Monday, March 11, 2019

မြို့နယ် ၃ခုက ရဲကင်းစခန်းတွေ ပူးပေါင်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-11
  ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲတွေကို တွေ့ရစဉ်

အခုလ ၉ ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ယိုးတရုတ်ရဲကင်းစခန်းကို ရက္ခိုင့် တပ်မ တော် AA က တိုက်ခိုက်ခဲ့ပြီးနောက် မင်းပြား၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့ နယ်အတွင်းက အင် အား အနည်း ငယ်သာရှိတဲ့ ရဲကင်းစခန်းတွေဟာ တခြားစခန်းတွေနဲ့ သွားရောက် ပူးပေါင်းတာတွေ လုပ်ဆောင်လာသလို နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်လာပါတယ်။ ရဲကင်းစခန်းတွေ မရှိတော့တဲ့ ကျေးရွာတွေက ဒေသခံတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။

 RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။

■  ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု ၆ ခုလောက်ကို လုံခြုံ ရေးယူရတဲ့ ပန်းမြောင်းရဲကင်းစခန်းဟာ ဒီနေ့မနက်မှာပဲ မင်းပြားမြို့ပေါ်ကို ပြောင်းရွှေ့ လိုက်ပါတယ်။

ရွာအတွင်းမှာ ရဲစခန်းမရှိတော့တဲ့အတွက် ဒေသခံတွေက စိုးရိမ်မှုတွေရှိနေတယ်လို့ ပန်းမြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော် က ပြောပါတယ်။

“ပန်းမြောင်းကျေးရွာရဲကင်းစခန်းက စခန်းမှူး ဒုရဲမှူးက လာခဲ့စမ်းပါလို့ခေါ်လို့ ကျနော်သွားပြီးတော့ အုပ် ချုပ်ရေးမှူးရယ်တဲ့ ကျနော်တို့ တပ်ပြောင်းရတော့မယ်တဲ့ ကျနော်တို့လုံခြုံနိုင်ဖို့ အခြေအနေမရှိတော့ ဘူး လို့ ပြောပါတယ်။ လုံခြုံရေးအခြေအနေကတော့ ကျနော်တို့ ဘာတစ်ခုမှ မတတ်နိုင်တော့ဘူး။ စိုးရိမ်ရတဲ့ အခြေ အနေရှိပါတယ်။”

ပန်းမြောင်းရဲကင်းစခန်မှာ ရဲတပ်ဖွဲ့ဝင်အင်အားဟာ ၁၀ ဂဏန်းသာရှိတာဖြစ်ပါတယ်။

ဒါ့အပြင် မနေ့က မနက် ၄ နာရီခွဲခန့်မှာလည်း ဘူးသီးတောင်မြို့နယ်က စေတီတောင် ရဲကင်းစခန်းဟာ ဘူးသီးတောင်မြို့နယ်ထဲကပဲ နွားရုံတောင်ကျေးရွာ ရဲကင်းစခန်းကို သွားရောက်ပူးပေါင်းခဲ့ပါတယ်။

စေတီတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ရဲကင်းစခန်းတွေ ပူးပေါင်းသွားတဲ့ အခြေအနေ ကို အခုလိုပြောပါတယ်။

“နွားရုံတောင်ရဲစခန်းမှာ လူစုလိုက်တာ။ ဘာလို့လဲ မပြောတတ်ဘူး။ သူတို့မှာလည်း စိုးရိမ်ချက်ရှိမှာပေါ့။ ဟိုမှာဖြစ်တဲ့ကိစ္စကို ဒီနေရာမှာလည်း ဒီလိုဖြစ်သွားရင် ဌာနဆိုင်ရာလူကြီးတွေကလည်း ဒီလိုသိလို့ ပြောင်းရွှေ့တာလို့ ထင်ပါတယ်။”

အဲဒီလိုရဲကင်းစခန်းတွေ ပူးပေါင်းနေချိန်မှာလည်း ရဲတပ်ဖွဲ့ဝင်တချို့ တိုက်ခိုက်ခံရတယ်လို့ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ညနေ ၆ နာရီကျော်မှာ ရသေ့တောင်မြို့နယ်၊ အုတ်ဖိုရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၁၄ ဦးဟာ ဘူးသီး တောင်မြို့နယ်၊ ညောင်ချောင်းရဲကင်းစခန်းကို သွားရောက်ပူးပေါင်းစဉ်မှာ AA တပ်ဖွဲ့ ဝင်တွေရဲ့ တိုက်ခိုက်မှု ကိုခံခဲ့ရပြီး ရသေ့တောင်မြို့နယ်၊ ကာဒီချောင်းအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိကာ ရေနဲ့အတူ မျောပါ သွားတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

ရသေ့တောင်မြို့နယ်က ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်ရှိတဲ့ ကူတောင်ကျေးရွာ ရဲကင်းစခန်းလည်း ပြောင်းရွှေ့ သွားပြီလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

“ဒီနေ့မနက်က ဒေသခံတစ်ယောက် ဖုန်းဆက်လာတယ်။ ရသေ့တောင်မြို့နယ်မှာ ကူတောင်ကျေးရွာ ဆိုတာ အဲဒီမှာရှိတဲ့ ဒီရဲကင်းစခန်းကိုလည်း သူတို့ပြောင်းရွှေ့လိုက်တယ်ပြောတယ်။ အဲဒီမှာကြတော့ ၁၀ တန်း စာမေးပွဲရှိတယ်။ လုံခြုံရေးမရှိတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအဝင် ကျေးရွာ သူ ရွာ သားတွေက လုံခြုံရေးလုပ်ပြီးတော့ပဲ စာမေးပွဲဖြေနေရတယ်ဆိုပြီး ဖုန်းဆက်ပါတယ်။”

နယ်ခြားစောင့်ရဲကင်းစခန်းငယ်တွေ ပူးပေါင်းလိုက်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်သတင်း မှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းတို့ကို RFA က အကြိမ်ကြိမ် ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေ မယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ရက္ခိုင့်တပ်မတော် AA က သတင်းထုတ်ပြန်ထားချက်တွေအရ အခုလ ၇ ရက်နေ့ကစပြီး ပုဏ္ဏားကျွန်း မြို့နယ်၊ အနောက်ဖက်တောင်တန်းတွေပေါ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး အစိုးရတပ်မတော် က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုေတွေရှိနေတယ်လို့ သိရပါတယ်။

မတ်လ ၉ ရက်နေ့ ည ၁၁ နာရီမှာတော့ ပုဏ္ဏားကျွန်းမြို့နယ် စစ်တွေ-ရန်ကုန်ကားလမ်းမဘေးက ယိုးတရုတ် ကျေး ရွာ ရဲစခန်းကို AA က ဝင်ရောက်တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါတယ်။

မနေ့က RFA ရဲ့ ဆက်သွယ်မေးမြန်းထားမှုတွေအရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော် ဦး က အင်အားနည်းတဲ့ ရဲကင်းစခန်းတွေကို AA အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်တာဟာ ရည်ရွယ်ချက်ရှိရှိ တမင်သိက္ခာချတဲ့လုပ်ရပ်ဖြစ်တယ်လို့ပြောထားပြီး AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ယိုးတရုတ် ရဲကင်းစခန်းကို တိုက်ခိုက်ဖို့ ဗဟိုက ညွန်ကြားထားတာမရှိကြောင်း တုံပြန် ပြောဆိုထားပါတယ်။

ယိုးတရုတ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး AA အောက်ခြေအဖွဲ့ကို ဗဟိုက စုံစမ်း စစ်ဆေးနေမှု လုပ်သွားမယ်လို့ ခိုင်သုခ က မနေ့က ပြောထားတာနဲ့ ပတ်သက်လို့ နောက်ဆက်တွဲအခြေ အနေကို သိရှိနိုင်ဖို့ RFA က AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားမှု မရှိပါဘူးရှင်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */