VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
19 မေ၊ 2020
19 မေ၊ 2020
စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ တွေ့ရတဲ့ အိမ်တချို့ (ဓာတ်ပုံ - Morn Kaung)
စစ်တွေမြို့ စက်ရုံစုရပ်ကွက် (ဓာတ်ပုံ - Morn Kaung)
ဒီအမိန့်ကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ ထုတ်ပြန်ခဲ့တာပါ။ ကျူးကျော်အိမ် ဆောက်ထားတဲ့သူတွေအနေနဲ့ မိုးရာသီအတွင်းပြောင်းရွှေ့ရမယ့် အခြေအနေကြောင့် အခက်တွေ့နေ တယ်လို့ ဦးအောင်ဌေးက ဆက်ပြောပါတယ်။
“ပြဿနာဖြစ်ပြီးနောက်ပိုင်းမှာ ဘင်္ဂလီတွေ ထွက်ပြေးသွားတဲ့နေရာဆိုပြီးတော့ အစိုးရက တားမြစ်ထားတဲ့ နေရာလေ အဲဒီနေရာက။ အစကတည်းက မနေရဘူးဆိုရင်လည်း မနေရဘူး။ ရှင်းရှင်းလင်းလင်း အစိုးရက တားခဲ့ရမှာ။ ဒီမှာအခြေခိုင်သလိုဖြစ်သွားပြီးမှ အချိန်ကျမှပဲ ဒါကိုဖျက်ရမယ်၊ ဖြိုရမယ်။ ဒီသြဂုက်ဆိုတော့ လည်း မိုးတော်တော်ရွာတဲ့အချိန် ဖြစ်နေပြီ။ လက်ရှိသူတို့နေထိုင်ကြတဲ့ မိသားစုတွေက တော်တော်အခက် ခဲဖြစ်သွားကြတယ်ပေါ့နော်။ အဲဒီလိုမျိုးတွေဖြစ်နေကြတယ်။”

SEE ALSO:
သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူ ရိုဟင်ဂျာ ၈၀၀ ကို ရခိုင်ပြည်နယ် ပြန်ပို့
ကျူးကျော်အိမ်ဆောက်ထားတာ ၁,၂၅၀ ကျော်လို့ ဆိုပေမဲ့ တကယ့်ကျူးကျော်ဆောက်လုပ်ထားတဲ့အိမ်ခြေ ၃,၀၀၀ နဲ့ အထက်မှာရှိနေပြီး ဒီလိုအိမ်ခြေဖြိုဖျက်ပြီးရင် ဘယ်လိုနေရာချထားပေးမလဲဆိုတာကိုတော့ ရှင်း ရှင်း လင်းလင်း မသိရသေးပါဘူး။ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးကို ဆက်သွယ်ခဲ့ရာ မှာ တော့ အစည်းအဝေးအတွင်း ရောက်နေကြောင်း ဖြေကြားခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်း လူမျိုး ဘာသာရေး ပဋိပက္ခကြောင့် စက်ရုံစုရပ်ကွက်ကနေအိမ်တွေ မီးရှို့ခံခဲ့ရပြီး ဒေသ တွင်း မွတ်စလင် ၁၀၀,၀၀၀ ကျော်ဟာ စစ်တွေမြို့ အနောက်ဘက်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံ နေကြရပါတယ်။ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတဲ့ စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်လေးကတောကျူး ကျော်တွေကို ဖယ်ရှားမယ့် ဆောင်ရွက်ချက်ကို ထောက်ခံကြောင်း ဆိုပါတယ်။
“ကျနော်တို့က ကိုယ့်နေရာမှာ ကိုယ်ပြောင်းနေချင်ကြတာပေါ့။ အစိုးရက ထုတ်ပြန်တာက ကျနော်တို့က ပျော်ပါတယ်။ ဒါကျနော်တို့အတွက် အရမ်းအင်မတန်ကောင်းတာ လုပ်တာ။ ကျနော်တို့ကြိုဆိုပါတယ်။”
လူမျိုး ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ ရသေ့ တောင်မြို့ နယ်က မူဆလင် ၁၅၀,၀၀၀ ကျော်ဟာ သက္ကေပြင်၊ ဘောဒူဖ သဲချောင်း၊ အုန်းတောကြီး၊ ချမ်းသာ ကုန်းအစရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်ပြီး မူလနေရပ်ရင်းကို မပြန်နိုင်ကြသေးဘူးလို့ ဦးမောင်လေးက ဆိုပါတယ်။
စစ်တွေမြို့ စက်ရုံစုရပ်ကွက် (ဓာတ်ပုံ - Morn Kaung)
အခု ဆောင်ရွက်မှုဟာ ရိုဟင်ဂျာမူဆလင်တွေအပေါ်လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာအစိုးရ ဘက်က အပြည် ပြည်ဆိုင်ရာ တရားရုံး ICJ ကို မကြာခင် ပထမဆုံး အစီရင်ခံစာ ပေးပို့ရမယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေပါ တယ်။
အခုစစ်တွေမြို့က ကျူးကျော်တွေကို ဖယ်ရှားခိုင်းတာဟာ ICJ ရဲ့ဖိအား တခုကြောင့်လို့လည်း အနောက်တံ ခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင်ဦးအောင်ဌေးက သုံးသပ်ပါတယ်။
“ကျနော်တို့ ICJ ရဲ့ဖိအားကြောင့်လို့ ယူဆခဲ့တာပေါ့။ အခုဒီဘင်္ဂလီတွေနေသွားတဲ့နေရာမှာ ရခိုင်တွေနေ တာကို ပြန်ဖြိုဖျက်ပေးရမယ့် ကိစ္စမျိုးကျတော့ ကျနော်တို့က အဲဒီ ICJ နဲ့ တိုက်ရိုက်ပတ်သက်မှု ရှိတယ်၊ မရှိ ဘူးဆိုတာထက် ဘင်္ဂလီတွေနေသွားတဲ့ နေရာကိုလည်း ဘယ်သူကိုမှ နေခွင့်မပြုဘူးဆိုတဲ့ဟာမျိုးကို ပြချင် တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြတဲ့သူတွေတော့ရှိပါတယ်ခင်ဗျ။”
SEE ALSO:
ရိုဟင်ဂျာသိန်းချီ ထွက်ပြေးရတဲ့ ရခိုင်မြောက်ပိုင်း ရာဇဝတ်မှုတွေ အရေးယူနိုင်ရေး အမှုဖွင့်
ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်း နယ် ခြားစောင့်စခန်း ၃၀ ဝန်းကျင်ကို လက် နက်ကိုင်ဆောင်ထားတဲ့ ARSA အမည်ခံ ရိုဟင်ဂျာတွေက အုပ်စု ဖွဲ့တိုက်ခိုက်ခဲ့လို့ ၃၈ ကြိမ် တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။ အဲဒီအခင်းဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာမှာ ရိုဟင်ဂျာ ၆၀၀,၀၀၀ ကျော် နေရပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကို ထွက်ပြေးပြီး ဒုက္ခ သည်အဖြစ် နေ ထိုင်နေရပါတယ်။
ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံတဲ့ မြန်မာအစိုးရကတော့ အဲဒီဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အ စီအ စဉ်တွေ လုပ်ဆောင်ထားပေမဲ့လည်း လက်ရှိ COVID-19 ကပ်ရောဂါ ကျရောက်နေချိန်မှာ ဒီ အစီအစဉ် တွေယာ ယီ ဆိုင်းငံထားပါတယ်။
Link : Here
No comments:
Post a Comment