Monday, February 11, 2019

ရိုဟင်ဂျာ ဘေးကင်းရေး စောင့်ကြည့်ပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် ပန်ကြား

VOA 
Monday, February 11, 2019
အိန္ဒိယနိုင်ငံရှိ ရိုဟင်ဂျာများ 

ရိုဟင်ဂျာအသိုင်းအဝိုင်း လုံခြုံစိတ်ချစွာနေနိုင်အောင် အကာအကွယ်ပေးသွားမယ်ဆိုတဲ့ မြန်မာအစိုး ရရဲ့ ကတိ တည်ရဲ့လားဆိုတာကို စောင့်ကြည့်ပေးကြဖို့ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကို ဘင်္ဂ လားဒေ့ရှ် အစိုးရက တောင်းဆိုလိုက်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာက ရေးသားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာသူ Dr. A.K. Abdul Momen က သူ့ခရီးစဉ်အတွင်း အိန္ဒိယခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်ချက်အသစ်နဲ့ ပတ်သက်လို့ အဲဒီလို ပြောကြားလိုက်တာပါ။ မြန် မာနိုင်ငံမှာ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေနိုင်ရဲ့လားဆိုတာကို အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံက စောင့် ကြည့်ပေး သင့်တယ်လို့ တိုက်တွန်းသွားကြောင်း သံတမန် သတင်းရပ်ကွက်က ဆိုပါတယ်။

ဒီတိုက်တွန်းချက်ဟာ အခုမှ မဟုတ်ပဲ Dr. Momen နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခါစ ဇန်နဝါရီထဲမှာပဲ မြန် မာနိုင်ငံ ရိုဟင်ဂျာတွေရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့ ပြောကြားခဲ့တာရှိပါတယ်။ ဒီကိစ္စကိုပဲ အိန္ဒိယဝန်ကြီးချုပ် Narendra Modiနဲ့ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့ကိုလည်း သူက တိုက်တွန်းခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. Momen က အိန္ဒိယခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့အထဲမှာ ဘင်္ဂ လားနယ်စပ်က ရိုဟင်ဂျာဒုက္ခသည် တွေကို မြန်မာနိုင်ငံ ပြန်ပို့ရေးကိစ္စလည်း ပါဝင်ပါတယ်။ ရိုဟင်ဂျာတွေ ပြန်ပို့ရေးကိစ္စ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပေမယ့် တိုင်းပြည်ထဲ ပြန်ရောက်ပြီးနောက် မြန်မာလုံခြုံရေး တပ်ရဲ့ ပြန်လည်တိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတာပါ။

Dr. Momen ဟာ အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် ပူးတွဲညှိနှိုင်းမှု ကော်မတီရဲ့ ပဉ္စမမြောက် အစည်းအဝေးကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */