းတို့၏ ကြားခံမြို့ဖြစ်သည်။ ဆန်စပါး၊ ပဲ၊ နှမ်း၊ ကြံတို့ စိုက်ပျိုးဖြစ်ထွန်းသည်။ ၁၉၄၁ - ခုနှစ်၊ မေလတွင် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးမှ `ကျောက်တော်ညီလာ ခံ´ဟု ကျင်းပဖူးသည်။


မြို့ဧရိယာမှာ (၀.၅၂) စတုရန်းမိုင်ရှိကာ ရပ်ကွက်(၅) ခု၊ လူဦးရေ (၁၇၇၃၃) ဦး ရှိသည်။ မြို့နယ်ဧရိ ယာကတော့ (၆၇၅.၅၅) စတုရန်းမိုင် ကျယ်ဝန်းကာ လူဦးရေ (၂.၁၁) သိန်းကျော် နေထိုင်သည်။ ကျေး ရွာအုပ်စု (၇၉) စု၊ ရွာငယ် (၂၈၅) ရွာ ရှိသည်။ မြို့သည် ပင်လယ်ရေပြင်အထက် (၁၈.၅၇) ပေတွင် တည်ရှိသည်။


ဒုတိယမြောက် ဆန်စပါးအများဆုံးထွက်ရှိရာ မြို့နယ်ဖြစ်သည်။ စပါးစိုက်ဧရိယာမှာ (၁၃၀.၄၉) စတု ရန်းမိုင် ရှိသည်။ ရိက္ခာဖူလုံမှုမှာ (၁၆၈.၂၄) ရာခိုင်နှုန်း ဖြစ်သဖြင့် (၁၀၀) ရာခိုင်နှုန်း အထက်ပင်ကျော် လွန်ပေ၏။ ကုလားတန်မြစ်မ၊ သရီချောင်း၊ ယိုးချောင်းအထက်ပိုင်းတို့ ပါရှိသဖြင့် တောတောင်ထူ သည်။ ကြိုးဝိုင်း/ပြင် ကာကွယ်တောမှာ (၂၂၈) စတုရန်းမိုင် ရှိသည်။ ရခိုင်နှင့်ခမီး အများစု နေထိုင်ကြ သည်။


မဟာမုနိရုပ်ပွားတော်၊ သေလာဂီရိတောင်၊ ကျောက်တော်စေတီ၊ ဓညဝတီမြို့ဟောင်းတို့ဖြင့် ထင်ရှား သည်။


10. မြောက်ဦး

 
မြောက်ဦးမြို့တော်ဟောင်းကို အခြေခံ၍ တည်ဆောက်ထားသည့် မြို့ဖြစ်သည်။ `မြောက်´များ စွာ သော အကြံအစည်းများကို `ဦး´ဦးဖျားဖျား အောင်မြင်ခဲ့သဖြင့် `မြောက်ဦး´ဟု အမည်တွင်သည်။ ကု လားတန်မြစ်နှင့် လေးမြို့မြစ်ကြားရှိ တောင်နိမ့်၊ တောင်တန်း၊ လွင်ပြင်များတွင် တည်ရှိသည်။ ၁၈၂၅ - မှ ၁၉၇၈ - ထိ `မြို့ဟောင်း´ဟု အမည်တွင်သည်။ ပင်လယ်ရေပြင်အထက် (၁၇) ပေတွင် တည်ရှိသည်။ မြို့ပေါ်ဧရိယာမှာ (၀.၈၃) စတုရန်းမိုင်ရှိပြီး လူဦးရေ (၃၆၉၁၀) ဦး ရှိသည်။ ရပ်ကွက် (၇)ခု ရှိသည်။ မြို့နယ်ဧရိယာက (၄၉၀.၉၇) စတုရန်းမိုင်ရှိကာ လူဦးရေ (၂.၂၂) သိန်းကျော် ရှိသည်။ ကျေးရွာအုပ်စု (၉၄) စု၊ ရွာငယ်(၂၄၈) ရွာ ရှိသည်။


ကြိုးဝိုင်း/ပြင် ကာကွယ်တောမှာ (၄၄.၈၃) စတုရန်းမိုင် ရှိသည်။ ဆန်စပါးနှင့် ဟင်းသီးဟင်းရွက် အဓိ ကထွက်သည်။ ဆန်စပါးစိုက်ပျိုးမြေ ဧရိယာမှာ (၂၀၄.၅၇) စတုရန်းမိုင် ရှိသည်။ ဆန်စပါးဖူလုံမှုမှာ (၂၆၄) ရာခိုင်နှုန်းဖြစ်သည်။ ရခိုင်ပြည်၏ ဆန်စပါး အထွက်ဆုံးမြို့ ဖြစ်သည်။ ပုစွန်ကန် (၁၀၆) ကန် နှင့် မွေးမြူးဧရိယာ (၅၆၄) ဧက ရှိသည်။


သျှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ လေးမျက်နှာ၊ လောင်ဗွန်းပြောက်၊ ရတနာပုံ၊ မာရ်ငါးပါး၊ ဘုရားပေါ်၊ ဝေသာလီဘုရား၊ လောင်းကြက်တောင်မော်၊ ခြိပ်ဘုရား၊ မဟာထီး၊ ပါးတော်၊ ဗားမဲ့ဗားဂရာဂူတို့မှာ ထင်ရှားသည်။


ကျုံး၊ မြောင်း၊ အင်းအိုင်၊ ခံတပ်၊ မြို့တံခါး၊ ရေတံခါး၊ မြို့တံတိုင်း၊ နန်းရာကုန်း၊ ပြတိုက်၊ ကျောက်စာ စသည့် ရှေးရှင်ဘုရင်တို့၏ တည်ဆောက်ခဲ့မှုများကို လေ့လာမှတ်သားစရာ များပြားလှသည့် မြို့တစ်ခု ဖြစ်သည်။


11. မင်းပြား

 
ရှေးရခိုင်တို့၏ စည်ပင်ခဲ့ရာ မြို့တစ်မြို့ပင် ဖြစ်သည်။ `ယခုမြို့ကို´ ရာမောင်မြစ်၏ လက်ဝဲဖက်၊ ကျိန်းတောင်၏ အရှေ့ဖက်ရှိ တောင်ခြေအောက်တွင် အင်္ဂလိပ်တို့က တည်ထားခဲ့သည်။ ၁၈၆၇ - ခုနှစ်တွင် မြို့ဖြစ်လာသည်။ ခရီးလမ်းဆုံမြို့ဖြစ်၍ စည်ပင်သည်။ သို့သော် မြစ်ကမ်းနဖူးမှာ နှစ်စဉ် ရေတိုက်စားမှုကို ခံနေရသည်။


မြို့ပေါ်လူဦးရေမှာ (၂၃၂၅၈) ဦးရှိကာ မြို့အကျယ်မှာ (၀.၆၀) စတုရန်းမိုင် ရှိသည်။ မြို့နယ်တစ် ခုလုံး တွင် လူဦးရေ (၁.၈၅) သိန်းကျော်ရှိကာ ဧရိယာ (၁၃၃၈.၄၆) မိုင် ကျယ်ဝန်းသည်။ ကျေးရွာအုပ်စု (၆၂) စုနှင့် ရွာပေါင်း (၂၄၆) ရွာ ရှိသည်။ ရခိုင်၊ ဒိုင်းနက်၊ မရမာကြီး၊ ချင်းတို့ နေထိုင်သည်။


အရှေ့ဖက်တွင် တောတောင်ထူသည့် ရခိုင်ရိုးမတောင်ကြီး ရှိသည်။ ကြိုးဝိုင်း/ပြင် ကာကွယ်တောမှာ (၈၆.၄၉) စတုရန်းမိုင် ရှိသည်။ တောင်ဖက်တွင် မြစ်ချောင်းပေါသည်။ စပါးစိုက်ဧရိယာမှာ (၁၃၃.၀၈ ) စတုရန်းမိုင် ရှိသည်။ ရိက္ခာဖူလုံမှုသည် (၂၀၉) ရာခိုင်နှုန်း ရှိသည်။ ဆန်စပါးနှင့် သစ်ဝါးလုပ်ငန်းများ ရှိသည်။ ပုစွန်ကန် (၃၀၀) နှင့် မွေးမြူဧရိယာ (၆၂၅၅) ဧက ရှိသည်။ မြောက်ဦးမှ ပုဂံသို့ရောက်သည့် ဘူးရွက်မညှိုးလမ်းသည် မင်းပြားနယ်မှ ဖြတ်သန်းသွားသည်။ စစ်ကြိုခေတ်က ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသား အစည်းအရုံး၏ ပထမဆုံးသော ညီလာခံကို မင်းပြားမြို့၌ ၁၉၃၉ - ခု၊ မေလ (၂/၃) ရက်တို့တွင် ကျင်းပခဲ့သည်။ ကျိန်းတောင်စေတီ၊ ဂရင်ဂျိုင်၊ ရာမောင်ကြိုးတံတားတို့မှာ ထင်ရှားသည်။


12. မြေပုံ

 
မြေပုံမြို့သည် ကြတ်စင်ကျွန်း၏ တောင်ဖက်အဆုံး၊ မြေပုံမြစ်၏ လက်ဝဲဖက်တွင် တည်ရှိသည်။ ၁၈၆၃ - ခုနှစ်တွင် မြေပုံမြို့ ဖြစ်လာသည်။ မြို့တည်အရပ်ရှိ မြေများသည် ပူနေသဖြင့် မြေပူဟု ခေါ်ရာမှတစ် ဆင့် မြေပုံဟု ပြောင်းလဲခေါ်ဝေါ်လာကြသည်။ မြို့၏ အနောက်ဖက်တွင် (၄၅၄) ပေမြင့်သည့် ခေါစာ တောင်တန်းငယ်ရှိသည်။ မြို့မြောက်ဖက်ရှိ `ကံသာမီးတောင်´ ရှိသည်။ `အငူမော်´ စေတီမှာအထင်က ရ ဖြစ်သည်။ ရေလမ်းခရီး လမ်းဆုံကျပြီး ရေလုပ်ငန်း ဖြစ်ထွန်းသည်။


မြို့ဧရိယာသည် (၀.၄၉) စတုရန်းမိုင် ရှိကာ လူဦးရေ (၁၅၅၆၄) ဦးနှင့် ရပ်ကွက်(၉) ခု တည်ရှိသည်။ မြို့နယ်၏ဧရိယာမှာ (၉၄၂.၁၂) စတုရန်းမိုင် ရှိကာ လူဦးရေ (၁.၁၉) သိန်းကျော် ရှိသည်။ ကျေးရွာ အုပ် စု (၅၁) စုနှင့် ရွာငယ် (၁၃၉) ရွာ တည်ရှိသည်။ တရပ်တစ်ကျေးသို့ ထွက်ခွာသူများသဖြင့် လူနေ ကျဲပါးသည်။


မြေပုံမြို့နယ်ကို ၁၈၈၃ - ခုနှစ်တွင် မင်းပြားမြို့နယ်မှ တိုက်နယ် (၄) ခု၊ ကျောက်ဖြူမြို့နယ်မှ တိုက်နယ် (၃) ခု၊ အမ်းမြို့နယ်မှ တိုက်နယ်(၃) ခုတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အရှေ့ဖက်တွင် တောတောင်ထူ ပြီး ကျွန်းစဉ်/တန်း ပေါသည်။ ကျွန်းကြီး (၄၄) ကျွန်း၊ ကျွန်းငယ် (၇၆) ကျွန်း ပါဝင်သည်။ ကြိုးဝိုင်း/ပြင် ကာကွယ်တောမှာ (၇၉.၁၉) စတုရန်းမိုင် ရှိသည်။ ဒီရေတော (၂၉၃.၂၃) စတုရန်းမိုင် ရှိသည်။ 

