Tuesday, January 15, 2019

AA နဲ့ တိုက်ပွဲဟာ သောင်းကျန်းသူနှိမ်နင်းရေးလို့ တပ်မတော်သတ်မှတ်

RFA
လွတ်လပ်တဲ့အာရှအသံ
2019.01.15

စစ်တွေလေဆိပ်မှာ တပ်မတော်သားတွေကို တွေ့ရစဉ် 

ရခိုင့်တပ်မတော် AA နဲ့ ဖြစ်တဲ့ တိုက်ပွဲဟာ ပြည်တွင်းစစ်မဟုတ်ဘဲ သောင်းကျန်းသူကို တိုက်တဲ့ တိုက်ပွဲ သာဖြစ်ကြောင်း တပ်မတော်က ဒီကနေ့ ပြောလိုက်ပါတယ်။
AA နဲ့ ရင်ဆိုင်တဲ့တိုက်ပွဲမှာ တပ်မတော်က လေကြောင်းကနေ ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက် လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးကြီး ဇော် မင်းထွန်း က အခုလိုပြောလိုက်တာပါ။

ဒီတိုက်ပွဲတွေဟာ သောင်းကျန်းသူ နှိမ်နှင်းရေးလို့ သတ်မှတ်ကြောင်း RFA ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါ ရီ လ ၄ ရက်နေ့က ရခိုင့်တပ်မတော် AA က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်က ရဲစခန်း ၄ခုကို ဝင်ရောက်တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်း ပွဲမှာ AA နဲ့ဖြစ်နေတဲ့တိုက်ပွဲမှာ တပ်မတော်အနေနဲ့ တပ်အင်အားတိုးမြင့်သုံးစွဲဖို့ လိုအပ်ရင် ရဟတ်ယာဉ်သုံး စွဲဖို့ သမ္မတရုံးက ညွှန်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောလိုက်ပါတယ်။

အဲဒီလို ညွှန်ကြားတယ်လို့ သတင်းစာရှင်းလင်းပွဲပြောပြီးနောက်မှာ ပြည်တွင်းစစ်မှာ ရဟတ်ယာဉ်သုံးတာ ဟာ နိုင် ငံတကာ ဥပဒေတွေကို ချိုးဖောက်တာ လူ့အခွင့်အရေးကို ချိုးဖောက်တာဆိုပြီး နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာ့တပ်မတော်ကို ဝေဖန်လာကြပါတယ်။ တပ်မတော်ဘက်ကတော့ ရဟတ်ယာဉ်သုံး တာ က အစိုးရကလည်းခွင့်ပြုတယ် ပြည်တွင်းစစ်မှာ ရဟတ် ယာဉ်မသုံးရဘူးဆိုတာကလည်း ဥပဒေမှာမရှိ ကြောင်း တပ်မတော်သတင်းအမှန်ပြန်ကြားရေးက ဗိုလ်မှူးကြီးဇော်မင်းထွန်း ကပြောပါတယ်။

"ရဟတ်ယာဉ်သုံးတာက အစိုးရကလည်း ခွင့်ပြုထားတယ်၊ ကျနော်တို့က သောင်းကျန်းသူနှိမ်နှင်းရေးမှာ သုံးလို့ရ တယ်ဆိုတာ နိုင်ငံတကာစံနှုန်းမှာလည်းရှိတယ်၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေမှာရဟတ် ယာဉ် မသုံးရဘူးဆိုတာ မရှိဘူးဗျ"

တပ်မတော်ကတော့ ရခိုင့်တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တဲ့အပေါ် ရခိုင့် တပ်မ တော်ဘက်က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

"အင်အားအလွန်ကျွံသုံးပြီး တိုက်ခိုက်တယ်ဆိုတာက သူတို့ဂုဏ်သိက္ခာဘဲဗျ၊ လေယာဉ်နဲ့ ဗုံးကျဲပြီး တိုက် ခိုက်တာ တကယ်တမ်းထိခိုက်တာက ဒေသခံပြည်သူတွေပဲဗျ၊ ဒီလိုပြည်သူတွေကို ဗုံးကျဲပြီးတိုက်ခိုက် တာဟာ လူသားတွေပေါ်မှာ ကျူးလွန်တဲ့ရာဇဝတ်မှုပဲဗျ"

တပ်မတော်က ရခိုင်တပ်မတော်ကို AA ကို သောင်းကျန်းသူလို့ စွပ်စွဲတဲ့အပေါ်ကို ခိုင်သုခက ရခိုင့်တပ်မ တော် AA က သောင်းကျန်းသူမဟုတ်ဘဲ တပ်မတော်ကသာ သောင်းကျန်းသူတွေဖြစ်တယ်လို့ ဆက်ပြော ပါတယ်။ အခြားတိုင်းရင်းသားလက်နတ်ကိုင်တွေကကော ရဟတ်ယာဉ်သုံးစွဲတဲ့အပေါ်ကော လက်ခံကြ ပါသလား။

ကရင်အမျိူးသားအစည်းရုံးက ဒုတိယ ဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန်ကတော့ ပြည်တွင်းစစ်ကို ရဟတ်ယာဉ် သုံးဖို့ အစိုးရက ခွင့်ပြုတာဟာ မဖြစ်သင့်ကြောင်းနဲ့ တိုင်းရင်းသားတွေကလဲ အစိုးရအပေါ် ယုံကြည်မှုတွေ ကျဆုံးလာမယ်လို့ပြောပါတယ်။

"ရဟတ်ယာဉ်သုံးပြီး ခေတ်မှီလက်နက်တွေသုံးပြီး တိုက်တယ် မဖြစ်သင့်ဘူး ဘာလို့လဲဆိုတော့ ဒါက ပြည်တွင်းမှာဖြစ်နေတဲ့ တိုက်ပွဲပြည်ပနဲ့ ဖြစ်နေတာ မဟုတ်ဘူး အဲဒီလိုကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို အခက်ခဲဖြစ်လိမ့်မယ်၊ အများရဲ့ယုံကြည်မှုလည်း ကျဆုံးလာလိမ့်မယ်"

ပြည်တွင်းစစ်မှာ ရဟတ်ယာဉ်သုံးစွဲတာဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ညီညွတ်မှုရှိရဲ့လားဆိုတာ လူ့အခွင့် အ ရေးရှေ့နေ ဦးအောင်ထူးက အခုလိုပြောပါတယ်။

"အကြမ်းဖက်အဖွဲ့စည်းဆိုတဲ့ လက္ခဏာက လုံးဝမရှိဘူး၊ အဲဒီမရှိတဲ့ အခြေခံအောက်မှာ လက်ရှိအစိုးရက လေယာဉ်ပျံသုံးတယ်ဆိုတာ နိုင်ငံတကာစည်းမျဉ်းနဲ့ ဆန့်ကျင်နေတယ်"

အဲဒီလိုရဟတ်ယာဉ်သုံးတာဟာ လူ့အခွင့်အရေးချိုးဖောက်ရာ ကျပါသလားဆိုတာ မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်က ဦးယုလွင်အောင် ကိုမေးမြန်းကြည့်တဲ့အခါမှာ

"လူတွေကပြေးကြ ဆေးမကုနိုင် ကျောင်းမတတ်နိုင် ဒါတွေကတော့ လူ့အခွင့်အရေးနဲ့ ဆိုင်တာပေါ့နော်၊ ဒါပေမဲ့ ရဟတ်ယာဉ်သုံးတိုင်း လူ့အခွင့်အရေးချိုးဖောက်တယ်လို့တော့ ပြောလို့မရဘူးဗျ"

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားလာခဲ့တာကြောင့် စစ်ဘေးဒုက္ခ သည် ၅၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */