နိရဉ္စရာ၊
ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အုန်းချောင်းကျေးရွာအနီးတွင် ယနေ့ နံနက် ၈နာရီမှ စပြီး တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောကြားသည်။

“ ဖြစ်တာက နံနက် ၈ နာရီလောက်စပါတယ်။ အခုထိ လက်နက်ငယ် ပစ်ခတ်နေပါတယ်။ သိပ်မကြာခင် ကတော့ တပ်မတော်ဘက်က လက်နက်ကြီးတွေ အကြီးအကျယ် ပစ်ပါတယ်။ အခုလက်နက်ငယ်သံတွေဘဲ ကြားရပါ” ဟု ယနေ့ နံနက် ၁၁ နာရီ အချိန်က ဒေသခံ တစ်ဦးကို နိရဉ္စရာက ဆက်သွယ်စဉ် ယင်းသို့ ပြောကြားသည်။
တိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ တစ်ခုတို့ အကြားဖြစ် ပွားနေပြီး တိုက် ပွဲမှာ အုန်းချောင်း ရွာအထွက် တောင်ကုန်းအနီး လယ်ကွင်းထဲတွင် ဖြစ်နေသည်ဟု ၎င်းက ပြောဆို သည်။
လောလောဆယ်တွင် အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်၊ အုန်းချောင်း ရွာထဲတွင် ရွာသားများ ပိတ်မိနေကြောင်း ပြောကြားသည်။

Link : Here

No comments:
Post a Comment