ရခိုင်ပြည်တွင် ဒီရေတော အများဆုံးရှိသည့် မြို့နယ်ဖြစ်ကာ `ထင်း´ထွက်မှုများသည်။စပါးစိုက်ဧရိယာ (၆၈) စတုရန်းမိုင် ရှိသည်။ ဆန်စပါး၊ ငါး/ငါးခြောက်နှင့် သစ်တောလုပ်ငန်းများ အဓိကကျသည်။ ဆန် စပါးဖူလုံမှုမှာ (၁၄၅) ရာခိုင်နှုန်း ရှိသည်။ ပုစွန်ကန် (၅၂၂) ကန်နှင့် မွေးမြူဧက (၁၃၈၇၄) ဧက ရှိ သည်။`ကျွန်းချောင်းကျွန်း´မှာလည်း ထင်ရှားပါသည်။


၁၉၄၂ - ခုနှစ် ကုလား-ရခိုင် ပဋိပက္ခသည် မြေပုံမြို့နယ်၊ ချောင်းကြီးရွာသူကြီးကို ကုလားရွာမှ ကုလား များက လာရောက်ခုတ်သတ်မှုဖြင့် စတင်သည်။ ၎င်းဖြစ်စဉ်တွင် ရွာသူကြီးပါ ညီအစ်ကိုသုံးဦး၊လယ်သူ ရင်းငှားတစ်ဦး၊ ပေါင်းလေးဦး သေဆုံးသည်။ ရွာသူကြီး၏ အမေက ရွာသူကြီး၏သားသမီးနှစ်ဦးနှင့်အ တူ ခြုံပုတ်တစ်ခုထဲတွင် ပုန်းနေရင်း သားသုံးဦးနှင့် လယ်သူရင်းငှားအသတ်ခံနေရသည်ကို ဤအ တိုင်း ထိုင်ကြည့်နေရသည်။ တစ်ခုခုလုပ်လျှင် (သို့) အသံထွက်ပါက သူသာမကကလေးများပါအသတ် ခံရမည်ဖြစ်၍ ဖြစ်သည်။ ကုလားများသည် လူသတ်ပြီး အိမ်ကိုမီးရှို့ကာ ထွက်ခွာသွားတော့ (ရခိုင်များ လည်းလာပြီဖြစ်၍) ရွာသူကြီးအမေသည် သေနေသူသားသုံးယောက်ကို ဖက်ငိုမနေအားဘဲ အိမ်ကို မီးမလောင်ရန် ရေလောင်းငြိမ်သတ်လေသည်။ ဒါမှ ကျန်ရစ်သူကလေးတွေဟာ သူများအိမ်မှာ ကပ် မနေရမည်ကို။ အိမ်တွင်းပစ္စည်းများနှင့် စပါးကျီပါ မဆုံးရှုံးမည်ကို။ ရွာသူကြီးမှာ ကျွန်တော့်၏ အဖိုး ဖြစ်သည်။ ရွာသူကြီးအမေသည် ကျွန်တော့်၏အဖီးဖြစ်သည်။ ကျန်ရစ်သူ ကလေးနှစ်ယောက်မှ ယောင်္ကျားလေးသည် ကျွန်တော်၏အဖေ ဖြစ်ပါသည်။ ကျွန်တော်သည် နာရီစင်ကို ခြေကန်မွေး လာ သည့် မြေပုံ+စစ်တွေသွေး ရောနေသူဖြစ်ပါသည်။


13. ရမ်းဗြဲ

 
ရမ်းဗြဲကျွန်း၏ အရှေ့တောင်ဖက်၊ တန့်ချောင်းတွင် တည်ရှိသည်။ တောင်ငါးလုံးရံထားသည့် မြို့ဖြစ် သည်။ ယခုမြို့ကို ၁၇၈၅ - ခုနှစ် ဒီဇင်ဘာလတွင် ရမ်းဗြဲမြို့ဝန်က တည်ခဲ့သည်။ မြို့အရှေ့ဖက် `ဒေါ ရ ထ´မှာ သင်္ဘောဆိပ်အရပ် ဖြစ်သည်။ ယခုအခါ ရမ်းဗြဲသည် ကားလမ်းပေါက်နေပြီ ဖြစ်သည်။ ကား ဖြင့် ကျောက်ဖြူ၊ မအီမှတစ်ဆင့် စစ်တွေ၊ တောင်ကုတ်မြို့များသို့ သွားလာနိုင်ပါပြီ။ရမ်းဗြဲမြို့ ဧရိယာ မှာ (၀.၃၂) စတုရန်းမိုင် ရှိကာ ရပ်ကွက်(၆) ခု၊ လူဦးရေ (၁၀၃၆၈) ဦးနေထိုင်သည်။ မြို့နယ်၏ ဧရိယာ မှာ (၅၀၆.၅၃) စတုရန်းမိုင်ရှိကာ လူဦးရေ (၁.၀၂) သိန်း နေထိုင်သည်။ ကျေးရွာအုပ်စု (၅၀) နှင့် ရွာ ငယ် (၂၀၇) ရွာ ရှိသည်။ နေရာသစ် ရှာသူများ၍ လူနေကြဲသည်။ ကြိုးဝိုင်း/ပြင် ကာကွယ် တောမှာ (၁၆၅.၇၀) စတုရန်းမိုင် ရှိသည်။ ဒီရေတောသည် (၁၂၂.၈၂) စတုရန်းမိုင် ရှိသည်။ ဆန်စပါး၊ ဆေး ရွက်ကြီး၊ ငါးဖမ်းခြင်း၊ ဆားထုတ်ခြင်း ပြုလုပ်ကြသည်။ ပုစွန်ကန် (၂၆) ကန်နှင့် မွေးမြူဧက (၁၃၁၂) ဧက ရှိသည်။ လေးတောင်နယ်၊ ကျောက်ချောင်းနယ်တို့မှ ရေနံထွက်သည်။


သိမ်တောင်၊ ကိုယ်ရံတောင်စေတီ၊ နားမွှေးတော်နှင့် လည်ရိုးတော်စေတီတို့မှာ ထင်ရှားသည်ရမ်းဗြဲမြို့ နှင့် ပက်သက်၍ တစ်ဆက်တည်း သိထားသင့်သည့်အရာမှာ `ရမ်းဗြဲကျွန်း´ ဖြစ်ပါသည်။ ရမ်းဗြဲကျွန်း ဟု အမည်တွင်သော်လည်း ဤကျွန်းတွင် ကျောက်ဖြူမြို့နယ်လည်း ပါဝင်နေပါသည်။ကျွန်းတစ်ခုလုံး တွင် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ် နှစ်ခုပိုင် ရွာပေါင်း (၄၈၀) နှင့် လူဦးရေ သုံးသိန်းကျော် နေ ထိုင်ကြပါသည်။ ရမ်းဗြဲကျွန်းသည် ရခိုင်ကမ်းခြေတွင်သာမက ဘင်္ဂလားပင်လယ်အော် အရှေ့မြောက် ကမ်းခြေ တစ်ခွင်၌ အကြီးဆုံး ဖြစ်သည်။ ကျွန်းဧရိယာသည် စတုရန်းမိုင် (၇၀၀) ကျော်ခန့် ရှိသည်။ ကျွန်းသည် အနောက်မြောက်မှ အရှေ့တောင်သို့ မိုင် (၅၀) မျှ သွယ်တန်းနေကာ ကျွန်း၏အလယ်၌ မိုင် (၂၀) မျှအထိ တောင်ဖက်သို့ ချွန်ထွက်ကာ အနံကျယ်သွားပြန်သည်။ ကျွန်း၏ မြောက်နှင့် အရှေ့ အရပ်တွင် ဒီရေရောက်မြစ်ချောင်း ပေါများသည်။ အနောက်ဖက်တွင် တောင်ကုန်းငယ် ပေါများသည်။ တောင်ဖက်ပိုင်းတွင် တောတောင်ထူသည်။


ရမ်းဗြဲကျွန်းရှိ အမြင့်ဆုံးတောင်မှာ ဇီးခါးတောင် ဖြစ်သည်။ (၉၆၄) ပေ မြင့်သည်။ ကျွန်းပေါ်ရှိသဘာဝ သယံဇာတများမှာ ရေနံ၊ ထုံးကျောက်နှင့် သံများ ဖြစ်ကြသည်။ ရမ်းဗြဲကျွန်းကိုဝမ်းဘဲပုံဖြစ်နေ၍ဝမ်းဘဲ ကျွန်း၊ ရမ္မာပူရ စသဖြင့်လည်း ခေါ်ကြသည်။ ရှေးစာများတွင်မူ `ရမ်းပြည့်´ကျွန်းဟုလည်း တွေ့ရသည်။ ဤကျွန်းသည် ရခိုင်ရိုးမတောင်ခြေ၏ အနောက်ဖက် (၁၂) မိုင်အကွာ ပင်လယ်ထဲတွင် တည်ရှိပါသည်။ ဤကျွန်းနှင့် ရိုးမတောင်ခြေကို `ဝမ်ပိုက်တော´က ဆက်ထားပါသည်။


`ဝမ်ပိုက်တော´ဆိုသည်မှာ ရမ်းဗြဲကျွန်းနှင့် ရိုးမတောင်ခြေ အကြားရှိ ဒီရေရောက်သစ်တော ဖြစ်သည်။ ရခိုင်၌ အကြီးဆုံးသော ဒီရေရောက်သစ်တော ဖြစ်သည်။ (၅၆၆၃၃) ဧက ကျယ်ဝန်းသည်။ တောင် ဖက်တွင် ကလိန်တောင်မြစ်၊ မြောက်ဖက်တွင် သံစစ်မြစ်တို့ စီးဆင်းနေကာ ၎င်းမြစ်နှစ်ခုသည် ဒီရေ ရောက်သစ်တောကို ဖြတ်ကာ ဆက်သွယ်နေသည့် ပြွန်ပေါက်များစွာ ရှိနေပြန်သည်။ ဤတောကိုဖြတ် ၍ပင် ကျောက်ဖြူ-ရန်ကုန် ကားလမ်းကို ဖောက်လုပ်ထားပြန်သည်။


14. မာန်အောင်

 
ရှေးရခိုင်သမိုင်းဝင် မြို့တစ်မြို့ ဖြစ်သည်။ မြို့ဝန်ခေတ် အစပိုင်း၌ သီးခြားမဟုတ်ဘဲ ရမ်းဗြဲမြို့ထဲတွင် ခေတ္တမျှ ပါဝင်ဖူးသည်။ မြို့သည် မာန်အောင်ကျွန်း၏ အရှေ့မြောက်ဟုန်းချောင်း၏လက်ယာကမ်းတွင် တည်ရှိသည်။ ၁၈၈၂ - တွင် မြို့ဖြစ်လာသည်။ သွားလာရေးမှာ `ရေလမ်းတစ်ခုတည်းသာ´ ရှိသည်။ ၁၉၇၀ - ဝန်းကျင်က လေယာဉ်အငယ်စားဖြင့် ပြေးဆွဲခဲ့ဖူးသည်။


မြို့ပေါ်ဧရိယာသည် (၀.၇၅) စတုရန်းမိုင်ရှိကာ ရပ်ကွက်(၅) ခု လူဦးရေ (၄၆၇၇) ဦးသာ ရှိသည်။ မြို့ နယ်ဧရိယာကတော့ (၂၀၂.၀၄) စတုရန်းမိုင် ကျယ်ဝန်းကာ လူဦးရေ (၇၁၀၆၆) ဦး ရှိသည်။ ကျေးရွာ အုပ်စု (၃၆) စု၊ ရွာပေါင်း (၁၃၈) ရွာ ရှိသည်။ ပြောင်းရွှေ့နေထိုင်ကြသူများ၍ လူနေကြဲသည်။ ဆန် စပါးစိုက်ဧရိယာ (၄၂.၈၆) စတုရန်းမိုင် ရှိသည်။ ဒီရေတောမှာ (၃.၈၁) စတုရန်းမိုင် ရှိသည်။ ပုစွန်ကန် (၃၂) ကန်၊ မွေးမြူဧရိယာ (၅၇၈) ဧက ရှိသည်။စပါး၊ အုန်း၊ ဆေးရွက်ကြီး၊ ငါးဖမ်းခြင်းတို့ အဓိကလုပ် သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */