" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မင်းပြား. Show all posts
Showing posts with label မင်းပြား. Show all posts

Monday, March 11, 2019

မြို့နယ် ၃ခုက ရဲကင်းစခန်းတွေ ပူးပေါင်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-11
  ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲတွေကို တွေ့ရစဉ်



အခုလ ၉ ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ယိုးတရုတ်ရဲကင်းစခန်းကို ရက္ခိုင့် တပ်မ တော် AA က တိုက်ခိုက်ခဲ့ပြီးနောက် မင်းပြား၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့ နယ်အတွင်းက အင် အား အနည်း ငယ်သာရှိတဲ့ ရဲကင်းစခန်းတွေဟာ တခြားစခန်းတွေနဲ့ သွားရောက် ပူးပေါင်းတာတွေ လုပ်ဆောင်လာသလို နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်လာပါတယ်။ ရဲကင်းစခန်းတွေ မရှိတော့တဲ့ ကျေးရွာတွေက ဒေသခံတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။

Thursday, February 14, 2019

ရွာတာဝန်ခံတစ်ဦး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရ

RFA 
2019-02-13

မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာတွင် သေနတ်နှင့်လုပ်ကြံခံရသူ။


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကျောက်ခုတ်ကျေးရွာ တာဝန်ခံတစ်ဦး မနေ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းက သေနတ်နဲ့ လုပ်ကြံအသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Wednesday, February 13, 2019

မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာတာဝန်ခံ လုပ် ကြံသတ်ဖြတ်ခံရ

နိရဉ္စရာ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကျောက်ခုတ်ကျေးရွာတာဝန်ခံသည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်) ည ၉ နာရီ အချိန်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

Wednesday, September 20, 2017

( 20.09.2017 ) မင်းပြားမြို့နယ် တန်းဆိပ်ရွာနှင့် ဆပ်ကျာရွာ အကြား ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွား



မင်းပြားမြို့နယ် တန်းဆိပ်ရွာနှင့်ဆပ်ကျာရွာ အကြား ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွား

စက်တင်ဘာ ၂၀၊၂၀၁၇

ရန်ကုန်-စစ်တွေကားလမ်း မင်းပြားမြို့နယ် ဆပ်ကျာကျေးရွာအုပ်စု တန်းဆိပ် ကျေးရွာနှင့် ဆပ်ကျာ ကျေးရွာ အကြား ၀င်းဇားကျေးရွာဘက်သို့ သွားသည့်လမ်းဆုံ မိုင်တိုင်အမှတ် ၉၆/၄ နှင့် ၉၆/၅ အကြား ကား လမ်းပေါ်တွင် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၁၅ မိနစ်က အမ်းမြို့နယ် ဂယ်လောင်းကျေးရွာနေ ယာဉ်မောင်း ညီညီဝင်း မောင်းနှင်လာသော ကယ်ဆယ်ရေးပစ္စည်းတင်ဆောင်လာသည့် FUSO ခြောက်ဘီးယာဉ်နှင့် စစ်တွေ မှရန်ကုန်သို့ မောင်းနှင်လာသည့် ကစ္ဆပနဒီခရီးသည်တင်ယာဉ် (ယာဉ်မောင်းစိစစ်ဆဲ) တို့မှာ ယာဉ် တစ်စီးနှင့်တစ်စီး တိမ်းရှောင်သည့်နေရာ မလေးရှား ပိတောက်ပင်ခြေရင်း၌ ပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်ကြောင့် ကစ္ဆပနဒီခရီးသည်တင် မော်တော်ယာဉ်မှာ ၀ဲဘက်မှန် ၄ ချပ် ကွဲ သွားကြောင်း နှင့် အခင်းဖြစ် ပွားရာနေရာသို့ သက်ဆိုင်ရာက မိုင်းရှာဖွေ ရှင်းလင်းလျှက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မင်းပြားမြို့မရဲစခန်း၌ အမှုဖွင့်၍ တရားခံအားဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး လျက်ရှိကြောင်းသိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)







သတင်း
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */