Tuesday, September 8, 2020

လူအစုလိုက်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားတဲ့ တပ်မတော် သားနှစ်ဦးကို ICC ထိန်းသိမ်းထား


လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020-09-08

၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်အတွင်း ရိုဟင်ဂျာမွတ်ဆလင် အရပ်သား အမြောက်အမြားကို သတ်ဖြတ်ခဲ့ရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တယ်လို့ ဝန်ခံ ထားတဲ့ တပ် သားမျိုးဝင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်းတို့ကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) က နယ်သာလန် နိုင်ငံ သည်ဟိတ်မြို့မှာ ထိန်းသိမ်းထားတယ်လို့ နယူးယောက်တိုင်း သတင်းစာက ဒီနေ့ အတည်ပြု ရေးသားလိုက်ပါတယ်။

ဒီတပ်သား နှစ်ဦးဟာ ရက္ခိုင့်တပ်တော် (AA) က ထိန်းသိမ်းထားတဲ့ တပ်သား နှစ်ဦးဖြစ်ပြီး၊ ဘူးသီးတောင် မြို့ နယ် တောင်ဘဇားကျေးရွာမှာ တပ်မတော်က ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ အယောက် ၃ဝ ခန့် သတ်ဖြတ် ရာ မှာ ကိုယ်တိုင် ပါဝင်ခဲ့တယ်လို့ AA အဖွဲ့က မေလ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ ရုပ်သံဗီဒီယိုမှာ ထွက်ဆို ထားကြသူနှစ်ဦး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒီတပ်သားဟောင်း နှစ်ဦး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး ICC အနေနဲ့ အမြန်ဆုံး အရေးယူဖို့နဲ့၊ အရေးကြီးတဲ့ မျက်မြင်သက်သေတွေအဖြစ် အကာအကွယ်
ပေးဖို့ တိုက်တွန်းကြောင်း အရှေ့တောင်အာရှ အခြေစိုက် Fortify Rights လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ ထုတ်ဝေတဲ့ အမေရိကန်ပြည်ထောင်စု အခြေစိုက် New York Times သတင်းစာ၊ ကနေဒါ နိုင်ငံအ ခြေစိုက် CBC သတင်းဌာနက ထုတ်ပြန်တဲ့ သတင်းတွေမှာလည်း ဒီတပ်သားနှစ်ဦးဟာ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်အတွင်း ရိုဟင်ဂျာအရပ်သား ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ရာမှာ ပါဝင် ခဲ့တယ်လို့ ဗီဒီယိုဖိုင်ထဲမှာ ဝန်ခံပြောကြားထားကြောင်း ဖော်ပြပါတယ်။

နယူးယောက်တိုင်း သတင်းစာကတော့ ဒီတပ်သားနှစ်ဦးရဲ့ ဝန်ခံချက်တွေ မှန်၊ မမှန် အတည်ပြုနိုင်ခြင်း မရှိ သေးဘူးလို့ ဖော်ပြထားပါတယ်။

ဒီတပ်သားနှစ်ဦးကို ရခိုင့်တပ်တော် (AA) က ထိန်းသိမ်းထားစဉ်အတွင်းမှာ ဒီဝန်ခံချက်ဗီဒီယိုကို ရိုက်ကူးခဲ့ တာ ဖြစ်ပြီး၊ တရားရင်ဆိုင်ဖို့နဲ့ မျက်မြင်သက်သေတွေအဖြစ် ထွက်ဆိုဖို့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ က ICC တရားရုံးကို လွှဲပြောင်းခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒီတပ်သားနှစ်ဦးရဲ့ ဝန်ခံချက်တွေနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနက မြန်မာအာဏာပိုင်တွေကို ဆက် သွယ် မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးဘူးလို့ ဖော်ပြပါတယ်။

Fortify Rights အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ... မြန်မာစစ်တပ် ခမရ (၅၆၅) က တပ်သား မျိုး ဝင်းထွန်းနဲ့ ခမရ (၃၅၃) က တပ်သားဇော်နိုင်ထွန်းတို့ဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်အတွင်း ရိုဟင်ဂျာ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ ထား တဲ့ ဗီဒီယိုဖိုင်တွေကို အခုနှစ် ဇူလိုင်လမှာ ရခိုင့်တပ်တော်က ရိုက်ကူးခဲ့ကြောင်း၊ အဲဒီနောက် သြဂုတ်လမှာ ဒီတပ်သားနှစ်ဦးဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ မှာ ခိုလှုံခွင့် တောင်းခံခဲ့ကြောင်း၊ အဲဒီနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီတပ်သားနှစ်ဦးကို နိုင်ငံတကာ ရာဇ ဝတ်တရားရုံး (ICC) ကို အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို အပြစ်ကျူးလွန်ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်သားနှစ်ဦးရဲ့ ဝန်ခံထွက်ဆိုချက်တွေ ပေါ်ထွက်လာ တာနဲ့ ပတ်သက်ပြီး Fortify Rights အဖွဲ့က Nickey Diamond က အခုလို ပြောပါတယ်။
                                                             

nickey-diamon
                                                              
d
“ကျွန်တော်တို့ အရမ်းကိုပဲ shock ရမိပါတယ်။ ကိုယ်တိုင် ကျူး လွန်ခဲ့တဲ့ သူတွေက အခုလို ထုတ်ဖော် ဝန်ခံလာတာ ဖြစ်တဲ့ အတွက် တော် တော်လည်း အံ့သြမိပါတယ်။ အစိုးရက တချိန်လုံး စစ်တပ်က ဒါမျိုးတွေ မကျူးလွန်ပါဘူး ဆိုပြီး စစ်တပ်ကို အကာ အကွယ်တွေ ပေးထားတယ်၊ ဒီလူနှစ်ယောက်ရဲ့ သက်သေ ထွက် ဆိုချက်တွေကို လေ့လာကြည့်တဲ့ အခါမှာ သူတို့ရဲ့ အထက်လူ ကြီးတွေ၊ အထက်အရာရှိတွေရဲ့ အမိန့်ပေး စေခိုင်းမှုအရ လုပ် ရတာပါလို့ ပါတဲ့အတွက် ICJ အမှုမှာရော၊ ICC မှာရော မြန်မာ နိုင်ငံအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာဖွေပေးနိုင်ဖို့ မလွယ်ဘူးလို့ ကျွန်တော်တို့ အရင်က သုံးသပ်ထားပါတယ်။ အခုလို ကျူးလွန်ခဲ့တဲ့သူတွေ ကိုယ်တိုင်ထွက်လာပြီး ဝန်ခံတာမျိုး ဖြစ်လာတော့ မြန် မာစစ်တပ်နဲ့ အစိုးရအတွက် လုံးဝမကောင်းတဲ့ အခြေအနေ တစ်ခုကို ရင်ဆိုင်လာရတော့မှာပါ”

မြန်မာတပ်သားနှစ်ဦး ဝန်ခံထွက်ဆိုထားတဲ့ ဗီဒီယိုဖိုင်ထဲက အကြောင်းအရာတွေဟာ ယုံကြည်ရလောက် တယ်လို့ Nickey Diamond က ပြောပါတယ်။

“ကျွန်တော်တို့ အရင်တုန်းက ၂၀၁၆-၂၀၁၇ ကာလတုန်းက စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်စဉ် အ ချိန် တုန်းက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားတာ ရှိပါတယ်။ အဲဒီတုန်းက မှတ် တမ်းထဲက အချက်အလက်တွေနဲ့ သူတို့ရဲ့ ထွက်ဆိုချက်တွေကို တိုက်ဆိုင်စစ်ဆေး ပါ တယ်။ နောက်ပြီး ကုလသ မဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ကလည်း ထုတ်ပြန်ထားတဲ့ အစီရင်ခံ စာတွေ ရှိပါတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ မျက်မြင်သက်သေတွေ၊ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ကိုယ်တိုင် ကြုံခဲ့ရသူတွေက ပြောကြားထားတာတွေနဲ့လည်း တိုက်ဆိုင် စစ်ဆေးပါတယ်။ ဒီလို တိုက်ဆိုင် စစ်ဆေးလိုက်တဲ့အခါမှာ ဒီဗီဒီယိုဖိုင်ထဲက လူနှစ်ဦးဟာ ကျူးလွန်မှုတွေမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့တယ်လို့ ယုံကြည်ရလောက်တဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။“

ဒီတပ်သားနှစ်ဦးရဲ့ ဝန်ခံချက်တွေဟာ ရိုဟင်ဂျာတွေနဲ့၊ တရားမျှတမှုရဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံက လူ နည်းစုတွေ အတွက် အလွန်ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်တယ်လို့ Fortify Rights အဖွဲ့က Matthew Smith က New York Times သတင်းစာကို ပြောခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ICC တရားရုံးမှာ ရုံးတင် စစ် ဆေးပြီး အရေးယူခံရမယ့် ပထမဆုံးတရားခံတွေ ဖြစ်သလို့ ပထမဆုံး မြန်မာ စစ်တပ်တွင်းက မျက်မြင် သက်သေ တွ ဖြစ်လာမယ်လို့လည်း Matthew Smith က ပြောပါတယ်။

ဒီတပ်မတော်သားနှစ်ဦးကို ICC က ထိန်းသိမ်းထားတယ် ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ ညီမျှခြင်းမြန်မာ အဖွဲ့က ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။

"သူတို့က ဘယ်ဘက်မှာရပ်တည်ပြီး ဘယ်အကြောင်းတွေ ပြောမလဲတော့ မသိဘူး။ ဒါနဲ့ပတ်သက်ပြီး ပြော ဖို့က တော့ ခက်ခဲပါသေးတယ်။ တကယ်လို့ ဒီတပ်မတော်သားတွေက ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ သူတို့ ရင် ဆိုင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဖွင့်ဟပြောဆိုတာမျိုးတွေ ရှိရင်တော့ အမှုသွားအမှုလာနဲ့ ပတ် သက် ပြီး စွပ်စွဲနေတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုတွေအတွက် သက်သေအထောက်အထားတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်အဆင့်အထိ ပြောကြားမလဲ၊ ဘယ်လောက်ခိုင်မာမှုရှိလဲ ဆိုတာတော့ အခုအချိန်မှာ ပြောဖို့ ခက်နေပါသေးတယ်။ အမှန်တရားကို ရပ်တည်မလား ဘယ်ပေါ်မှာ ရပ်တည်မလဲ ဆိုတာကို စောင့်ကြည့်ဖို့ လိုအပ်တယ်"

ဒီသတင်းနဲ့ပတ်သက်ပြီး ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအဖွဲ့ (BROUK) က ဦးထွန်းခင်က အခုလိုပြော ပါတယ်။


tunkhin
"ကျွန်တော်တို့အတွက် တော်တော်လေးကို ဝမ်းသာစရာသတင်း ဖြစ် တယ်။ ဒီလို ရာဇဝတ်မှု ကျူးလွန်မှုတွေ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ် ထားတယ်ဆိုတာ သူတို့ ပြေးမလွတ်ဘူး၊ ဒါက အစပဲ ရှိသေးတယ်၊ နောက်ထပ် ထွက်လာဖို့ အများကြီးရှိတယ်။ ဒီလို ကျူးလွန်နေတဲ့ ရာဇ ဝတ်သားတွေအားလုံးကို ဖော်ထုတ်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော် လင့်ပါတယ်။ အဲဒီအတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါ အဝင် စစ်တပ်ထိပ်ပိုင်းအရာရှိတွေနဲ့ ဒီလို လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်နေတာကို အမြန်ဆုံး ရပ်တန်းကရပ်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော် ပြောချင်ပါတယ်"

ဒီ ဗီဒီယိုဖိုင်တွေထဲမှာ... တပ်သားမျိုးမင်းထွန်းဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း တောင်ဘဇာ ကျေးရွာက ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အမျိုးသား အမျိုးသမီး ၃၀ ထက်မနည်း သတ်ဖြတ် ရာမှာ ပါဝင်ခဲ့ပြီး၊ ဘူးသီးတောင်မြို့နယ်က တခြား ကျေးရွာတွေမှာ အရပ်သား ၆၀ ကနေ ၇၀ လောက် အထိ သတ်ဖြတ်ရာမှာ ပါဝင်ခဲ့ရကြောင်း ဝန်ခံထားပါတယ်။

တပ်သားဇော်နိုင်ထွန်း ကလည်း... ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင် စဉ် အတွင်းမှာ မောင်တောမြို့နယ်က ကျေးရွာ ၂၀လောက်မှာ အရပ်သား ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၈၀ လောက်ကို သတ်ဖြတ်တာနဲ့ အလောင်းတွေကို မြေမြှုပ်ဖျောက်ဖျက်ရာမှာ ပါဝင် ခဲ့ကြောင်း ဝန်ခံထားပါတယ်။

တပ်သားနှစ်ဦးလုံးက သူတို့ကို အထက်က စစ်ဗိုလ်တွေက တွေ့သမျှ ရိုဟင်ဂျာ အားလုံးကို ပစ်သတ်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း ဝန်ခံထားပါတယ်။

ဒီတပ်သားနှစ်ဦးရဲ့ ဝန်ခံချက်တွေဟာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ မှတ်တမ်းတွေနဲ့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေနဲ့ ကိုက်ညီတဲ့အတွက် ယုံကြည်ရေ လာက် တယ်လို့ သုံးသပ်ကြောင်း Fortify Rights အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဗီဒီယိုနဲ့ပတ်သက်လို့ RFA က ဇွန်လ ဆန်းက တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ် မေးမြန်း ရာမှာ ဒီဗီဒီယိုဖိုင်ဟာ ရခိုင့်တပ်တော် AA ကလုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်တယ်လို့ တပ် မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူးက ဖြေကြားခဲ့ပါတယ်။

ဒီတပ်သား နှစ်ဦး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ရောက်ရှိနေပြီး သူတို့နှစ်ဦးကို အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာ စစ်ဆေးပေးဖို့ တောင်းဆိုနေကြတာနဲ့ ပတ်သက်လို့ RFA က မြန်မာအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့နဲ့ AA အ ဖွဲ့တို့ကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */