" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလ. Show all posts
Showing posts with label ကုလ. Show all posts

Wednesday, August 21, 2019

နေရပ်ပြန်ရေး ဒုက္ခသည်တွေ သဘောထား ကုလနဲ့ ဘင်္ဂလားဒေ့ရှ် စတင်စုံစမ်း

 UNHCRရုံးတွင် ရိုဟင်ဂျာဒုက္ခသည်မိသားစုကို မှတ်ပုံတင်ပေးနေစဉ်
နေရပ်ပြန်ရေး ဒုက္ခသည်တွေ သဘောထား ကုလနဲ့ ဘင်္ဂလားဒေ့ရှ် စတင်စုံစမ်း မြန်မာနိုင်ငံကနေ ထွက် ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၃,၀၀၀ ကျော်အနေနဲ့ သူ တို့မူရင်းနေရာတွေဆီ ပြန်ချင်သလားဆိုတာကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ပူးပေါင်းပြီး ဒီကနေ့ကစလို့ မေးမြန်းဆန်းစစ်နေပါပြီ။


Tuesday, August 6, 2019

မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချနေသည့် နိုင်ငံ ၇ နိုင်ငံရှိဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ထုတ်ပြန်

Myanmar NOW
အောင်ငြိမ်းချမ်း
Aug 6, 2019

အစီရင်ခံစာတွင် တပ်မတော်ကို စစ်လက်နက်နှင့် အခြားစက်ပစ္စည်းများရောင်းချမှု၊ လွှဲပြောင်းမှုနှင့် ထောက် ပံ့မှုတို့ ပြုလုပ်ခဲ့သော နိုင်ငံများနှင့်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်၊ မြန်မာနိုင်ငံအား လက်နက်တင်ပို့ရောင်းချမှုကို တရားဝင်ပိတ်ဆို့ရန်၊ ယန္တရားတစ်ခုပြဋ္ဌာန်းပြီး ယင်းပိတ်ဆို့မှုကို လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်ရန် အစရှိသဖြင့် ကုလသမဂ္ဂကို တိုက်တွန်းထားသည်။













၂၀၁၆ ခုနှစ်မှစတင်ပြီး တပ်မတော်ကို စစ်လက်နက်ရောင်းချသည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ ကုမ္ပဏီပေါင်း အ နည်း ဆုံး ၁၄ ခုရှိနေပြီး အဆိုပါလက်နက်များထဲတွင် တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များ၊ စစ်သင်္ဘော များ၊ ဒုံးများနှင့် ဒုံးလွှတ်အမြှောက်များလည်း ပါဝင်သည်ဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ် ပြန် လိုက်သည်။

Thursday, July 18, 2019

မြန်မာလူ့အခွင့်အရေး ဒေသတွင်းသက်ရောက်ဟု ကုလကိုယ်စားလှယ် သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဒေသတွင်းအတွက်ပါ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်လာနေ ပြီဆိုတာ သိပ်ကိုထင်ရှားနေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံ စမ်းစစ်ဆေးရေးမှူးက ပြောလိုက်ပါတယ်။ 

ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်အဆုံး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ဒီ ကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပါမောက္ခ ယန်ဟီးလီက အဲဒီလိုပြောသွားတာပါ။ အဲဒီပြော ဆို ချက်တွေထဲက တချို့အချက်တွေကို ကောက်နုတ်ပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

Thursday, October 25, 2018

ရိုဟင်ဂျာ လူမျိုးတုံး ရှင်းလင်းမှုတွေ ရှိဆဲလို့ လုံခြုံရေး ကောင်စီမှာ တင်သွင်း

B B C
ဘီဘီစီ မြန်မာပိုင်း
25 အောက်တိုဘာ 2018

မြန်မာအစိုးရရဲ့ တင်းမာတဲ့ သဘောထားက အကြီးမားဆုံး အတားအဆီး ဖြစ်တယ်လို့ မစ္စတာ ဒါရူစ်မန် ဝေဖန်


ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ မြန်မာနိုင်ငံမှာ ဆက်ရှိနေဆဲပဲလို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အဝ တည်ဆောက် ကျင့်သုံးဖို့ အစိုးရအနေနဲ့ လုံးဝ စိတ်မဝင်စားဘူး ဆိုတာ တနေ့တခြား ပေါ်လွင်နေတယ်လို့ ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */