" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, October 26, 2023

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မြေပြင်ထိုး စစ်ဆင်တိုက်ခိုက်ခြင်းများပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက် နေကြောင်းပြော

NPE
Fri, 10/27/2023
တဲလ်အဗစ် အောက်တိုဘာ ၂၆

အစ္စရေးတင့်ကားများနှင့် တပ်ဖွဲ့ဝင်များသည် ဂါဇာ ကမ်း‌မြောင်ဒေသရှိ ပါလက်စတိုင်းအစ္စလမ္မာစ် အုပ်စုဟား မားစ်တို့၏ စစ်ဘက်ဆိုင်ရာ အဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဂါဇာ ကမ်းမြောင်ဒေသသို့ အောက်တိုဘာ ၂၅ ရက်ညက ဝင်ရောက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြား လိုက်သည်။

ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတွင် ပြုလုပ် သော စစ်ဆင်ရေးသည် တိုက်ခိုက်မှုခြေလှမ်းသစ် အတွက် ပြင် ဆင်ခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ် ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ မိမိတို့၏တင့်ကား များနှင့် ခြေလျင် တပ်သည် အကြမ်းဖက်တပ်ဖွဲ့ဝင် များ၊ အခြေခံအဆောက်အအုံများနှင့် တင့်ကားပစ် ဒုံးခွင်းဒုံး အခြေစိုက် နေရာ များကို တိုက်ခိုက်ခဲ့ ကြောင်း အစ္စရေးတို့က ပြောကြားခဲ့သည်။

အစ္စရေးတို့ ထုတ်ပြန်လိုက်သော ဗီဒီယိုတွင် မြေညှိစက်များနှင့်အတူ စစ်ကား ၁၀ စီးသည် မြေပြင်အခြေအနေကို ရှင်းလင်းရန် ထွက်ခွာနေ သည်ကို ဖော်ပြထားသည်။ ထို့အပြင် ဖြူမည်းဗီဒီယို တွင် နယ်စပ်စည်းရိုးနားသို့ တင့် ကားပစ်လက်နက် ကြီးဖြင့် ပစ်ထားသဖြင့် တင့်ကားမှ မီးခိုးတလူလူ ထွက်နေသည်ကိုလည်း တွေ့မြင်နိုင်သည်။ ဗီဒီယို ကို ညဘက်တွင် ရိုက်ထားသည်ဟု ယူဆရသည်။ ထို့နောက် အစ္စရေးစစ်သားများသည် အစ္စရေး ဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု အစ္စရေး စစ်ဘက်က ပြောသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်ရန်ပြင်ဆင်ဆောင် ရွက်နေကြောင်း အောက်တိုဘာ ၂၅ ရက်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ သို့သော် လည်း မည်သည့်အချိန်စ တင်မည်ဟု ဖော်ပြခြင်း မပြုခဲ့ပေ။

Link : Here
အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ချက်ချခြင်းများ ကို စစ်ဘက်ဆိုင်ရာ ဝန်ကြီးများအဖွဲ့နှင့် အဆင့်မြင့် အရာရှိကြီးများနှင့် ဆွေးနွေးပြီးနောက် ပြုလုပ်ခဲ့ ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။


ထို့ပြင် နေတန်ယာဟုသည် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ဓားစာခံ များ ဖမ်းဆီးထားသည့်နေရာများကို ခြေရာခံရေး နှင့် ဓားစာခံများကို ဘေးအန္တရာယ်ကင်းရှင်းစွာ လွတ်ပေးရန် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။


အောက်တိုဘာ ၇ ရက်မှစကာ နှစ်ဖက်ဖြစ်ပွား သော တိုက်ခိုက်မှုများအတွင်း ၈၄၀၀ ကျော်သေဆုံး ခဲ့ပြီးဖြစ်သည်။ အစ္စရေးဘက်မှ ၁၄၀၀ ထက်မနည်း သေဆုံးခဲ့သည်။ အင်န်အိတ်ချ်ကေ






No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */