Monday, February 11, 2019

ရခိုင်ဒေသ စစ်ဆင်ရေး AI အဖွဲ့ ဝေဖန်

VOA
ဗွီအိုမြန်မာပိုင်း
February 11, 2019
ရခိုင်ဒေသစစ်ပွဲကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်များ 

မြန်မာအစိုးရတပ်နဲ့ ရခိုင်တပ်မတော် AA တို့တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အရပ်သားတွေအတွက် အစား အသောက်နဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးလို့မရအောင် အစိုးရတပ်တွေဖက်က ပိတ်ဆို့နေတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

အစိုးရတပ်တွေဖက်က ကျေးရွာတွေအပေါ် လက်နက်ကြီးတွေနဲ့ပစ်ခတ်တာအပြင် ဖိနှိပ်တဲ့ ဥပဒေတွေနဲ့ ရွာသားတွေကို ဖမ်းဆီးနေတယ်လို့ Amnesty International က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေးကို ဂရုမစိုက်ဘဲ ဆောင်ရွက်နေတယ်ဆိုတာ အခုနောက်ဆုံးဖြစ်ရပ်တွေက သတိပေးနေတယ်လို့ အဖွဲ့ရဲ့ ပဋိပက္ခတုံ့ပြန်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Tirana Hassan ကပြောထားပါတယ်။

၂၀၁၇ သြဂုတ်နဲ့ စက်တင်ဘာ တုန်းက ရိုဟင်ဂျာတွေအပေါ် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တဲ့ တပ်မ တွေကို လတ်တလော သီတင်းပါတ်တွေကပဲ ရခိုင်ပြည်နယ်ဖက်မှာ ပြန်ချထားတယ်ဆိုတဲ့ သတင်းတွေ ကိုလည်း Amnesty International ကရတယ်လို့လည်း ဆိုထားပါတယ်။ ဒီဇင်ဘာလထဲကစလို့ အရပ်သား ၅ ထောင်ကျော် အိုးအိမ်ပစ်ထွက်ပြေးနေရတယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အစိုးရတပ်တွေနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ၂၀၁၈ နိုဝင်ဘာ ကာလကုန်ပိုင်းထဲက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ကျော်တော်အပါအဝင် မြို့နယ် ၅ မြို့နယ်၊ တခါချင်းပြည်နယ်ပလက် ဝမြို့နယ်တွေဖက်က ဒုက္ခသည် ၇ ထောင်ကျော်လောက် စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့အတွက် နေထိုင်စားသောက်ရေး အခက်အခဲတွေ့နေတယ်လို့ အကူအညီပေးနေ သူတွေက VOA မြန်မာပိုင်းကို ပြောပါတယ်။ ပလက်ဝဖက်က စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်လည်း Bangladesh နိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြပါတယ်။

 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */