လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-09-14
မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ၃ နှစ်ရှိပြီ ဖြစ်ပေမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ ၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက် က ပြောကြားခဲ့ပါတယ်။ခင်မောင်စိုး
2020-09-14
ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က လာမယ့် နိုဝင်ဘာရွေးကောက် ပွဲအပြီး တက်လာမယ့် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးတိုးတက်ရေးအတွက် ဘယ်အချက်တွေ အဓိ ကဆောင်ရွက်သင့်သလဲဆိုတာကို ဆန်းစစ်ရမယ့် အချိန်ဖြစ်တယ်လို့ အစချီပြီးပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောက်မက်ဖွယ်ကျူး လွန်ခဲ့ပြီး aနာက် ရိုဟင်ဂျာထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရတာ ၃ နှစ်ရှိပြီဖြစ်ပေမယ့် ဒီပြဿနာတွေကို ဖြေရှင်းနိုင် Nခင်း မရှိသေးပါဘူး။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ FFMM ရဲ့ ၂ဝ၁၉ အစီရင်ခံစာမှာ အဲဒီလို ဖြစ်ပွားခဲ့မှုတွေအတွက် မြန်မာအစိုးရမှာ တာဝန်ရှိကြောင်းဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ ခိုင်ခိုင်မာမာ အရေး ယူခြင်း မရှိသေးပါဘူး။ မြန်မာပြည်မှာ ဆောင်ရွက်နေတဲ့ စုံစမ်းရေးကော်မရှင်နဲ့ စစ်ခုံရုံး ဖွဲ့ စစ်ဆေးတာတွေဟာ နိုင်ငံတကာစံတွေနဲ့ မကိုက်ညီပါဘူး။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ တရားစီရင်ရေးအဖွဲ့အစည်းတွေ၊ စုံစမ်းရေးအဖွဲ့တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါလို့ တိုက်တွန်းပါ တယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ရခိုင်၊ ချင်း၊ ဒိုင်းနက်၊ မြို၊ ရိုဟင်ဂျာစတဲ့ ဒေသခံတွေ ဥပဒေမဲ့ ညှဉ်းပန်းသတ်ဖြတ်ဖမ်းဆီးခံနေရတဲ့အတွက် နောက်ထပ် စစ်ရာဇ ဝတ်မှုတွေ တိုးပွားလာနိုင်ပါတယ်။ ရိုဟင်ဂျာတွေ အရင်ကနေထိုင်သွားခဲ့တဲ့ ရွာတွေကို မြေပုံပေါ်က နာမည် ပယ်ဖျက်ခြင်း၊ မြေယာတွေကို အခြားနည်းနဲ့ ပြောင်းလဲအသုံး ပြုခြင်းတွေ ဆောင်ရွက်နေပါတယ်။ အဲဒီလိုပြု မူခြင်းအားဖြင့် ရိုဟင်ဂျာတွေ နေရပ်ပြန်လာတဲ့အခါ အခက်တွေ့နိုင်သလို ၂ဝ၁၇ ခုနှစ် စစ်ဆင်ရေး ကာလ အတွင်း မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး သက်သေအေ ထာက်အထား တွေ လည်း ပျောက်ပျက်သွားနိုင်ပါတယ်။ ဒါ့အပြင် လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ရိုဟင်ဂျာအမြောက် အ မြား ပါဝင်မဲပေးခွင့် ရမှာမဟုတ်တဲ့အတွက်လည်း စိတ်ပျက်စရာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီညီလာခံကို တက်ရောက်ခဲ့တဲ့ ဂျနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအစိုးရ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မစ်ရှဲလ်ဘက်ချလက် ရဲ့ တင်ပြချက်ကို ဝေဖန်ချက်မပေးလိုပါဘူး။ သူ့ကတော့ နိုင်ငံတ ကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်ရဲ့ ပကတိအခြေအနေကို သိရှိအောင်ကြိုးစားဖို့နဲ့ ဖယ်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအတွက် ပါဝင်ကူညီဖို့ တင်ပြခဲ့ပါတယ်လို့ RFA ကိုပြောပါတယ်။
“ကျနော်တို့ နိုင်ငံအနေနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်တဲ့အချိန်မှာ ဒီလိုမျိုးကိစ ္စတွေက တခုနဲ့တခု ဆက်နွယ်နေတယ်။ ဥပမာ အမျိုးသားရင်ကြားစေ့ရေး ၊ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အ ခွင့်အရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်။ အားလုံးဆက်နွယ်နေတဲ့အတွက်ကြောင့် ကိစ္စတခု ထဲကို ကြည့်ပြီး ကိုင်တွယ်လို့ မရဘူးပေါ့နော်။ အားလုံးကို comprehensively ကျယ်ကျယ်ပြန့်ပြန့် ပြည့် ပြည့် စုံစုံ ကြည့်ပြီးတော့ တချို့ ဥစ္စာတွေမှာ အချိန်လိုတယ်၊ ဒါကြောင့် ဒါကို နားလည်ဖို့လိုတယ် ဆိုတဲ့ဥစ္စာ ရယ်၊ ကျနော်တို့ အခုလိုဖြစ်နေတဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ရှိတယ်ဆိုတာကိုတော့ ဘယ် သူမှ ငြင်းလို့မရဘူးပေါ့နော်။ တချို့တွေအနေနဲ့ အခုပြောင်းလဲနေတဲ့ ဥစ္စာတွေအပေါ်မှာ အားမရဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိတယ်။ ကျနော်တို့ အနေနဲ့ ဒီမိုကရေစီနိုင်ငံကြီးကို နေ့ချင်း ညချင်း လုပ်ချင်တာပေါ့ နော်။ ဒါပေမဲ့ ကျနော်တို့ရဲ့ လက်ရှိပကတိ အခြေအနေကိုတော့ နားလည်ဖို့လိုတယ်ပေါ့နော်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု ပြဿနာရဲ့ အတိမ် အနက်ကို နားလည်ဖို့လိုတယ်။ နောက်တခုက information ပေါ့နော်။ Accuracy of information သတင်း အချက်အလက်မှန်ကန်ဖို့ က အရမ်းအရေးကြီး တယ်ဆိုတဲ့ အချက်၊ အစိုးရရဲ့သွားနေတဲ့ ပြောင်းလဲမှုတွေကို ကျနော်တို့ ဆက်လက်သွားဖို့ကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဆက်လက် ပံ့ပိုးကူညီပေးပါလို့ ကျနော်ပြောခဲ့တာရှိပါတယ်။ သူ့ရဲ့ Report ကို ကျေ နာ် တိုက်ရိုက်ကြီး ပြန်တုံ့ပြန်တာမဟုတ်ဘူး။ သူ့ရဲ့ report ကို ကျနော် ကွန်မန့်ပေးတာလည်းမဟုတ်ဘူး။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စတွေမှာ လုပ်နေတာတွေကို လူ့အခွင့်အရေးကောင် စီကို အသိပေး ပြောကြားခဲ့ပါတယ်”
လူ့အခွင့်အရေးကောင်စီမှာ ကုသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ်ရှဲလ် ဘဲချလက်ရဲ့ တင်ပြချက် တွေကို လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ကြိုဆိုလိုက်ပါတယ်။
“မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအစိုးရအဖွဲ့တွေနဲ့ UN Facts Finding Mission ကုလသမဂ္ဂ အချက်အ လက်ရှာဖွေရေးအဖွဲ့ရဲ့ တောင်းဆိုချက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်တယ်ဆိုတာ သူအများ ကြီး ထောက်ပြခဲ့တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ အများကြီးကြိုဆိုတယ်။ ဒါ ကောင်းပါတယ်။ အဲ တော့ နိုင်ငံတကာအစိုးရတွေအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ကော်မရှင်နာရဲ့ တင်သွင်း ချက် တွေကို ထောက်ခံဖို့လိုအပ်တယ်။ အဲဒီအတွက်ကြောင့် မြန်မာအစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေ ပိုပြီးများလာမယ်လို့ ကျနော်ထင်ပါတယ်”
NLD ပြန်ကြားရေးအရာရှိ မုံရွာအောင်ရှင်က မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောပါတယ်။
“မြန်မာအစိုးရက စောစောကတည်းက ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်နေတယ်။ အထူးသဖြင့် ဘင်္ဂါလီပြဿနာကို အထူးသတိထားပြီး ကိုင်တွယ်ဖြေရှင်းနေတာ ရှိပါတယ်။ တဖက်နိုင်ငံကို ထွက်သွားတဲ့ ဘင်္ဂါလီတွေကို ပြန်ပြီးခေါ်ယူဖို့ ကြိုးစားနေတာတွေ ရှိပါတယ်။ နောက်တချက် ထပ်ပြောချင်တာက ကျနော် တို့အနေနဲ့ တပ်မတော်အနေနဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်တဲ့ ခုံရုံးတွေကို အခု ဖွဲ့စည်းပြီး ဖြေရှင်းနေတာ လဲ ရှိပါတယ်၊ အထူးသဖြင့် ကျနော်တို့ NLD ရဲ့ ၂ဝ၂ဝ ကြေညာစာတမ်းမှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး အတိအလင်းရေးသားထားတာ တွေ့ရပါတယ်။ အဲဒါကြောင့် ဒီရှေ့ ဆက်ပြီးတော့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အလားအလာ ကောင်းတယ်လို့ ကျနော်ပြောချင်ပါတယ်”
မုံရွာအောင်ရှင် ပြောကြားခဲ့တာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီး မစ်ရှဲလ် ဘက်ချလက်က မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေ ဂုဏ်ရှိစွာနဲ့ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေးအတွက် လိုလားပါတယ်လို့ ထပ်တလဲလဲ ပြောကြားခဲ့တာကို လက်တွေ့အကောင် အထည်ဖော်ဖို့ လိုပါတယ်လို့လည်း လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မနေ့က ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
Link : Here
No comments:
Post a Comment