Narinjara
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဒီဇင်ဘာ ၆/ ၂ဝ၁၉
ရက္ခိုင့်တပ်တော်( AA) ၏ စစ်ဦးစီချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူနှင့် သားသမီးနှစ်ဦးအား ထိုင်း အစိုးရမှ ဖမ်းဆီးပြီး နယ်စပ်မြို့ မယ်ဆိုင်သို့ ရဟတ်ယာဉ်ဖြင့် ယူဆောင်သွားကြောင်း ချင်းမိုင်မြို့သို့ ရောက် ရှိနေသူ ရခိုင့်လူအခွင့်အရေးဆောင်ရွက်နေသူ တစ်ဦးက သတင်းဌာနသို့ ပြောကြားသည်။
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဒီဇင်ဘာ ၆/ ၂ဝ၁၉
“ သူတို့ကို ဒီကနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်က ချင်းမိုင် လေယာဉ်ကွင်းကနေ မယ်ဆိုင်ကို ရဟတ်ယာဉ်နဲ့ ယူဆောင်သွားပါတယ်။ သူတို့ကို မယ်ဆိုင်ကနေ မြန်မာကို ပို့ဆောင်ဖို့ ယုံကြည်မျှော်လင့်ရပါတယ်” ဟု ၎င်း က ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူ မဇာဇာအတူ သမီးဖြစ်သူ စောပြည့်ရှင် (၁၁) နှစ်၊ မြတ်လင်းဇံ (တစ်နှစ်နှင့် တစ်လ) တို့ ပါဝင်သည်ဟု သိရသည်။
၎င်းတို့အား ဒီဇင်ဘာ ၄ ရက်နေ့က ချင်းမိုင် လဝကရုံးတွင် ဗီဇာသက်တမ်းတိုးရန် သွားရာမှာ ထိုင်းထောက် လှမ်းရေးများနှင့် လဝကများက ဖမ်းဆီးခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
Link : Here

No comments:
Post a Comment