RFA
လွတ်လပ်တဲ့အာရှအသံ
ဂျူလိုင်မျိုး(ဝါရှင်တန်ဒီစီ)
2021-04-20
ဒီမိုကရေစီရောင်ခြည်သန်းစ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက် အရင်က စည်ကား ခဲ့တဲ့ မြို့ကြီးတွေဟာ နေရာအနှံ့ အပျက်အစီးတွေနဲ့ မြို့ပျက်ကြီးတွေလို ဖြစ်သွားခဲ့ပါတယ်။ စစ်ကောင်စီ တပ်တွေရဲ့ လူမဆန်တဲ့ နှိပ်စက်သတ်ဖြတ်မှုတွေကလည်း နေရာတိုင်းမှာ ရှိနေပြီး စစ်မြေပြင်သုံးလက်နက်တွေနဲ့ အရပ် သားတွေကို ချေမှုန်းနေတာကြောင့် မြို့နေပြည်သူတွေ နေအိမ်တွေကို စွန့်ခွာထွက်ပြေးရတာတွေ ကို လည်း လူမှုကွန်ရက်မှာ ရေးသားလွှင့်တင်ကြတဲ့ သတင်းအချက်အလက်တွေ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေအရ သိလာကြရပါတယ်။
တကယ်တော့ စစ်တပ်ရဲ့ ဒီလိုတရားမဲ့ဖိနှိပ်မှုတွေက အာဏာသိမ်းပြီး လပိုင်းအတွင်း လတ်တလောကာလမှာမှ ဖြစ်လာကြတာ မဟုတ်ပါဘူး။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်း ၂ဝ၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာမွတ်စလင် တွေ ဖိနှိပ်သတ်ဖြတ်ခံရပြီး လူဦးရေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာ၊ ရက္ခိုင့်တပ် တော် AA နဲ့ စစ်ရေးပဋိပက္ခအတွင်း ရခိုင်ဒေသခံတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်ပေါ်လာခဲ့ပြီးဒေသခံ ရခိုင်တိုင်းရင်းသားတွေ သိန်းနဲ့ချီ အိုးအိမ်ပစ်ထွက်ပြေးကြရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်ပြည်သူအများ စုက ယုံတမ်းလုပ်ကြံပြောကြားချက်တွေအလား သံသယရှိခဲ့ကြပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က စစ်တပ်က ရိုဟင်ဂျာတွေကို ဖိနှိပ်သတ်ဖြတ်ခဲ့ တုန်း က မြန်မာပြည်သူအများစုက လက်တွေ့မဖြစ်နိုင်ဘူးလို့ သံသယရှိခဲ့ကြတာ အထင်အရှားတွေ့ခဲ့ရ တယ်လို့ ပြောပါတယ်။
"ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတုန်းက လူတွေအများကြီးက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တယ်။ စစ်တပ်ရဲ့ အလိမ်အညာတွေကို လူတွေက ယုံမိခဲ့တယ်ပေါ့နော်။၂ဝ၁၇ ခုနှစ် လူမျိုးတုန်း သတ် ဖြတ် မှု ဖြစ်နေတုန်းက ကျနော်ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်မှာ တလလောက် ရှိနေခဲ့ပါတယ်။ နေ့တိုင်း လူထောင် ပေါင်းများစွာ နယ်စပ်ကို ဖြတ်လာတာကို တွေ့ခဲ့ရတယ်။ သေနတ်ဒဏ်ရာနဲ့လူတွေ။ မီးလောင်ခံ ရတဲ့သူတွေ။ ခြေပြတ်လက်ပြတ်တွေ။ ကျနော်ကိုယ်တိုင် မြင်ခဲ့ရတယ်။ အခု ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ ကြီးတွေမှာ ဒီလို အဖြစ်မျိုးတွေ မြင်ရတာ ၂ဝ၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအတွက် ခံစားခဲ့ရသလိုမျိုး မြန်မာပြည်သူတွေအ တွက် ကျနော်တို့ ခံစားနေရတယ်ဆိုတာ ပြောချင်ပါတယ်"
