၂၁၊ ၅၊ ၂၀၂၁။
AT Burmese News
AT correspondent Pauk Taw.
ရိုဟင်ဂျာ ပဋိပက္ခ အတွက် ရေရှည် ခိုင်မြဲမယ့် ဖြေရှင်းချက် ရရှိရေး ဘင်္ဂလားဒေရှ့်က ဦးဆောင်ပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေး အလှူရှင် ညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကနေ Lisa Schlein ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပါမယ်။
အမေရိကန်ဟာ မြန်မာ့အရေးကို ကူညီဖြေရှင်းဖို့ ဦးဆောင်တဲ့နေရာကိုယူပြီး ပြတ်ပြတ်သားသား လုပ်ဆောင် ဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ မနေ့ညနေက ကျင်းပခဲ့တဲ့ မြန်မာ့အရေး ကြား နာ စစ်ဆေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာနဲ့ အမေရိကန်ရဲ့ ကမ္ဘာ လုံးဆိုင်ရာ အမျိုးသမီးရေးရာ သံအမတ် မစ္စ ကယ်လီကာရီတို့က တက်ရောက်ပြီး အောက်လွှတ်တော်ကော် မတီဝင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။