ဘီဘီစီ မြန်မာပိုင်း
25 အောက်တိုဘာ 2018
မြန်မာအစိုးရရဲ့ တင်းမာတဲ့ သဘောထားက အကြီးမားဆုံး အတားအဆီး ဖြစ်တယ်လို့ မစ္စတာ ဒါရူစ်မန် ဝေဖန်
ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ မြန်မာနိုင်ငံမှာ ဆက်ရှိနေဆဲပဲလို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အဝတည်ဆောက် ကျင့်သုံးဖို့ အစိုးရအနေနဲ့ လုံးဝ စိတ်မဝင်စားဘူး ဆိုတာ တနေ့တခြား ပေါ်လွင်နေတယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာ ထောင်နဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ခုချိန်ထိ ထွက်ပြေးနေကြဆဲ ဖြစ်ပြီး ထွက်မပြေးဘဲ ကျန်နေခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ အဆိုးဝါးဆုံး ကန့်သတ် ချုပ်ချယ်မှုတွေ၊ နှိပ်ကွပ်မှုတွေနဲ့ ဆက်ရင်ဆိုင် နေကြရတယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ ခေါင်းဆောင် မာဇူးကီး ဒါရူစမန် က အောက် တိုဘာလ ၂၄ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေအပေါ် လူဦးရေ ထိန်းချုပ်တာတွေ၊ ကိုယ်ဝန်ဆောင်ခွင့် မ ပြုတာတွေ၊ ဒုက္ခသည်စခန်းတွေမှာ အနှံ့အပြား ပြောင်းရွှေ့ နေရာချထားတာတွေ ရှိနေပြီး ဒါဟာ လူမျိုးတုံး ရှင်းလင်းမှုကို ဆက်လုပ်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စကို နိုင်ငံတကာ ရာဇဝတ် တရားရုံး ဒါမှမဟုတ် တခြား နိုင်ငံတကာ ခုံရုံးတခုမှာ တင်ပြဖို့ မစ္စတာ ဒါရူစမန်က တောင်းဆိုခဲ့သလို မြန်မာ အစိုးရအပေါ် လက် နက် အရောင်းအဝယ် ပိတ်ပင်တာ၊ တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေနဲ့ ဆက်ဆံ ရောင်းဝယ်မှု ပိတ်တာ၊ ရိုဟင်ဂျာတွေကို နှိပ်ကွပ်မှုမှာ တာဝန်အရှိဆုံးဆိုတဲ့ သူတွေအပေါ် ဒဏ်ခတ် ပိတ်ဆို့တာတွေ လုပ်ဖို့ကိုလည်း တင်ပြ တောင်းဆိုခဲ့ပါတယ်။

ရိုဟင်ဂျာ ထောင်နဲ့ချီပြီး ဘင်္ဂလားဒေ့ရှေ့်နိုင်ငံဘက် ခုချိန်ထိ ထွက်ပြေးနေဆဲပဲလို့ ဆို
ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ ၄၄၄ မျက်နှာ ပါတဲ့ ရခိုင်ဒေသအရေး အစီရင်ခံစာကို လုပ်ရိုး လုပ်စဉ် မဟုတ်ပဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြဖို့ကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် အပါအဝင် ကိုး နိုင်ငံရဲ့ ထောက်ခံမဲ တွေနဲ့ မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။
တရုတ်၊ ရုရှားနဲ့ ဘိုလစ်ဗီးယားတို့က ကန့်ကွက်မဲပေးခဲ့ကြပြီး အီကွေတိုရီယယ် ဂီနီ၊ အီသီယိုပီယားနဲ့ ကာ ဇက် စတန် တို့က ကြားနေခဲ့ကြပါတယ်။
ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာဟာ ရခိုင်ပြည်နယ်ထဲ သွားရောက် လေ့လာခဲ့တဲ့ အစီ ရင်ခံစာ မဟုတ်ပဲ ဘက်လိုက်လွန်း အားကြီးတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ် ဗက်ဆီလီ နီဘန်ဇီယာ က လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ဝေဖန် ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာကို ဖြေရှင်းရာမှာ နိုင်ငံတကာ အနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေကို အကူ အညီ ပေးသင့်တယ်လို့လည်း သူက ပြောသွားပါတယ်။
တရုတ်သံအမတ်ကြီး မာ ဂျောင်ရှီး ကလည်း ဒီအစီရင်ခံစာဟာ တဘက်စောင်းနင်း နိုင်နေပြီး ခိုင်လုံမှု မရှိဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ် က ရခိုင်ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာ အစိုးရ ဖွဲ့စည်းထားတဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေး ကော် မရှင်က စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး မြန်မာအစိုးရကို အိုင်စီစီ တင်ဖို့ တောင်းဆိုမှုတွေကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ နယ်သာလန် ဒုတိယ သံအမတ်ကြီး လိစ် ဂရက်ဂွာ ဗန် ဟာရမ် ကတော့ ရိုဟင်ဂျာ အ ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အိုင်စီစီ မှာ ကြားနာ စစ်ဆေးနိုင်ဖို့ လုံခြုံရေး ကောင်စီကို ဖိအားပေး သွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီတွင်းမှာ အကြီးအကျယ် သဘော ကွဲလွဲနေပြီး ဗီတို အာဏာ စွဲကိုင်ထားတဲ့ တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်ဖို့ သေချာသလောက် ရှိနေတဲ့အတွက် လုံခြုံရေး ကောင်စီ အနေနဲ့ အိုင်စီစီ ကို တင်ပြနိုင်မယ့် ပုံမျိုးတော့ မတွေ့ရပါဘူး။

တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်း စစ်ဆင်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂပြော
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ် က ရခိုင်ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာ အစိုးရ ဖွဲ့စည်းထားတဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေး ကော် မရှင်က စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး မြန်မာအစိုးရကို အိုင်စီစီ တင်ဖို့ တောင်းဆိုမှုတွေကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ နယ်သာလန် ဒုတိယ သံအမတ်ကြီး လိစ် ဂရက်ဂွာ ဗန် ဟာရမ် ကတော့ ရိုဟင်ဂျာ အ ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အိုင်စီစီ မှာ ကြားနာ စစ်ဆေးနိုင်ဖို့ လုံခြုံရေး ကောင်စီကို ဖိအားပေး သွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီတွင်းမှာ အကြီးအကျယ် သဘော ကွဲလွဲနေပြီး ဗီတို အာဏာ စွဲကိုင်ထားတဲ့ တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်ဖို့ သေချာသလောက် ရှိနေတဲ့အတွက် လုံခြုံရေး ကောင်စီ အနေနဲ့ အိုင်စီစီ ကို တင်ပြနိုင်မယ့် ပုံမျိုးတော့ မတွေ့ရပါဘူး။
Link : Here
No comments:
Post a Comment