" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စိုင်းတင်ချောင်း. Show all posts
Showing posts with label စိုင်းတင်ချောင်း. Show all posts

Saturday, April 6, 2019

စိုင်းဒင်ချောင်းတိုက်ပွဲမှာ ရဟတ်ယာဉ် အသုံးပြုခဲ့ ကြောင်း တပ်မတော် အတည်ပြု

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအနီးမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဧပြီလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့ကြောင်း တပ် မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီ က RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။

Thursday, April 4, 2019

စိုင်းတင်ချောင်းတွင် စစ်ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှု ဝါးခုတ်သမား ၆ ဦးသေပြီး ၁၉ ဦးဒဏ်ရာရ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၄/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ချောင်းတွင် ဧပြီလ ၃ ရက် နေ့က ဝါးခုတ်နေသူများအား စစ်ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်၍ ဘင်္ဂလီ လူမျိုး ဝါးခုတ်သမား ၆ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရ ရှိသွား ကြောင်း သတင်းရရှိသည်။

ဖုန်ညိုလိပ်ကျေးရွာမှ မူဆလင်အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးအဏ္ဍဝါက “ သေ ဆုံးတာ ၆ ဦး ဖြစ်ပါတယ်။ ရေချမ်းပြင်က ၂ ဦးပါ၊ ကင်းတောင် ၁ ဦး၊ သပြုချောင်း ၂ ဦး အပါအဝင် စုစုပေါင်း ၆ ဦးလို့ သိရပါတယ်။ ဒဏ်ရာ ရ တာက တစ်ဆယ်ကျော်ရှိတယ်လို့ သိရပါတယ်။ ကျောက်ရန်ရွာက ဒဏ် ရာရတာ ၅ ယောက်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

(ဒဏ်ရာရသူ တစ်ဦးကို ဘူးသီးတောင်ဆေးရုံတွင် တွေ့ရစဉ်။)

ယခုအခါ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ဘူးသီးတောင်ဆေးရုံသို့ ယူဆောင်သွားသည်ဟု သိရ သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */