
နိရဉ္စရာ၊ ဧပြီ ၄/ ၂၀၁၉
ဖုန်ညိုလိပ်ကျေးရွာမှ မူဆလင်အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးအဏ္ဍဝါက “ သေ ဆုံးတာ ၆ ဦး ဖြစ်ပါတယ်။ ရေချမ်းပြင်က ၂ ဦးပါ၊ ကင်းတောင် ၁ ဦး၊ သပြုချောင်း ၂ ဦး အပါအဝင် စုစုပေါင်း ၆ ဦးလို့ သိရပါတယ်။ ဒဏ်ရာ ရ တာက တစ်ဆယ်ကျော်ရှိတယ်လို့ သိရပါတယ်။ ကျောက်ရန်ရွာက ဒဏ် ရာရတာ ၅ ယောက်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။
(ဒဏ်ရာရသူ တစ်ဦးကို ဘူးသီးတောင်ဆေးရုံတွင် တွေ့ရစဉ်။)
ယခုအခါ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ဘူးသီးတောင်ဆေးရုံသို့ ယူဆောင်သွားသည်ဟု သိရ သည်။
“ ကျွန်တော်တို့ သိရတာက လူမှားပြီး ပစ်တယ်လို့ သိရပါတယ်။ သူတို့က စိုင်းတင်ချောင်းမှာ ဝါးခုတ်နေ ချိန်မှာ လူမှားပြီး ပစ်ခံရတယ်လို့ ပြောပါတယ်။ အခု တစ်ယောက်မှ အဲဒီနေရာကို မသွားရဲတဲ့ အတွက် ဘာ လို ဖြစ်တယ်ဆိုတာ မပြောနိုင်ပါ” ဟု ပြောဆိုသည်။
သေဆုံးသူ ၆ ဦးထဲတွင် ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ အုပ်စု၊ ရေချမ်းပြင်ရွာမှ အစ္စမိုင်(ခ) ကာ လာမျာ (၃၆) နှစ် (ဘ) အစ္စမာလီနှင့် ယာဆင်း (၁၂) နှစ် (ဘ) မာမောက်တူဆောင် တို့ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
၎င်းပြင် ယမန်နေ့က ရေချမ်းပြင်ကျေးရွာတွင် ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်၍ မီးလောင်ခြင်းမှာ မဟုတ်မှန် ကြောင်း၊ ပေါ့ဆမီးသာဖြစ်ကြောင်း၊ အိမ်နှစ်လုံး မီးလောင်းကျွမ်းသွားခဲ့သည်ဟု ဦး အဏ္ဍဝါက ပြောဆိုသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ယနေ့ နေ့လယ်က ဆက် သွယ်ရာ အဆိုပါ စိုင်းတင်ကိစ္စနှင့် ပတ်သက်ပြီး သတင်းမရရှိသေးကြောင်း ပြောကြားသည်။
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ သေဆုံးသူ ၆ ဦးရှိကြောင်း၊ ဒဏ်ရာရသူ ၁၉ ဦး ရှိကြောင်းကို အတည်ပြုပြီး စာရင်များကောက်ယူနေဆဲ ဖြစ်ကြောင်း ပြောကြားသည်။
Link : Here
No comments:
Post a Comment