၂ဝ၁၇ ရိုဟင်ဂျာအရေးကို နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြပြီး လူ့အခွင့်အေ ရး ရှုထောင့်က အာရုံစိုက်စရာဖြစ်ခဲ့တာပါ။ တပ်မတော်စစ်ကြောင်းတွေက ရိုဟင်ဂျာမွတ်စလင်တွေကို ရိုက် နက်သတ်ဖြတ်တာ၊ အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်ခဲ့တာတွေနဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ် ခဲ့တာတွေအထိ ရှိခဲ့တဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေက ဝေဖန် ရှုတ်ချခဲ့ကြပြီး ကမ္ဘာ့အမြင့်ဆုံး ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ အထိပါ အမှုဖွင့်တရားစွဲခံထား ရတာပါ။ ဒါပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလှမ်းဝေးတဲ့ မြန်မာနိုင်ငံ ပြည်မကြီးအတွင်းမှာတော့ ဒီပဋိ ပက္ခအပေါ် ဒွိဟ တွေနဲ့ မယုံတဝက် ဖြစ်ခဲ့သူတွေ များပါတယ်။
စစ်အာဏာသိမ်းအပြီး မြို့ကြီးပြကြီးတွေမှာ စစ်ကောင်စီတပ်ရဲ့ ရက်စက်မှုတွေကို မျက်ဝါးထင်ထင် မြင်လိုက် ရမှ ရိုဟင်ဂျာတွေကို အထင်မှားခဲ့တယ်ဆိုတာ သိလိုက်ရကြောင်း အမည်မဖော်လိုသူ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
"ဒီရိုဟင်ဂျာတွေဟာ သူတို့ရဲ့ အိမ်တွေကို သူတို့ဘာသာ သူတို့ မီးရှို့ပြီးတော့ UN က လာတဲ့အခါမှာ မျက် ရည် ခံ ထိုးတယ်ပေါ့။ အဲ့ဒီလိုမျိုးပဲ အမတို့က သိခဲ့တာ။ တိုင်းရင်းသားတွေရော ရိုဟင်ဂျာတွေရော စစ်တပ် က နှိပ်စက် တာတွေကို တကယ်တမ်းကျတော့ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိခဲ့ တာပေါ့။ ဒီ ဖေ ဖော်ဝါရီလကနေစပြီး ရန်ကုန်မှာ လူမြင်ကွင်းကြီးမှာ အဲလိုမျိုး ရက်စက်လိမ့်မယ်လို့ မထင် ထားခဲ့တာတွေ မြင် ရ တဲ့အခါကျတော့ ငါတို့လိုမျိုးပဲ တိုင်းရင်းသားတွေက အရင်ကတည်းက ခံစားခဲ့ရ ပါလား ငါတို့တွေ မသိခဲ့ရ ဘူးဆိုတဲ့ စိတ်မျိုး ဖြစ်မိတယ်"
ဒီလိုသဘောထားပြောင်းလဲမှုတွေအပြင် လူမှုကွန်ရက်စာမျက်နှာတွေထက်က ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ဖော် ပြ ချက် တွေမှာ အရင်က မြင်နေကျ အမုန်းတရားနဲ့ မှတ်ချက်တွေအစား ကိုယ်ချင်းစာနာမှုအပြည့်နဲ့ အရေး အသားတွေကို ပြောင်းလဲမြင်တွေ့လာရပါတယ်။
ရိုဟင်ဂျာတွေကို စစ်တပ်က ဖိနှိပ်သတ်ဖြတ်ခဲ့သလိုပဲ ကချင်၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသား တွေဟာလည်း စစ်တပ်ရဲ့ နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုတွေကို နှစ်ပေါင်းများစွာ ကြုံခဲ့ရသူတွေ ဖြစ်ပါတယ်။ လက်ရှိမှာ တိုက်ပွဲသံတိတ်နေတဲ့ ရခိုင်ပြည်နယ်ဟာလည်း ၂ဝ၂ဝ နှောင်းပိုင်းအထိ စစ်ပွဲအနိဋ္ဌာရုံတွေ အကြုံရ ဆုံး ပြည်နယ်တခု ဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တပ်က ဖမ်းဆီးနှိပ်စက်လို့ မရှုမလှ သေဆုံးခဲ့ရ သူတွေ အပြင် တချို့ဖမ်းဆီးခံရသူတွေ သေသလား ရှင်သလားတောင် အခုထိ မသိရသေးဘူးလို့ တိုက်ပွဲတွေကြားထဲ ပြေးလွှားကူညီခဲ့တဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။
"အပွင့်လင်းဆုံးပြောတာပေါ့နော်။ ဒီနေ့ထိတောင်မှ ကျမတို့လက်ထဲမှာ သွေးတွေများ မခြောက်သေး ဘူး လား လို့ပေါ့။ တော်တော်ကို ဆိုးဆိုးဝါးဝါးပေါ့လေ။ ကျမတို့ဆီမှာ ကြုံခဲ့ရတာ။ တချို့ဆို ရွာထဲက ဖမ်း သွား တယ်။ အသက်အရွယ် ငယ်ငယ်လေးနဲ့ လူငယ်လေးတွေပါတယ်။ အဲဒါကို သူတို့ စခန်းကို မရောက်ဘူး ရေတပ်က ရေ ယာဉ်ပေါ်မှာ ကလေးတွေကို ကျွဲလို နွားလို ရိုက်တာတွေ ကျမတို့ ကြုံဖူးတာပေါ့။ ကျမတို့ ဘက်တွေမှာ လည်း အဲ့လိုပဲ အလောင်းပျောက်သွားတာတွေ အများကြီးပဲ။ အခုထက်ထိ ဖမ်းသွားပြီးတော့ သတင်းအစအန မရတဲ့.... တင်းမရွာကဆို အသက်ငယ်ငယ်လေးတွေ လူပေါင်း ၂ဝ ကျော်ပါတယ်။ ဒီကေ န့အထိ ကျမတို့ သ တင်းမရတာတွေရှိတယ်လေ"
RFA က ရရှိထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ပွဲတွေပြင်းထန် ခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ၂ဝ၂၁ ဧပြီလ ၅ ရက်နေ့အထိ လက်နက်ကျည်၊ မိုင်းစတာတွေ အပါအဝင် တိုက်ပွဲနဲ့ဆက်နွယ်ပြီး သေဆုံးရတဲ့ အရပ်သား ၃၁၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၇၁၉ ဦးအထိ ရှိပါတယ်။
တိုင်းရင်းသားဒေသတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြားခဲ့ရပေမယ့် ကိုယ်တွေ့ အဖိနှိပ် ခံရမှ ပိုပြီး စာနာနားလည်နိုင်လာကြောင်း အမည်မဖော်လိုသူ နိုင်ငံတကာ ဆက်ဆံရေးကျောင်းသားဟောင်း တဦးက ပြောပါတယ်။
"ရခိုင်မှာ အင်တာနက်ဖြတ်တုန်းကဆိုရင် ဒါ AA ရှိနေလို့ လက်နက်ကိုင်တွေကို ဖြတ်တာ။ အင်တာနက် ဖြတ် တာ ဘာမှမဟုတ်ဘူး ဆိုတာမျိုးတွေတောင် ကြုံခဲ့ရဖူးတယ်။ ရခိုင်မှာဆို အင်တာနက်ပြတ်တာက အခုမှ မဟုတ် ဘူး။ ဟိုးအရင်ကတည်းက အဖြတ်ခံထားရတာ။ ကိုယ်တွေ အင်တာနက် အဖြတ်ခံရတဲ့ အချိ န်ကျတော့မှ ကိုယ်တွေက ဆတ်ဆတ်ထိမခံဘဲနဲ့ ဖြစ်နေတာမျိုးပေါ့။ ကိုယ်တိုင်ခံရတော့မှ လူတွေက ပိုပြီး နားလည်လာတယ် ဆိုတာမျိုး ကျနော်ပြောချင်တာ။ အခုဆိုရင် ကျနော်တို့ နားလည်တယ် ဆိုတာထက်ကို ပိုနေပြီပေါ့နော်။"
အာဏာသိမ်း စစ်ကောင်စီတပ်က ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ပြီး သွေးခွဲနေပေမယ့် တိုင်းရင်းသားတွေ ကေ တာ့ သွေးစည်းနေကြပြီလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဧပြီလ ၁၆ ရက် အမျိုး သားညီညွတ်ရေး အစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အာဏာလုခဲ့တဲ့ စစ်တပ်ကလည်း အခုထိ ခြိမ်းခြောက်နေတုန်းပဲ သွေးခွဲဖို့ ကြိုးစားနေတုန်း။ သတ်ဖြတ်နေ တုန်းပဲ။ ဒါပေမယ့် ကျနော်တို့တွေ သွေးစည်းမိနေပြီဗျ။ ကျနော်တို့ တဖြည်းဖြည်းနဲ့ တယောက်နဲ့ တေ ယာက် နားလည်မှုတွေပိုလာတယ်။ ကိုယ်ချင်းစာစိတ်တွေ သိလာတယ်။ မြို့ပေါ်က တိုက်ပွဲတွေမှာ ရက်ရက်စက်စက် ဖြိုခွင်းခံရတာ။ တိုင်းရင်းသားဒေသတွေမှာလည်း ဒီလိုပဲ စစ်ရဲ့ အနိဋ္ဌာရုံတွေ ကြုံရတဲ့အခါမှာ တယောက်နဲ့ တ ယောက် အပြန်အလှန်သိလာတယ်။ တယောက်ရင်ထဲကို တယောက် ထိုးဖောက်ပြီး မြင် လာတယ်"
RFA က ပြုစုထားတဲ့ စာရင်းအရ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်က မြို့ရော ရွာပါမချန် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြနေသူတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းတာကြောင့် ဧပြီလ စတုတ္ထပတ်အထိ သေဆုံးရတဲ့ အရပ်သား ၇၀၀ ကျော် ရှိလာပါပြီ။
စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ဒီလို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပေမယ့် စစ်ကောင်စီခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကျည်ဆန်အစစ်နဲ့ မပစ်ခတ်ဘူးလို့ ပြောဆိုခဲ့ပြီး စစ်ကောင် စီက ထိန်းချုပ်ထားတဲ့ ရုပ်သံသတင်းတွေမှာလည်း လက်တွေ့နဲ့ ကွာခြားတဲ့ သတင်းတွေကို နေ့စဉ်နဲ့အမျှ ထုတ်လွှင့်နေဆဲဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။
Link :Here
No comments:
Post a Comment