လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-09-14
2020-09-14
မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ၃ နှစ်ရှိပြီ ဖြစ်ပေမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ ၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက် က ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က လာမယ့် နိုဝင်ဘာရွေးကောက် ပွဲအပြီး တက်လာမယ့် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးတိုးတက်ရေးအတွက် ဘယ်အချက်တွေ အဓိ ကဆောင်ရွက်သင့်သလဲဆိုတာကို ဆန်းစစ်ရမယ့် အချိန်ဖြစ်တယ်လို့ အစချီပြီးပြောကြားခဲ့ပါတယ်။