" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 15, 2023

‘‘ဂါဇာဟာ အသူရာ‌ချောက်ထဲ တွန်းပို့ခံနေရတယ်’’ - ကုလသမဂ္ဂ

BBC
၁၅ အောက်တိုဘာ ၂၀၂၃,

အစ္စရေး စစ်တပ်က ဂါဇာကို ကြည်း၊ရေ၊လေ ထိုးစစ်ဆင်မယ်လို့ ပြောထားချိန်မှာပဲ ‘‘ဂါဇာဟာ အသူ ရာချောက်ထဲ တွန်းပို့ခံနေရတဲ့အခြေအနေ’’ လို့ ကုလသမဂ္ဂ အကူအညီပေးရေးအေဂျင်စီက ပြောပါ တယ်။

အစ္စရေးဘက်ကတော့ ဂါဇာကို ဘယ်အချိန် ထိုးစစ်ဆင်မယ်ဆိုတာအပါအဝင် သူ့ထိုးစစ်နဲ့ပတ်သက် ပြီး တိတိကျကျပြောဆိုထားတာ မရှိသေးပါဘူး။

ဂါဇာမြောက်ပိုင်းမှာနေထိုင်သူ ၁.၁ သန်းကျော်ကို တောင်ပိုင်းကို ရွှေ့ပြောင်းဖို့ အစ္စရေးက သတိပေး ထားပြီး ထောင်နဲ့ချီတဲ့သူတွေဟာ ယာဥ်တွေနဲ့ရော၊ခြေဗလာနဲ့ပါထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
လက်ဘနွန်နိုင်ငံနဲ့ ထိစပ်နေတဲ့ အစ္စရေး မြောက်ပိုင်းမှာလည်း တင်းမာမှုမြင့်တက်နေပါတယ်။ အဲဒီ နယ်စပ်ကနေ အစ္စရေးကို စိမ့်ဝင်ထိုးဖောက်တဲ့ ဟားမတ်စ် စစ်သွေးကြွ ၃ ဦးလည်း အသတ်ခံထားရ ပါတယ်။

အစ္စရေးနယ်စပ်မှာ အရပ်သားတွေနဲ့ စစ်သားတွေကို ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ် က ရုတ်တရက်တိုက်ခိုက်တဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းကတည်းကဆိုရင် အစ္စရေးမှာ သေဆုံးသူ ၁၃၀၀ ကျော်အထိရှိနေပါတယ်။

တခါ ဂါဇာကမ်းမြောင်မှာ အစ္စရေးဘက်က ပြန်တုံ့ပြန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ပေါင်း ၂၃၀၀ ကျော် သေဆုံးထားတယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။

လူထောင်သောင်းချီ ဂါဇာမြောက်ပိုင်းကနေ ထွက်ခွာနေ 

အစ္စရေးက ထိုးစစ်ဆင်မယ်လို့ ပြောတာကြောင့် ဂါဇာကမ်းမြောင်ကနေ စွန့်ခွာဖို့ ပြင်နေတဲ့ ပါလက်စတိုင်းကလေးငယ်တစ်ဦး

အစ္စရေးက မြေပြင်ထိုးစစ်ဆင်မယ်လို့ပြောနေချိန်မှာပဲ ထောင်သောင်းချီတဲ့လူတွေ ဂါဇာမြောက်ပိုင်း ကနေ ထွက်ပြေးနေပါတယ်။

အဲဒီထဲမှာ ဂါဇာကမ်းမြောင်ဒေသရဲ့မြောက်ပိုင်းမှာရှိတဲ့ ဂါဇာမြို့ကနေ တောင်ပိုင်းက ခန်ယွန်နစ်မြို့ ဆီကို မိသားစုနဲ့အတူ ဘေးလွတ်ရာတိမ်းရှောင်ရတဲ့ ဘီဘီစီသတင်းထောက် ရှာ့ရှ်ဒီ အဘူအာလုဖ် လည်း ပါဝင်ပါတယ်။

သူ့အပြောအရဆိုရင် တောင်ပိုင်းမှာရှိတဲ့ ခန်ယွန်နစ်မြို့အာဏာပိုင်တွေဟာ ဒုက္ခသည်တွေ တဖွဲဖွဲဝင် လာနေရာကို ဖြေရှင်းဖို့ အခက်ကြုံနေတယ်လို့ဆိုပါတယ်။

ဂါဇာမြောက်ပိုင်းမှာနေထိုင်တဲ့လူပေါင်း ၁ သန်းကျော်ကို ဘေးလွတ်ရာထွက်ကြဖို့ အစ္စရေးဘက်က ပြောထားတာဖြစ်ပါတယ်။

ဟားမတ်စ် တပ်မှူးကို နှိမ်နင်းလိုက်ပြီလို့ အစ္စရေးပြော 

ဂါဇာတည်နေရာပြမြေပုံ

ဂါဇာမှာပြုလုပ်တဲ့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အစ္စရေးနိုင်ငံတောင်ပိုင်းက စု ပေါင်းစိုက်ပျိုးရေးလယ်ယာခွင်ကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ် တပ်မှူးတစ်ဦးကို သတ်ဖြတ် နိုင်ခဲ့ပြီလို့ အစ္စရေး ဘက်က ပြောလာပါတယ်။

ဂါဇာတောင်ပိုင်းမြို့ ခန်ယွန်းနစ်မှာ လှုပ်ရှားတဲ့တပ်ဖွဲ့တွေရဲ့ တပ်မှူး ဘီလ်လယ် အယ်လ် ခီဒရာဟာ လေကြောင်းတိုက်ခိုက်မှုမှာသေဆုံးခဲ့တာလို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောပါတယ်။

အဲဒီတပ်မှူးဟာ အစ္စရေးတောင်ပိုင်းမှာ ဟားမတ်စ်အဖွဲ့က ပြီးခဲ့တဲ့စနေနေ့တုန်းကပြုလုပ်ခဲ့တဲ့ ရုတ် တရက်ဝင်ရောက် တိုက်ခိုက်မှုမှာ အစ္စရေးတွေ စုပေါင်းနေထိုင်တဲ့ နီရင် စိုက်ပျိုးလယ်ယာအရပ်မှာ လူစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ အစ္စရေးဘက်ကပြောထားပါတယ်

ဂါဇာမှာ ဓားစာခံအဖြစ်အဖမ်းခံထားရတဲ့ အစ္စရေး ၁၂၆ ဦးအထိရှိ

အောက်တိုဘာလ ၇ ရက်မှာ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က အစ္စရေးတောင်ပိုင်း ကို ရုတ်တရက် ဝင်ရောက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၂၇၉ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဒါ့အပြင် အရပ်သားတွေသေဆုံးမှုနဲ့ပါပေါင်းလိုက်ရင် အစ္စရေးမှာ သေဆုံးသူ စုစုပေါင်း ၁၃၀၀ ကျော် အထိလာပါတယ်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့(IDF)ကတော့ ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေး ဓားစာခံအရေ အ တွက် ၁၂၆ ဦးအထိ ရှိတယ်လို့ နောက်ဆုံးသတင်းထုတ်ပြန်လာပါတယ်။

အရင်က ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့သူ ၁၅၀ နီးပါးအထိရှိတယ်လို့ အစ္စရေးဘက်က ပြောထားတာပါ။
ဂါဇာမှာပြုလုပ်ဖို့ရှိတဲ့ အစ္စရေးရဲ့ထိုးစစ်နဲ့ပတ်သတ်ပြီးနောက်ဆုံးသတင်းတွေကို ဒီစာမျက်နှာမှာဖြည့် စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */