Friday, August 28, 2020

ရိုဟင်ဂျာကိစ္စ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အမေရိကန်ကို တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
ရဲခေါင်မြင့်မောင်
2020-08-28



ရိုဟင်ဂျာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရကြောင်း တရားဝင် ကြေညာပေးဖို့ အမေရိကန် အ စိုးရကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းနေပေမယ့်၊ တရားဝင် သတ်မှတ်ဖို့ ဝန်လေးနေ တယ် လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်အဖွဲ့ ကပြောလိုက်ပါ တယ်။ ဝါရှင်တန်ဒီစီမြို့တော် Holocaust ပြတိုက်က အွန်လိုင်းကတဆင့် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ အခု လိုပြော ခဲ့တာပါ။
သြဂုတ်လ ၂၇ရက်နေ့က လူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ် ပြတိုက် holocaust Museum ကနေ ဦး စီးပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အမေရိကန်အစိုးရ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်အဖွဲ့က ဒု ဥက္ကဌ နဲ့ ကော်မရှင်နာတို့က ဦးဆောင်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေတွေကိုဆွေးနွေး သုံးသပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခံခဲ့ရတာ ထင်ရှားနေပေမယ့် အမေရိကန် အစိုးရဟာ နိုင်ငံရေး အခြေအနေတွေကြောင့် တရားဝင် သတ်မှတ်ခေါ်ဆိုနိုင်ခြင်း မရှိသေးဘူးလို့ လူမျိုးတုံး သတ်ဖြတ်မှု အောက်မေ့ဖွယ် ပြတိုက် Holocaust Museum က ညွှန်ကြားရေးမှူး နာအိုမီ ကစ်ကိုလာက ပြောပါတယ်။

"အခုဆိုရင် အမေရိကန်အစိုးရကော အခြား နိုင်ငံအစိုးရတွေအနေနဲ့ပါ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရား ဝင်ခေါ်ဝေါ်ဖို့ ဝန်လေးနေကြပါတယ်။ ဒီလို တရားဝင်သတ်မှတ်လိုက်ရင် မြန်မာနိုင်ငံနဲ့ သံတမန်ဆက် ဆံ ရေး ကို ထိခိုက်ပြီး တရားဝင်ထိတွေ့ဆက်ဆံမှုတွေ လုပ်ဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။ လက်ရှိ အမေရိကန် အစိုးရဟာ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးခဲ့တာ၊ ရိုဟင်ဂျာ တွေအပေါ် ကျူး လွန်ခဲ့တာတွေကို မှတ်တမ်းတင်ခဲ့တာနဲ့ ရိုဟင်ဂျာအရေးကို ကုလလုံခြုံရေးကောင်စီမှာ တင်ပြီး ဆွေးနွေးစေခဲ့တာလို ထိရောက်တဲ့ လုပ်ရပ်တွေ ရှိခဲ့ပါတယ်။ လက်ရှိ အစိုးရရဲ့ သက်တမ်း ငါးလေ လာက်ပဲ ကျန်တော့တဲ့အချိန်မှာ၊ အလားတူ အာရုံစိုက် လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်"

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာနက ပြုလုပ်တဲ့ လေ့လာသုံးသပ်မှုတွေအရ မြန်မာနိုင်ငံက ထွက်ပြေး လာ တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၂၄ ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ၊ လေးပုံ သုံးပုံလောက်က သတ်ဖြတ်မှု တစ် ခုခု ကို မျက်မြင်ကြုံတွေ့ခဲ့ရတယ်လို့ ဖြေကြားကြပြီး၊ ၈၃ ရာခိုင်နှုန်းက မြန်မာစစ်တပ်က ပြစ်မှု ကျူးလွန် တာတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအထဲက ၄၅ ရာခိုင်နှုန်းကလည်း မုဒိမ်းမှု ကျူးလွန်နေတာကို ကိုယ်တိုင် မြင်ခဲ့တယ်လို့လည်း ဆွေးနွေးသူတွေက ပြောပါတယ်။

ရိုဟင်ဂျာ အရေး လှုပ်ရှားသူ မဝေဝေနုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ကျူးလွန်ခံခဲ့ရတဲ့ ပြစ်မှုတွေကို လူ မျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်ခေါ်ဆိုဖို့ အရေးကြီးပုံကို ပြောသွားပါတယ်။

“မြန်မာအစိုးရက ကျူးလွန်တဲ့ ပြစ်မှုတွေ ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားပြီး လုပ်ဆောင်နေတာ ဖြစ် တဲ့ အတွက် ဒီပြစ်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှု Genocide လို့ အမှန်အတိုင်းခေါ်ဆိုမှာသာလျှင်၊ ပြဿ နာရဲ့ အရင်းအမြစ်ကို ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုနိုင်မှာဖြစ်ပါတယ်။ အခုအချိန်မှာ နိုင်ငံတကာ အ သိုင်း အဝိုင်းကပါ လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါ်ဖို့ တွန့်ဆုတ်နေကြတဲ့အတွက် ကျွန်မတို့ရဲ့ ရပိုင်ခွင့်တွေကို ပြန် လည်ပေးအပ်ဖို့ မြန်မာအစိုးရကို တောင်းဆိုဖို့ မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ရိုဟင်  ဂျာအသိုင်းအဝိုင်းမှာ သုံးနှစ်လောက်ကြာလာတာတောင် ဘာမှ မပြောင်းလဲဘူးလို့ ရှုမြင်လာကြပါ တယ်။ အမေရိကန်နိုင်ငံနဲ့ နိုင်ငံတကာ အနေနဲ့ ဒီပြစ်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုလို့ တရားဝင်ခေါ် ဆိုမှ သာ အခု ဖြစ်နေတဲ့ အရှုပ်အထွေးထဲက ရုန်းထွက်ပြီး ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်"

မြန်မာ-ရိုဟင်ဂျာအသင်း ယူကေက ဦးထွန်းခင်က လည်း အမေရိကန်နိုင်ငံကနေ ဦးဆောင် ဦးရွက်ပြုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးမှသာ အခြားနိုင်ငံတွေကလည်း အလားတူ လိုက်လုပ်လာပြီး၊ မြန်မာအစိုးရက နိုင်ငံတကာဖိအားတွေကို နာခံလာမယ်လို့ ပြောသွားပါတယ်။

“ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုက ဆက်ဖြစ်နေဆဲပါ။ မြန်မာအစိုးရခေါင်းဆောင်တွေဟာ ရို ဟင်ဂျာတွေကို လူမျိုးတစ်မျိုးအနေနဲ့ ဖျောက်ဖျက်ပစ်ဖို့ ရည်ရွယ်ချက် ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက်မှာ ရိုဟင်ဂျာ တစ်သန်းနီးပါးလောက် ခိုလှုံနေရပါတယ်။ အခုလို ခိုလှုံခွင့်ပေးထားတဲ့အ တွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဒေသခံပြည်သူတွေရဲ့ ရက်ရောမှုတွေကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရကို ဆက်လက်ပြီး ဖိအားပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ မြန်မာ-ရိုဟင်ဂျာအသင်း ယူကေ အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်ဘက်ခေါင်းဆောင်တွေကို အာဂျင်တီးနားနိုင်ငံက တရားရုံးတစ်ခုမှာ တရားစွဲဆိုထားပြီး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံးတွေမှာ အရေးယူဖို့ ကြိုး ပမ်းအားထုတ်မှုတွေကို ထောက်ခံဖို့ လိုပါတယ်။”

အချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ Covid-19 ရောဂါပိုး ပျံ့နှံ့မှု ဖြစ်ပေါ်နေတဲ့အတွက် စစ်ပြေးဒုက္ခ သည် တွေဟာ စိုးရိမ်ပူပန်နေကြပြီး၊ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေက ပိုတိုးလာနေကြောင်း၊ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အခြေအနေတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ တောင်း ဆိုလိုကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောကြားခဲ့ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */