" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အစ္စရေး. Show all posts
Showing posts with label အစ္စရေး. Show all posts

Monday, October 30, 2023

အစ္စရေးနှင့် လက်ဘနွန် အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ တိုက်ပွဲ ဖြစ်

DVB
October 30, 2023


 



အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့တို့ကြား တိုက်ပွဲကြောင့် တာယာမြို့က ရေလုပ်သား တွေ ပင်လယ်ပြင်ထွက် ငါးဖမ်းဖို့ အန္တရာယ် များနေပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ကဟားမတ်စ်တွေ အောက်တိုဘာ ၇ ရက်ကစပြီး စစ်ဖြစ်ချိန်မှာ ဟားမတ်စ် တွေရဲ့ မဟာမိတ် ဟဇ်ဘိုလာတွေက နယ်စပ်မှာ အစ္စရေးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။

Thursday, October 26, 2023

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မြေပြင်ထိုး စစ်ဆင်တိုက်ခိုက်ခြင်းများပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက် နေကြောင်းပြော

NPE
Fri, 10/27/2023
တဲလ်အဗစ် အောက်တိုဘာ ၂၆

အစ္စရေးတင့်ကားများနှင့် တပ်ဖွဲ့ဝင်များသည် ဂါဇာ ကမ်း‌မြောင်ဒေသရှိ ပါလက်စတိုင်းအစ္စလမ္မာစ် အုပ်စုဟား မားစ်တို့၏ စစ်ဘက်ဆိုင်ရာ အဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဂါဇာ ကမ်းမြောင်ဒေသသို့ အောက်တိုဘာ ၂၅ ရက်ညက ဝင်ရောက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြား လိုက်သည်။

Friday, October 20, 2023

ရာဖာဟာ ဂါဇာအတွက် ဘာကြောင့် အသက်သွေးကြောလို အရေးကြီးတာပါလဲ

BBC
၂၀ အောက်တိုဘာ ၂၀၂၃ 

ရာဖာနယ်စပ်ဖြတ်ကျော်စခန်းဟာ ဂါဇာကနေအထွက် တောင်ဘက်စွန်းပိုင်းမှာဖြစ်ပြီး အီဂျစ်နိုင်ငံရဲ့ ဆိုင်နိုင်းကျွန်းဆွယ်နဲ့လည်း နယ်စပ်လည်းထိစပ်နေပါတယ်။

Tuesday, October 17, 2023

ရုရှားသမ္မတပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုတို့ ဖုန်းဖြင့်ဆက်သွယ်ကာ အစ္စရေး-ဟားမားစ်ပဋိပက္ခ အရှိန် မြင့် လာမှုအပေါ် ဆွေးနွေး

Myanmar Transparency News
aye mon
October 17, 2023

Translated by Htwe Ko Tum

နေတန်ရာဟုက ဟားမားစ်တို့ရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး စွမ်းရည်ယန္တရားတွေ လုံးဝမပျက်မချင်း အစ္စရေးက တိုက်ခိုက်သွားမယ်လို့ ပြောကြား

ရုရှားသမ္မတဗလာဒီမာ ပူတင်က ဟားမားစ်တို့ရဲ့ အစ္စရေးနိုင်ငံကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှု စတင်ချိန်က စလို့ ပထမဆုံးသောအကြိမ်အဖြစ် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုထံ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်မှုပြုခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသအတွင်းမှခေါင်းဆောင်တွေနဲ့ ပါလက်စတိုင်းအာဏာ ပိုင်အဖွဲ့ တို့ရဲ့ သဘောထားတွေကို အကျဉ်းချုပ်ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
                                                                                 

Sunday, October 15, 2023

‘‘ဂါဇာဟာ အသူရာ‌ချောက်ထဲ တွန်းပို့ခံနေရတယ်’’ - ကုလသမဂ္ဂ

BBC
၁၅ အောက်တိုဘာ ၂၀၂၃,

အစ္စရေး စစ်တပ်က ဂါဇာကို ကြည်း၊ရေ၊လေ ထိုးစစ်ဆင်မယ်လို့ ပြောထားချိန်မှာပဲ ‘‘ဂါဇာဟာ အသူ ရာချောက်ထဲ တွန်းပို့ခံနေရတဲ့အခြေအနေ’’ လို့ ကုလသမဂ္ဂ အကူအညီပေးရေးအေဂျင်စီက ပြောပါ တယ်။

အစ္စရေးရဲ့ ဂါဇာ မြေပြင်ထိုးစစ် ဘယ်လိုပုံစံ ဖြစ်မလဲ

BBC
ဂျိုနသန် ဘေးလ်
ရာထူးတာဝန်, စစ်ရေးသတင်းထောက်
၁၄ အောက်တိုဘာ ၂၀၂၃

ဂါဇာနယ်စပ်မှာ အစ္စရေး စစ်သားတွေ တင်ဆောင်လာတဲ့ တင့်ကားတစ်စင်း

အစ္စရေးက ဂါဇာကို မြေပြင်ကနေ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါပြီ။

ဂါဇာ မြောက်ပိုင်းက လူတွေကို ၂၄ နာရီအတွင်း တောင်ပိုင်းကို ရွှေ့ပြောင်းကြဖို့ အစ္စရေး စစ်တပ်က ပြောနေပါတယ်။

အဲဒီအချိန်မှာပဲ ထောင်ချီတဲ့ တပ်ဖွဲ့အင်အားတွေ၊ တင့်ကားတွေ၊ အမြောက်တွေကို နယ်စပ်နားကို အစ္စရေး စစ်တပ်က အမြောက်အမြား ပို့နေပါတယ်။

Wednesday, September 6, 2023

အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း မြန်မာစစ်တပ်ကို အစ္စရေးက စစ်သုံးပစ္စည်းတွေ ထောက်ပံ့တင်ပို့ခဲ့

Delta News
September 6, 2023 

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်မှာတောင် အစ္စရေးက မြန်မာဆီ စစ်လက်နက် တွေ ဆက်လက် ရောင်းချပေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Haaretz သတင်းဌာနက စုဆောင်းယူထားတဲ့ အချက်အလက်တွေအရ အစ္စရေး အစိုးရပိုင် အစ္စရေး လေကြောင်း စက်မှုလုပ်ငန်းဟာ မြန်မာ့ ကာကွယ်ရေးပစ္စည်း ဝယ်ယူမှု ဌာနတွေဆီ လေယာဉ် အစိတ် အပိုင်းတွေနဲ့ သတ္တု အစိတ်အပိုင်းတွေလို့ မှတ်ပုံတင်ထားတဲ့ တင်ပို့မှု ၄ ကြိမ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */