Financial Express
NAZIMUDDIN SHYAMOLApril 25, 2021
Financial Express
NAZIMUDDIN SHYAMOLတင်မောင်
၁၉၆၇ တရုတ် ဗမာ အရေးအခင်း အကြောင်း တေ စေ့တ စောင်း
========================================
မြန်မာပြည်မှာ လူမျိုးမတူမှု ဘာသာမတူမှု ခံယူချက်မတူမှု အစရှိတဲ့ အကြောင်းရင်းများ ကို အခြေပြုပြီး ပဋိ ပက္ခများ အစဉ်အဆက် ပေါက်ဖွားခဲ့တဲ့ အနက် ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ် ဗမာ အရေးအခင်း ဟာ လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။
ဒီလို ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို သင်ခန်းစာယူပြီး နောင်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်ဖို့ အတွက်လည်း အဲ့ဒီလို အဖြစ်အပျက်တွေကို မြန်မာသမိုင်းတလျောက် မှန်မှန်ကန်ကန် တရားဝင်မှတ်တမ်းတင်မှု ပြည်သူလူထုကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ပညာပေးမှု တွေဟာလည်း အားနည်းလွန်းတဲ့အတွက် ပဋိပက္ခတွေဟာ တမျိုးပြီးတမျိုး ဆက်တိုက် ပေါက်ဖွားခဲ့ရတာပဲဖြစ်ပါတယ်။
ယခုတင်ပြမဲ့ တရုတ်ဗမာ အရေးအခင်းလို့ လူသိများတဲ့ အရေးအခင်းဟာ တကယ်တော့ ဗိုလ်ချုပ်နေဝင်း အာ ဏာသိမ်းပြီးနောက် ၅ နှစ်အကြာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။မြန်မာပြည်တွင်းက တရုတ် အမျိုး သား များ နဲ့ ဗမာ များအကြား ရက်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်း တစ်ခုဖြစ်ပါတယ်။