" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 7, 2021

၁၉၆၇ တရုတ် ဗမာ အရေးအခင်း အကြောင်း တေ စေ့တ စောင်း

တင်မောင်



၁၉၆၇ တရုတ် ဗမာ အရေးအခင်း အကြောင်း တေ စေ့တ စောင်း
========================================
မြန်မာပြည်မှာ လူမျိုးမတူမှု ဘာသာမတူမှု ခံယူချက်မတူမှု အစရှိတဲ့ အကြောင်းရင်းများ ကို အခြေပြုပြီး ပဋိ ပက္ခများ အစဉ်အဆက် ပေါက်ဖွားခဲ့တဲ့ အနက် ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ် ဗမာ အရေးအခင်း ဟာ လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။


ဒီလို ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို သင်ခန်းစာယူပြီး နောင်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်ဖို့ အတွက်လည်း အဲ့ဒီလို အဖြစ်အပျက်တွေကို မြန်မာသမိုင်းတလျောက် မှန်မှန်ကန်ကန် တရားဝင်မှတ်တမ်းတင်မှု ပြည်သူလူထုကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ပညာပေးမှု တွေဟာလည်း အားနည်းလွန်းတဲ့အတွက် ပဋိပက္ခတွေဟာ တမျိုးပြီးတမျိုး ဆက်တိုက် ပေါက်ဖွားခဲ့ရတာပဲဖြစ်ပါတယ်။

ယခုတင်ပြမဲ့ တရုတ်ဗမာ အရေးအခင်းလို့ လူသိများတဲ့ အရေးအခင်းဟာ တကယ်တော့ ဗိုလ်ချုပ်နေဝင်း အာ ဏာသိမ်းပြီးနောက် ၅ နှစ်အကြာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။မြန်မာပြည်တွင်းက တရုတ် အမျိုး သား များ နဲ့ ဗမာ များအကြား ရက်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်း တစ်ခုဖြစ်ပါတယ်။


နောက်ခံအခြေအနေများ
—————————
( တရုတ် ဗမာ ဆက်ဆံရေး ၁၉၄၉-၁၉၅၃ )

တရုတ်-မြန်မာဆက်ဆံရေးဟာ အစပိုင်းမှာ ကောင်းမွန်ခဲ့ပါတယ်။ ကူမင်တန် အစိုးရနဲ့ တရုတ်ပြည် ကွန်မြူနစ် ပါတီအကြား ဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်တွင်းစစ်အပြီး ၁၉၄၉ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် ရယ်လို့ ထူထောင်ခြဲု့ပီးချိန်က စလို့ တရုတ်ပြည်ကို စတင်အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတွေအနက် ကွန်မြူနစ် မ ဟုတ်တဲ့ နိုင်ငံဆိုလို့ မြန်မာ တစ်နိုင်ငံပဲ ကနဦးပါဝင်ခဲ့တာဖြစ်ပါတယ်။


ဆုတ်ခွာလာတဲ့ ကူမင်တန် တပ်တွေကို မြန်မာဖက်က တိုက်ထုတ်ခဲ့ပေးခဲ့သလို၊ မြန်မာနဲ့ တရုတ် ဟာ နယ်စပ် အငြင်းပွားမှု ပြသနာကို မကျူးကျော်ရေးစာချုပ် ချုပ်ဆိုပြီး ဖြေရှင်းနိုင်ခဲ့ပါတယ်၊။အင်္ဂလိပ်လက်အောက် က လွတ်လပ်ရေး ရကာစ မြန်မာဟာ ဦးနု အစိုးရ လက်ထက်မှာ ပြည်ပစွက်ဖက်မှု အထူးသဖြင့် တရုတ်ပြည်ရဲ့ စွက်ဖက်မှုကို တတ်နိုင်သမျှ လျော့ချနိုင်ဖို့ ဘက်မလိုက်မှုဝါဒကို ချမှတ်ခဲ့ပါတယ်။

(ဆွေမျိုးပေါက်ဖေါ် ကာလ ၁၉၅၄-၁၉၆၆)



မြန်မာနဲ့ တရုတ်ဟာ ၁၉၅၄ မှာ ဆွေမျိုးပေါက်ဖေါ် မူဝါဒ ကို ချမှတ်ပြီး အပြန်အလှန် ဆက်ဆံခဲ့ပါတယ်။ စစ် အေး ကာလ အတွင်း နှစ်နိုင်ငံအကြား နွေးထွေး တိုးတက်တဲ့ ဆက်ဆံရေး ကို ရရှိခဲ့တဲ့ အချိန်ကာလတွေပဲ ဖြစ်ခဲ့ပါတယ်။


ဒါပေမဲ့ မြန်မာပြည်တွင်း ကွန်မြူနစ်သူပုန်ထမှုရယ်၊ ကိုရီးယားစစ်ပွဲ အပေါ် မြန်မာရဲ့ ရပ်တည်ချက်တွေဟာ တရုတ်နဲ့ မြန်မာအကြား နဂိုရှိခဲ့တဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေ ဖြစ်လာစေခဲ့ ပါ တယ်။


တရုတ်ပြည် အတွက်ကတော့ အနောက်အုပ်စုနဲ့ ဆက်ဆံရေး အတွက် မြန်မာကို ကြားခံနိုင်ငံတစ်ခု အဖြစ် ရှုမြင်ထားပါတယ်။


၁၉၅၄ ခုနှစ် ချူအင်လိုင်း မြန်မာပြည် ပထမဦးဆုံး ခရီးစဉ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမှု ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။


သိပ်မကြာခင်မှာပဲ ၁၉၅၄ နိုဝင်္ဘာမှာ ဦးနု ဟာ ပေကျင်း ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ နှစ်နိုင်ငံ အပြန် အလှန် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။ဥပမာ အနေနဲ့  ကိုးရီးယား စစ်ပွဲ ကြောင့် မြန်မာဆန်တင်ပို့ ဖို့ အခက်အခဲ ရှိနေတဲ့ ကာလတွေမှာ တရုတ်ပြည်နဲ့ ကုန်သွယ်ရေး သဘောတူ ညီခဲ့တာဖြစ်ပါတယ်။

ဒီကာလဟာ တရုတ်ပြည်မှာ ကွန်မြူနစ်ဝါဒ လျမ်းလျမ်းတောက်ဖြစ်နေပြီး ပြည်တွင်းရော ပြည်ပမှာပါရှိတဲ့ တရုတ်လူမျိုးတွေ ဟာ မော်စီတုံးရဲ့ဦးဆောင်မှုကို တခဲနက်ထောက်ခံအားပေးနေတဲ့ အချိန်လည်းဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်ပြည် ပြင်ပမှာမွေးတဲ့ တရုတ်လူမျိုးတွေ အနေနဲ့ ပြည်ပမှာ ကွန်မြူနစ်ပါတီထူထောင်ခြင်း မပြုလုပ်ဖို့ ဥပဒေဘောင်အတွင်းမှာပဲ နေထိုင်ကြဖို့ မော်စီတုံး ဟာအစက အခိုင်အမာပြောကြားပြီး အာမခံခဲ့ပါတယ်။
မော်စီတုံးရဲ့ အဲဒီ ကတိကို ၁၉၅၄ ဒီဇင်ဘာမှာ အဲ့ဒီအချိန်က တရုတ်ပြည်ရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ချူအင်လိုင်း မြန်မာပြည် ခရီးစဉ်မှာ တရုတ်-မြန်မာ ပြန်တမ်းထုတ်ပြန်ပြီး တရားဝင်ဖြစ်စေခဲ့ပါတယ်။
မြန်မာပြည်ဖွား တရုတ်လူမျိုးများ အနေနဲ့ ပြည်ပရောက် တရုတ်အမျိုးသားတွေ ဖွဲ့စည်းတဲ့ အဖွဲ့အစည်း ဘယ် အဖွဲ့အစည်းမှာမှ ပူးပေါင်းပါဝင်မှု မပြုလုပ်ဖို့ တရုတ်နိုင်ငံသား တရုတ်တွေ အနေနဲ့လည်း မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက် မစွက်ဖက်ဖို့ ချူအင်လိုင်းက ပြောကြားခဲ့ပါတယ်။

အဲ့ဒီအချိန်က တရုတ် မြန်မာ ဆက်ဆံ ရေးအကြားမှာ ရှိနေတဲ့ ပြသနာတွေကတော့
– မြန်မာပြည်တွင်းမှာ ကူမင်တန်တွေ ခိုအောင်းနေမှု
– နယ်စပ်မျဉ်း သတ်မှတ်တဲ့ ပြသနာနဲ့
– မြန်မာပြည်ကွန်မြူနစ်ပါတီ ရဲ့ လှုပ်ရှားမှု အရေး ပဲဖြစ်ပါတယ်။

( ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေ -၁၉၆၂ )

၁၉၆၂ ခုနှစ်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး နောက်မှာလည်း မြန်မာနဲ့ တရုတ် အကြား ဆက်ဆံရေး အခြေအနေတည်ငြိမ်လျက် ရှိနေပါသေးတယ်။
မြန်မာအစိုးရသစ်ဟာ ဘက်မလိုက်ပဲ ကြားနေ အပြုသဘောဆောင်တဲ့ မူဝါဒကို ဆက်လက်စွဲကိုင်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ၂ ရက်အကြာမှာပဲ မြန်မာအစိုးရသစ်ကို တရုတ်ပြည်က အသိအမှတ်ပြုခဲ့ပါတယ်။
အာဏာသိမ်းပြီး ၂ လအကြာမှာတော့ တော်လှန်ရေးကောင်စီဟာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ကို ချမှတ်ခဲ့ပြီး လူမှုစီးပွားရေးအခြေခံအုတ်မြစ် အသစ်ကို ချခဲ့ပါတယ်၊
ဒီနောက် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာတော့ တော်လှန်ရေးကောင်စီဟာ မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ပါတီ ကို တည်ထောင်ခဲ့ပြီး မြန်မာပြည်မှာ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး ကို စတင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ အမျိုးသားရေး ဝါဒကို စန်းတင်လာတဲ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အစိုးရဟာ နိုင်ငံခြားသားတွေ လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။
ဒီလို ပြည်သူပိုင်သိမ်းခဲ့တဲ့ အတွက် တရုတ်ပိုင် ဆိုင်ခန်းပေါင်း ၆၇ဝဝ ကျော်နဲ့က အတူ ပေကျင်း အခြေစိုက် ဘဏ်တွေ၊ တရုတ် ကျောင်းတွေနဲ့ နိုင်ငံခြားဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာတွေပါ ထိခိုက်ခဲ့ပါတယ်။
ဒီလို ထိခိုက်ခဲ့ပေမဲ့လည်း တရုတ်ပြည် အနေနဲ့ မြန်မာ့စီးပွားရေး စီမံကိန်းတွေကို ဆက်လက် အထောက်အပံ့ပေးနေဆဲ ဖြစ်ပါတယ်။
၁၉၆၄ဇူလိုင် မှာ ဗိုလ်ချုပ်နေဝင်းကို အာဏာသိမ်းဖို့ ကြိုးပမ်းမှု တစ်ရပ်ကို လည်း တရုတ်အစိုးရက ကြိုသတင်းပေးခဲ့ပါတယ်။ ချူအင်လိုင်းကိုယ်တိုင် မြန်မာပြည်ကို လျှို့ဝှက်ခရီးစဉ်တစ်ရပ် ပြုလုပ်ခဲ့ပြီး နေဝင်းအစိုးရကို ထောက်ခံအားပေးခဲ့ပါတယ်။

ဒါပေမဲ့ ဗီယက်နမ် စစ်ပွဲကာလမှာ မြန်မာအစိုးရဟာ အမေရိကန်ကို ဆန့်ကျင်တဲ့ဖက်မှာ မရပ်တည်ခဲ့တဲ့ အတွက် တရုတ်အစိုးရ ဟာ မြန်မာကို စိတ်ပျက်ခဲ့ပါတယ်။
ဒီအပြင် အိန္ဒိယ အစိုးရကို ဆန့်ကျင်တဲ့ မီဇို သူပုန်တွေကို မြန်မာပြည်တွင်း မှာ စစ်သင်တန်းပို့ချခွင့် ပြုဖို့ ကို ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်လို့ လည်း တရုတ်က ထပ်ပြီး စိတ်ကွက်ခဲ့ပါတယ်။
ဒါတင်မက ဦးနေဝင်းဟာ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ အိန္ဒိယ၊ ဆိုဗီယက် ယူနီယံ၊ ပါကစ္စတန်၊ ချက်ကိုစလိုဗါးကီးယား၊ ထိုင်း နဲ့ ဂျပန်တို့ကို ဦးနေဝင်း ကိုယ်တိုင်သွားရုံမက၊ ၁၉၆၆ မှာ အမေရိကန်ပြည်ထောင်စုကို သွားခဲ့ပါတယ်။
တရုတ်ပြည်က နည်းပညာ အကူအညီ ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ လည်း မြန်မာ ဖက်ကငြင်းခဲ့ပြီး ဆိုဗီယက်ယူနီယံ ဆီက နည်းပညာ အကူအညီကို ရယူခဲ့ပါတယ်။
ဒါတွေဟာ မြန်မာပြည် ကို စီးပွားရေးနဲ့ နိုင်ငံရေးအရ လွှမ်းမိုးချင်တဲ့ တရုတ်ဖက်က ကြည့်ရင် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးတော့ တရုတ်ပြည်က လက်တုံ့ပြန်တဲ့ အနေနဲ့ မြန်မာပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးလုပ်ဖို့ လှုံ့ဆော်ခဲ့ပြီး ဗမာ့ကွန်မြူနစ်ပါတီကို ထောက်ခံအားပေးခဲ့ပါတော့တယ်။

ယဉ်ကျေးမှု တော်လှန်ရေး ပျံ့နှံ့လာခြင်း
———————————————-
၁၉၆၆ မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရဟာ သူတို့ ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကို အားပေးထောက်ခံဖို့ မြန်မာပြည်ဖွား တရုတ်လူမျိုးများကို တိုက်တွန်းခဲ့ပါတယ်။
ဒီတိုက်တွန်းမှု အဓိက သက်ရောက်မှု ရှိစေခဲ့တာက မြန်မာပြည်တွင်းမှာ ရှိတဲ့ တရုတ် စာသင်ကျောင်းတွေပဲဖြစ်ပါတယ်။

တကယ်တော့ ၁၉၅၂ ခုနှစ်အစောပိုင်းကတည်းက မြန်မာအစိုးရအနေနဲ့ ဗမာပြည်တွင်းရှိ တရုတ်ကျောင်းအားလုံးကို ပုဂ္ဂလိက စာသင်ကျောင်းများမှတ်ပုံတင်ရေး ဥပဒေအရ မှတ်ပုံတင်ဖို့ အမိန့်ထုတ်ခဲ့ပေမဲ့ ကျောင်းတစ်ချို့ပဲ မှတ်ပုံတင်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ် မှာ မြန်မာပြည်မှာ တရုတ်ကျောင်း ၂၅၉ ကျောင်းရှိတဲ့ အနက် ၇ဝ ရာခိုင်နှုန်းဖြစ်တဲ့ ၁၈၃ ကျောင်းက တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို ထောက်ခံ ကြောင်းကြေငြာခဲ့ ပါတယ်။
မြန်မာ အစိုးရက ကျောင်းသား အယောက် ၂ဝ ထက်ပိုတဲ့ စာသင်ကျောင်းတွေကို ပုဂ္ဂလိက စာသင်ကျောင်း ဥပဒေအသစ်ချမှတ်ပြီး မှတ်ပုံတင်ဖို့ ၁၉၆၃ ခုနှစ်မှာ ဥပဒေထုတ်ခဲ့ပါတယ်။
၁၉၆၅ ခုနှစ်မှာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ ပုဂ္ဂလိက ကျောင်းတွေ အားလုံးကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံသား မှတ်ပုံတင် မရှိတဲ့ တရုတ်ကျောင်းဆရာတွေကို အလုပ်ဖြုတ်ခဲ့ပါတယ်။
ကျောင်းသားတွေကို ဗိုလ်ချုပ်အောင်ဆန်းပုံ မြန်မာနိုင်ငံ အထိမ်းအမှတ် အမှတ်အသားမှ အပ တခြား နိုင်ငံတွေရဲ့ နိုင်ငံရေး သင်္ကေတတွေ မချိတ်ဆွဲဖို့ တားမြစ်ခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ကျောင်း ၄၇ဝ ကကျောင်းသားတွေဟာ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ တရုတ်ကျောင်း ၂ဝဝ လောက်ကတော့ ဒီကိစ္စမှာ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

အဓိကရုဏ်း ဖြစ်ပွားခြင်း ( ၁၉၆၇ ဇွန်လ ၂၆ ရက်)
———————————————————-
တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကို ထောက်ခံတာကို ပြတဲ့အနေနဲ့ မြန်မာပြည်တွင်းမှာ ရှိတဲ့ တရုတ်ကျောင်းသားတွေ ဟာ မြန်မာအစိုးရက တားနေတဲ့ ကြားထဲက ရန်ကုန်မှာ ရှိတဲ့ တရုတ်သံရုံးရဲ့ အားပေးမှု နဲ့မော်စီတုံး ပုံ ရင်ထိုးတွေကို ရင်ဘတ်မှာ ချိတ်ဆွဲခဲ့ပါတယ်။

၁၉၆၇ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ တော့ ယခင် တရုတ်မိန်းခလေး အလယ်တန်းကျောင်းလို့ ခေါ်တဲ့ အမှတ် (၃) အခြေခံပညာကျောင်း မှာ မော်စီတုံးတံဆိပ် တပ်တဲ့ တရုတ်ကျောင်းသားတွေနဲ့ ဒါကိုတားမြစ်တဲ့ ဗမာဆရာမတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါတင်မက ဇုံကျန်း အလယ်တန်းကျောင်း အနီးမှာလည်း အလားတူ ပြသနာမျိုးဖြစ်ပွားခဲ့တဲ့ အတွက် ရဲ တပ်ဖွဲ့ကဝင်ရောက်နှိမ်နင်းခဲ့ပါတယ်။ နန်ယန်၊ ဟွာကျုံး(နောက်ပိုင်း ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ) အစရှိတဲ့ တရုတ်ကျောင်းတွေက ကျောင်းသားတွေ ဟာ မော်စီတုံး ပုံရင်ထိုးတွေကို ချိတ်ဆွဲခဲ့ပြီး ယဉ်ကျေးမှု တော်လှန်ရေးကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။
အဲ့ဒီနေ့မှာပဲ ဆင်ဝှာ သတင်းဌာန က သတင်းထောက် ယူမင်းရှန်နဲ့ တရုတ်သံရုံးက တပ်နီ တွေကလည်း မော်စီတုံးတံဆိပ်တွေနဲ့ အတူ စာအုပ်နီ အသေးလေးတွေကို တရုတ်ကျောင်းသားတွေ အကြားဖြန့်ဝေခဲ့ပါတယ်။

ဒီပဋိပက္ခ အတွင်း မှာ ကောလဟာလ မျိုးစုံ ပြန့်ပွားခဲ့ပါတယ်။ မြန်မာပြည်မှာ ဆန်အကျပ်အတည်း ဖြစ်နေတဲ့ အချိန်မှာ တရုတ်ကုန်သည်တွေက ဆန်ဈေးကိုမြှင့်တင်နေတယ် ဈေးကစားနေတယ် အစရှိတဲ့ ကောလဟာလ တွေတင်မက
“တရုတ် ကျောင်းသားတွေက ဆရာမ ၂ ယောက်ကို မုဒိန်းကျင့်ပြီး သတ်လိုက်ပြီ” အစရှိတဲ့ ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့ပါတယ်။ (Madera Tribune, Volumn 76 Number34, 30June1967)
၁၉၆၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ပြည်ပရောက်တရုတ် အမျိုးသား အလယ်တန်းကျောင်း၊ တရုတ် ဆရာများအသင်း၊ Irrawaddy River Glee ကလပ်၊ တရုတ်စာရေးများအသင်း၊ တရုတ်သံရုံး နဲ့ တခြား တရုတ်လူမျိုးများနှင့် ပတ်သက်သည့် အသင်းအဖွဲ့များကို ဗမာ များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
ဇွန်လ ၂၇ ရက်နေ့မှာ ဂုံနီစက်၊ ချည်စက် အစရှိတဲ့ စက်ရုံအလုပ်သမားတွေ အပါအဝင် ကောလဟာလ တွေကြောင့် ဒေါသထွက်နေတဲ့ အုံကြွလာသော ဗမာလူအုပ်ကြီးက ဆင်ဝှာ သတင်းဌာန ရုံးခန်း၊ တရုတ်လေကြောင်းအုပ်ချုပ်ရေးရုံး နဲ့ တရုတ် စီးပွားရေးနဲ့ ဘဏ္ဍာရေး ကောင်စစ်ဝန်ရုံး တွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။
ဆက်လက်ပြီး တရုတ်ကျောင်း ၉ ကျောင်းကို လည်း အစိုးရက ပိတ်ခဲ့ပါတယ်။
ဇွန်လ ၂၈ ရက်နေ့ သံရုံး အကြမ်းဖက် တိုက်ခိုက်ခံရမှု မှာ တရုတ် အကူအညီပေးရေး နည်းပညာရှင် တစ်ဦးဖြစ်တဲ့ လျူရီ သေဆုံးခဲ့သလို သံတမန်အများအပြား ဒဏ်ရာရခဲ့ပါတယ်။
တရုတ်လူမျိုးများ ပိုင်ဆိုင်တဲ့ မိတ်ကပ် အလှပြင်ခန်းများ၊ ရုပ်ရှင်ရုံများ၊ ဆိုင်များ၊ စားသောက်ဆိုင်များစွာလည်း မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။
ရန်ကုန်မြို့ တရုတ်တန်း လမ်းမတော် လသာ တဝိုက် အကြမ်းဖက်တိုက်ခိုက်မှု ကို ဆိုးရွားစွာ ခံခဲ့ရပြီး၊ တိုက်ခန်းများပေါ်မှ ခုန်ချ ထွက်ပြေးသူများ၊ မိမိကိုယ်ကို ဓါတ်ဆီလောင်းမီးရှို့သတ်သေ သူများလည်း ရှိခဲ့ပါတယ်။

ဒီအကြောင်းအရာ နဲ့ပတ်သက်ပြီး ၂၀၁၇ ဇွန်လ ၂၇ ရက်နေ့က ထုတ်လွှင့်တဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်တဲ့ အင်တာဗျူး အစီအစဉ်မှာ

“လမ်းမတော် နဲ့ ကျွန်တော်တို့ကနီးတယ်လေ…. အဲ့ဒီနေ့ည ၁ဝ နာရီလောက်က စပြီးတော့ သံဈေးနားမှာ ပြသနာတွေ တက်တာ…. တဝုန်းဝုန်း .. တရုံးရုံးနဲ့ ဖြစ်ကြတာ …. တရုတ်တွေနဲ့ ဗမာတွေနဲ့ အဲ့ဒီကစတာပဲလေ……
၎ထပ်တိုက်ပေါ်မှာ နေပြီးတော့ မော်စီ ဝမ်ဆွေ့ မော်စီ ဝမ်ဆွေ ဆိုပြီးတော့ တရုတ်မလေးတွေ ရော တရုတ်လေးတွေ ရောလေ… စစ်တပ်ကလည်းရှိတယ် ….စစ်တပ်က.. သူတို့ကတော့ ဘာမှတာ့ တက်မလုပ်ဘူး… အဲ့ဒီလမ်းမတော် ဘူတာကို မီးရထား ဆိုက်လာတယ်…..
ကျွန်တော်တို့ မျက်စိရှေ့တင်ပဲ … ဂုံနီစက်တို့ ချည်စက်တို့က အလုပ်သမားတွေဆိုပြီး …. လူတွေ အများကြီးလိုက်လာတယ်…. ဆန်အိတ်တွေကို ဖေါက်တဲ့ သူ ဂေါက်ကြီးတွေနဲ့ ပေါ့….. အဲတာတွေနဲ့ သူတို့ အပေါ်ကို တက်ပြီး တရုတ်မလေးတွေ တရုတ်လေးတွေကို သတ်တာ… ငါတို့ ရှေ့တင်ပဲ အလောင်းတွေ လမ်းပေါ်ကို ကျလာတယ်လေ…

“နောက်တစ်ခါကျတော့ တရုတ်သံအမတ်ကြီးရဲ့ ကားမောင်းတဲ့လူပေါ့ နိုင်ငံခြားရေးရုံးထဲကို ဝင်လာပြီးတော့ တော်တော်ဆူဆူပူပူလုပ်တယ်……ငါတို့လူငယ်တွေက တော်တော်မခံချင်…စိတ်ဓါတ်နဲ့ သူ့ကို အော်ကြဆဲကြပြုကြ ဆိုတော့ အဲ့ဒီအချိန်မှာ ကျလို့ရှိရင် တရုတ်သံရုံးကို အဲ့ဒီ အလုပ်သမတွေက ဝင်ပြီးတော့ စီးရော .. အဲ့ဒီမှာ Technition တွေပေါ့ .. အဲ့ဒီသူတို့ လာပြီးတော့ လုပ်အားပေးနေတဲ့ လူတစ်ယောက်သေသွားတယ်… တရုတ်သံရုံးကလည်း သေနတ်တွေ ဘာတွေနဲ့ပြန်ပစ်တယ် ဘာဖြစ်တယ်ဆိုတော့ …
နိုင်ငံခြားရေးရုံးမှာ အရာရှိကြီး ဦးဘချစ်ဆိုတာရှိတယ်…..အဲ့ဦးဘချစ်ကတော့ ပင်စင်ယူနေတယ်ပေါ့… ဦးဘချစ်သွားခေါ် ….ဦးဘချစ်သွားခေါ်ဆိုတော့….အန်ကယ်တို့ ကိုယ်တိုင်ပဲ ဦးဘချစ်သွားခေါ်ပြီး အဲ့ဒီတရုတ်သံရုံးက သေနတ်နဲ့ ပစ်နေတဲ့ ဥစ္စာကို သံတမန်နည်းလမ်းအရ ဘယ်လိုလုပ်မလည်းဆိုပြီးတော့ လူကြီးတွေတိုင်ပင်တယ်…. နောက်တော့ တရုတ်တွေကလည်း ထပ်ပြီးတော့ ပစ်တာခတ်တာတော့ မလုပ်တော့ဘူး… အဲဒီမှာ တော်တော်လေး ပြသနာကြီးကြီးကျယ်ကျယ် ဖြစ်ပြီးတော့ …..နောက်ပိုင်းမှာ တရုတ် ဘုံကျောင်းတို့ဘာတို့က တော်တော်လေးကို အဖမ်းခံရတယ်…
(ဦးခင်မောင်ကြည် – အရေးအခင်းဖြစ်စဉ်က ရန်ကုန်နိုင်ငံခြားရေးရုံးက သံတမန်တဦး)

ကျွန်တော် ဟွာကျုံးမှာ နေတော့ ဟွာကျုံးက တရုတ်ကျောင်းကြီးလေ ….. အဲ့ဒီမှာ…စာအုပ်အနီလေးတွေကိုင်ပြီး သူတို့ ဆန္ဒပြကြတယ်… ကောလဟာကတွေ ပေါ့လေ .. ဟုတ်လားမသိဘူး …. ရန်ကုန် အနောက်ပိုင်း တရုတ်တန်းမှာဖြင့် ဘာဖြစ်တယ် ညာဖြစ်တယ် ကြားကတည်းက နေပြီး တဖြည်းဖြည်း တဖြည်းဖြည်း…ဆူလာတာပေါ့…ဘယ်သူတွေ ဘယ်ဝါတွေကို တရုတ်ကသတ်လိုက်တယ် ဗမာက သတ်လိုက်တယ်ပေါ့လေ …
အပြန်အလှန် ဖြစ်ပြီးတော့…… လူတွေလည်းဒေါသထွက်ပြီးတော့ လမ်းပေါ်ဆင်းကြတယ်ပေါ့… လမ်းထိပ်မှာ ဆန္ဒပြတဲ့သူတွေ မဝင်လာအောင်ဆိုပြီးတော့ ….လမ်းထိပ်တွေမှာ တရုတ်မရှိပေါ့လေ ဒီလမ်းမှာ တရုတ်ကို ရှင်းပြီး .. ဘာညာဆိုပြီးတော့…ဆိုင်းဘုတ်တွေ ထောင်ထားကြတယ်ပေါ့လေ… ကျွန်တော်မှတ်မိတဲ့ ဟာ တစ်ခုကတော့ တရုတ်သံရုံးကို ဗမာတွေက ဝင်ဖို့ကြိုးစားတယ်ပေါ့လေ.. တရုတ်သံရုံးရဲ့ ခေါင်းရင်းဖက် အရှေ့ဖက်မှာက ကွက်လပ်ကြီးတစ်ခုရှိတယ်..
ကွက်လပ်မှာ အုတ်ခဲတွေ ပုံထားတယ် ..ဗမာတွေက အဲ့ဒီဖက်ကနေပြီးတော့ သံရုံးထဲကို ဝင်ဖို့ကြိုးစားတယ်.. တယောက်က သံရုံးထဲကိုရောက်သွားတယ် ..ရောက်သွားပြီးတော့….xxxxxxx တက်တော့…….နောက်ကျ တော့ ကျွန်တော်တို့ဖက်မှာကလည်း အဲ့ဒီ စောင့်ကြည့်နေတဲ့သူ ခလေးဆေးရုံကြီးရှေ့မှာပေါ့လေ အစိတ် သုံးဆယ်လောက်ရှိတယ် …. အဲ့ဒီ ထက်ဖက်ကိုသေနတ်သံ တစ်ချက်ကြားလိုက်တယ်ပေါ့လေ…
ကျွန်တော့်ဘေးက ကျွန်တော့ သူငယ်ချင်းက နည်းနည်းသူက အတွေ့ အကြုံရှိတယ် …. အဲ့ဒီခေါင်းမှောက်ထား မှောက်ထား မှောက်ထားဆိုပြီး ကျွန်တော်မှောက်ထားတော့ ……….. အုတ်ခဲတလုံးကိုခေါင်းစိုက်ပြီးတော့ မှောက်ထားတာပေါ့လေ…ကြောက်တပေါ့… ခေါင်းကလည်းပူလာတာပေါ့…..အုတ်ခဲကိုထိလိုက်မလား ဘာညာပေါ့….ပြေးတော့..ပြေးတော့ ..ပြေးတော့.. ဆိုတော့… ထပြေးတော့.. ပုဏ္ဍရိတ် အတန်းလေး တစ်တန်းတွေ့တယ် …..
တွေ့တဲ့အခါကျတော့…. ဒီလို..ဘွားကနဲ လူတစ်ယောက်ကိုတွေ့တော့ … အဲ့ဒီလူကပါးစပ်က ၃ ပေါက်ဖြစ်နေတယ်….ပါးတစ်ချက်ကနေပြီး သေနတ် ဝင်သွားပြီး ဟိုဖက်ကထွက်သွားတာပေါ့လေ … သွေးအများကြီးကျနေတာ… သူ့လည်းဘာမှ မလုပ်နိုင်ဘူး… သူကလည်းပြေး… ကိုယ်ကလည်းပြေးပေါ့လေ…”
(စာရေးဆရာ ချစ်စံဝင်း)

“အဲ့ဒီတော့ တို့ ဗမာပြည်မှာက ဘာဖြစ်နေလည်းဆိုတော့ …. ဆန်ဈေးတွေ တအားခေါင်ခိုက်ပြီးတော့လေ …ဆင်းရဲသားပြည်သူတွေမှာ ဆန်ဝယ်မစားနိုင်ပဲ နဲ့ ဒုက္ခတွေဖြစ်နေတယ်…..အဲ့ဒီအချိန်မှာ ..နော့..ဆန်နဲ့ ပတ်သက်ပြီးတော့ မှ မကြေနပ်မှုတွေက စနစ်တံလေးတစ်ခုလို ပေါက်ပွားလာတယ်….အဲ့ဒီအချိန်မှာပဲ စာအုပ်အနီလေးတွေ ပေါ်လာတယ်နော် … အဲ့ဒါတွေကို ဆန့်ကျင်ရေးဆိုပြီးတော့ လုပ်တဲ့အခါကျတော့ နော် … ဆန္ဒပြပွဲတွေဘာတွေ ဖြစ်ပြီး ရိုက်ဟယ်သတ်ဟယ် ဖိဟယ်နဲ့ ဒဏ်ရာတွေဘာတွေရ ဘာညာဘာညာ အဲဒါမျိုးတွေလည်းဖြစ်တော့..
ဆေးရုံတွေမှာကို လူတွေ တော်တော်များများရောက်ကုန်တယ်….. အဲဒါက ဟိုဖက်ကလာတဲ့ ဂယက်ဆိုတာထက်ပေါ့နော် … ဒီမှာကလည်းပြသနာက ဆန်ပြသနာက ကြီးနေတော့ ဟိုဖက်မှာလည်းအဲဒါမျိုးဖြစ်တယ်…. ဒါမျိုးက ဖြစ်တတ်ပါတယ်နော့် … ၂ ဖက်မှာ ပြသနာတက်လာတဲ့ အခါကျတော့နော် … ကိုယ်ဖက်ကိုယ် လုံခြုံရေးအတွက်လုပ်ကြတဲ့ ဥစ္စာတွေကတော့ ထုံးစံလိုကို ဖြစ်နေခဲ့ပါတယ်…”
(ဆရာမောင်သစ်လွင်)

တချို့ တရုတ်အမျိုးသား များမှာ အကြမ်းဖက် တိုက်ခိုက်မှု ဘေးမှ လွတ်ကင်းဖို့ အိန္ဒိယ နွယ်ဖွားများ အပါအဝင် တခြားသူများ၏ အိမ်များတွင် ပုန်းအောင်းရှောင်ရှားခဲ့ကြရပါတယ်။
ဗမာ အများစု ရှိရာရပ်ကွက်များတွင် တရုတ်ရှင်းလင်းပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်များ တတ်ထားရသည် အထိ အကြမ်းဖက် တိုက်ခိုက်မှု ပြင်းထန်ခဲ့ပါတယ်။
တရားဝင်ထုတ်ပြန်ချက် အရ တရုတ် လူမျိုး ၃၁ ဦး သေဆုံးခဲ့ပြီး တခြား တရုတ်လူမျိုးများစွာမှာလည်း ဒဏ်ရာရသူရဖြစ်ခဲ့သလို ဖမ်းဆီးခံရသူလည်း အများအပြားရှိခဲ့ပါတယ်။

၁၉၆၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာတော့ ဗမာအစိုးရက စစ်အုပ်ချုပ်ရေး မာရှယ်လော ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

တရုတ်အစိုးရ တုံ့ပြန်မှု
————————-
၁၉၆၇ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဟန်ဥာဏ်လုံ က မြန်မာနိုင်ငံကို ဆန့်ကျင် သပိတ်မှောက်ကြောင်းစာကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ထံပေးပို့ခဲ့ပါတယ်။
ဒါတင်မက စာပါအကြောင်းအရာတွေကို လည်း တရုတ်ပြည် က ပြည်သူ့နေ့စဉ် သတင်းစာမှာ ထည့်သွင်းဖေါ်ပြစေခဲ့ပါတယ်။
ဆက်လက်ပြီး ဇွန်လ ၂၉ ရက်နေ့မှာ ရန်ကုန် မှာရှိတဲ့ တရုတ်သံမှုးက မြန်မာအစိုးရအား ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ နှင့် စပ်လျဉ်းပြီး အကြမ်းဖက်သူများအား အပစ်ပေးရန်၊ အကြမ်းဖက်ခံရသူများ၏ မိသားစုဝင်များအား နစ်နာကြေးပေးရန်၊ တရားဝင်ဝန်ချတောင်းပန်ရန်နှင့် မြန်မာပြည်ရှိ တရုတ်နိုင်ငံသားများနှင့် သံရုံးဝန်ထမ်းများ၏ လုံခြုံရေးကို တာဝန်ယူရန် တောင်းဆိုခဲ့ပါသည်။
အဲ့ဒီနေ့မှာပဲ ပီကင်းမှာ ရှိတဲ့ မြန်မာသံရုံး အရှေ့မှာ လူ ၂ သိန်းလောက် စုရုံးဆန္ဒပြခဲ့သလို၊ တရုတ် တပ်နီတွေက မြန်မာသံရုံးက မြန်မာအလံ နဲ့ မြန်မာနိုင်ငံ အမှတ်တံဆိပ်ကို ဖယ်ရှားခဲ့ပါတယ်။

ဆက်လက်ပြီး ၁၉၆၇ ခုနှစ် သြဂုတ်လကနေ အောက်တိုဘာလ အတွင်း တရုတ်အစိုးရ ဟာ မြန်မာ အစိုးရ နဲ့ တိုက်ရိုက်ဆက်ဆံမှု မလုပ်တော့ပဲ သတင်းစာတွေ ရေဒီယိုတွေက နေတဆင့်ပဲ ဆက်ဆံခဲ့ပါတယ်။
ဒါတင်မက ဒီ အရေးအခင်းကို မြန်မာအစိုးရဖက်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အတူတောက်လျောက်ဖိအားပေးခဲ့ပါတယ်။
၁၉၆၇ ဇွန်လ ကနေ ၁၉၇၀ နိုဝင်္ဘာလ အထိ ကာလတွေ အတွင်းမှာ တော့ တရုတ် စာနယ်ဇင်းနဲ့ မီဒီယာ တွေက ဗမာပြည်ကွန်မြူနစ်ပါတီကို ချီးကြူးတဲ့ ရေးသားချက်တွေကို တောက်လျောက်ဖေါ်ပြခဲ့ပါတယ်။
၁၉၆၈ ခုနှစ်မှာ တရုတ်နိုင်ငံခြားရေး ဌာနကို ချူအင်လိုင်း ကိုတိုင် ကိုင်တွယ်ခဲ့တယ်လို့ယူဆရပါတယ်။

အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လျူရီ အမှတ်တရ စုဝေးပွဲမှာ ဗမာ့ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ လက်ထောက်အထွေထွေ အတွင်းရေးမှုးက နေဝင်းအစိုးရကို ဖယ်ရှားဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီသတင်းကို တရုတ်နေ့စဉ် သတင်းစာနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ မူဝါဒကို ထင်ဟပ်ဖေါ်ပြတဲ့ မဂ္ဂဇင်းဖြစ်တဲ့ တရုတ်ပြည်ထုတ် အလံနီ မဂ္ဂဇင်းတွေမှာ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

တရုတ်ပြည်နဲ့ မြန်မာပြည် အကြား ခရီးသွားလာမှု တွေကိုလည်း ကန့်သတ်ခဲ့ပြီး၊ မြန်မာ သံဝန်ထမ်းတွေဟာ အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်လို့ တရုတ်ပြည်က သံသယ ရှိတဲ့အတွက် ၃ နှစ်အတွင်း မည်သည့် တရုတ် ထိပ်ပိုင်းအရာရှိမှ မြန်မာပြည်ကို လာရောက် အလည်အပတ်ပြုခြင်းကို ရန်တန့်ခဲ့ပါတယ်။

မြန်မာဖက်က တုံ့ပြန်မှု
————————–
မြန်မာ အစိုးရက တည်တည်ငြိမ်ငြိမ်ရှိဖို့ တောင်းဆိုခဲ့သလို တရုတ်အစိုးရရဲ့ တောင်းဆိုချက်တွေကိုလည်း ပယ်ချခဲ့ပါတယ်။ တရုတ်သံရုံး ဝန်ထမ်းတွေနဲ့ ပြည်ပရောက်တရုတ်အမျိုးသား လှုပ်ရှားမှုတွေကိုလည်း ထိမ်းချုပ်ခဲ့ပါတယ်။ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း၊ မြန်မာပြည်လုံးဆိုင်ရာ ငြိမ်းချမ်းရေး ကော်မတီ နဲ့ ပြည်သူ ဒီမိုကရက်တစ် လူငယ်အသင်း အစရှိတဲ့ တရုတ်နဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ခဲ့ပါတယ်။

တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း ပြန်ခေါ်ခဲ့ပါတယ်။ တရုတ်ရဲ့ မြန်မာပြည် စီးပွားရေး အထောက်အကူပြု စီမံကိန်း အပါအဝင် တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်အားလုံးကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
၁၉၆၇ အောက်တိုဘာ ၃၁ က စပြီး တရုတ်ပညာရှင်တွေ အတွက်နေထိုင်စရိတ် လစာတွေကို ရပ်တန့်ပြစ်ခဲ့ပါတယ်။ ဆင်ဝှာ သတင်းထောက်တွေကို ပြည်နှင်ဒဏ်ပေးခဲ့သလို သတင်းဌာနရုံးကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။
ဒါတင်မက မြန်မာပြည်တွင်းက ကွန်မြူနစ်ဝါဒ ကိုလက်ခံသူတွေကို ဖမ်းဆီးခဲ့ပါတယ်။

“တရုတ်ဗမာအရေးအခင်းကို အခြေခံပြီး မြန်မာအစိုးရက တရုတ်အစိုးရ လိုလားတယ်လို့ ယူဆရတဲ့ (နံမည်ကြီး မြန်မာပိုင်) လူထု သတင်းစာကို တက္ကသိုလ်ကျောင်းသား ဆိုသူတွေက ဖျက်ဆီးဖို့ စုဝေးခဲ့ပါတယ်။ စစ်တပ်က အချိန်မှီ ထိန်းသိမ်းခဲ့လို့ ပြန်လှည့်သွား ခဲ့တယ်လို သတင်းစာ ထုတ်ဝေသူတွေရဲ့ သမီးကြီး ဒေါက်တာ သန်းရင်မာ ကပြောပါတယ်။
(ဘိုဘို – ဘီဘီစီ မြန်မာပိုင်း – နှစ် ၅၀ ကျော်က လူထု) – ၂၀၁၇ ဇူလိုင် ၆

ဒီအရေးအခင်းကို အကြောင်းပြုပြီး ဗမာ အမျိုးသားရေး အစွန်းရောက်ဝါဒ နဲ့ အတူ နေဝင်း ဟာ မြန်မာပြည်မှာ ရေပန်းစားလာခဲ့ပါတယ်။

အကြောင်းတရားများ
————————-
၁၉၆၈ ခုနှစ်က စလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ကွန်မြူနစ် အစွန်းရောက်ဝါဒီ များရဲ့ ထိမ်းချုပ်မှု ကိုခံခဲ့ရတယ်လို့ ချူအင်လိုင်းက ၁၉၇၁ ခုနှစ်မှာ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
ဒီလို ထိန်းချုပ်ခံရတဲ့အတွက် တရုတ် သံရုံးတွေနဲ့ ပြည်ပရောက် တရုတ်လူမျိုးတွေကို အသုံးချပြီး အခြားတိုင်းပြည်တွေမှာ ယဉ်ကျေးမှုတော်လှန်ရေးကို ဝါဒ ဖြန့်ချိခဲ့ကြပါတယ်။
ဒီကနေ ပြည်ပရောက်တရုတ်မိသားစုတွေ နဲ့ ပတ်သက်ပြီး အဓိကရုဏ်းတွေ ဖြစ်ခဲ့ကြတယ်။
နောက်ပြီး မြန်မာဟာ ကွန်မြူနစ်ဝါဒကို ကျင့်သုံးမယ် ဒါမှမဟတ် အနည်းဆုံးတရုတ်နိုင်ငံခြားရေး မူဝါဒကို ထောက်ခံအားပေးလိမ့်မယ်လို့ တရုတ်ဖက်က လွဲမှားစွာ ယူဆခဲ့တဲ့အချက်လည်းပါပါတယ်။

မြန်မာပြည်မှာ အကြမ်းဖက်တိုက်ခိုက်မှု တွေကို ဖြစ်စေခဲ့တဲ့အကြောင်းရင်းတွေကတော့၊ အဲဒီအချိန်မှာ မြန်မာ့စီးပွားရေး ကျဆင်းနေတာရယ်၊ ၁၉၆၇ ခုနှစ် ဆန်ထုတ်လုပ်မှု အကြပ်အတည်းရယ်၊ ပြည်တွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်နေမှုတွေအပြင် ဇီနိုဖိုးဖစ်လို့ ခေါ်တဲ့ မိမိနဲ့ မတူတဲ့ သူတွေအပေါ် စိုးရိမ်ပူပမ်မှု မယုံမကြည်ဖြစ်မှုတွေ များလာတဲ့ ရပ်ဝန်းတွေ များလာလို့ပဲဖြစ်ပါတယ်။
ပြည်သူပိုင်သိမ်းခြင်းကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေ တက်လာခဲ့တဲ့အပြင် ကုန်ပစ္စည်းတွေရှားပါးခြင်း မှောင်ခိုဈေးကွက်ကြီးထွားလားခြင်းတွေကြောင့် မကျေနပ်မှုတွေ များပြားနေတဲ့ အချက်တွေ က အဓိကရုဏ်း ဖြစ်ပွားဖို့အတွက် စေ့စော်ပေးတဲ့အချက်တွေ ဖြစ်ပါတယ်။

တရုတ် ကွန်မြူနစ် အစွန်းရောက်တွေရဲ့ ယဉ်ကျေးမှုတော်လှန်ရေး ကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခ ကို အဖက်ဖက်က အကြပ်ရိုက်နေတဲ့ အစိုးရအနေနဲ့ ထွက်ပေါက်တစ်ရပ် အဖြစ်ပိုင်နိုင်စွာ အသုံးချ နိုင်ခဲ့ပါတယ်။

အကျိုးဆက်များ
——————
ဒီအဓိကရုဏ်းကြောင့် အဓိက ထိခိုက်ခဲ့ရတဲ့သူတွေက မြန်မာပြည်တွင်းက တရုတ်အစုအဝေးပဲဖြစ်ပါတယ်။ သူတို့ တတွေရဲ့ အသက်အန္တရာယ်တွေ ချိန်းခြောက်ခံရသလို ပိုင်ဆိုင်မှုတွေဟာလည်း ဖျက်ဆီးခံခဲ့ရပါတယ်။
တရုတ်ပြည်မကြီး က သူတို့ကို ထိထိရောက်ရောက် အကူအညီမပေးဘူးလို့ခံစားရပြီး တရုတ်ပြည်ကို စိတ်ပျက်ခဲ့ကြပါတယ်။ တချို့တွေကတော့ တရုတ်ပြည်ကို ပြန်သွားခဲ့ပြီး၊
ကန်တုန် စကားပြော တရုတ် အများစုက တော့ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝန်၊ မလေးရှား၊ စင်္ကာပူနဲ့ အနောက်နိုင်ငံတွေကို ထွက်ပြေးခဲ့ကြရပါတယ်။ တချို့ တွေကတော့ ဥရောပ၊ အမေရိက နဲ့ သြစတြေးလျ နိုင်ငံတွေ ကို ပြောင်းရွေ့ခဲ့ကြပါတယ်
(The 1967 anti-Chinese riots in Burma and Sino-Burmese relations – Hongwei Fan)
အဓိကရုဏ်း အပြီးမှာ တရုတ်နိုင်ငံသား တရုတ်များ အပြင် မြန်မာနိုင်ငံသား တရုတ်များ စုစုပေါင်း ၄ သောင်းကနေ ၅ သောင်းလောက်ဟာ မြန်မာပြည်ကနေ ထွက်ပြီး မကာအိုမှာရှိတဲ့ ဒုက္ခသည် စခန်းတွေဆီကို ထွက်ပြေးကြပြီး အဲဒီမှာပဲ အခြေချ နေထိုင်ခဲ့ပါတယ်။
သူတို့ အခြေချ နေထိုင်ရာကို Little Myanmar ဆိုပြီး လူသိများကြပါတယ် (Yi 2001- Trends in South East Asia 2015#15 ISEAS Publishing -Yusof Ishak Institute- Singapore )

မထွက်ပြေးပဲကျန်ခဲ့တဲ့ တရုတ်တွေ ကတော့ တရုတ်ဘောင်းဘီ အပွဝတ်ရာကနေ ပုဆိုး လုံချည် ပြောင်းဝတ်ခြင်း၊ တရုတ်အမည်တွေကနေ မြန်မာ အမည်မှည့်ခေါ်ခြင်းတို့ အပြင် တရုတ်ရိုးရာ ယုံကြည်မှု များ ဖြစ်သည့် မဟာယနဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ် ဝါဒ၊ ဇင်န် ဗုဒ္ဓ ဘာသာ ယုံကြည်သူများ က ထေရဝါဒ ယုံကြည်သူများအဖြစ်
ဖေါ်ပြ ပြောင်းလဲကာ တချို့က ဗမာအသွင် အများစုက ရှမ်းလူမျိုးများ အသွင် စိမ့်ဝင် အသွင်ပြောင်းပြီး ဆက်လက် ရှင်သန်ရပ်တည်ခဲ့ကြ ရပါတယ်။
ထိုအချိန်က စပြီး နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်ခြင်း ပတ်သက်ခြင်း မလုပ်တော့ပဲ သိုသိုသိပ်သိပ်နေထိုင်ခဲ့ကြပါတယ်။

တရုတ်ပြည်နဲ့ မြန်မာပြည်အကြား သံတမန်ဆက်ဆံရေး ဆုံးရှုံးခဲ့ပြီး သံရုံးတွေမှာ သံအမတ်တွေ အစား သံအရာရှိတွေပဲ ထားခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ် အထိသံတမန်ဆက်ဆံရေး တစုံတရာ တိုးတက်မှု မရှိပဲ ဆက်ဆံရေးထိခိုက်ခဲ့ပါတယ်။
တရုတ်နဲ့ မြန်မာအကြား ကုန်သွယ်ရေးဟာလည်း ၁၉၆၇ ကနေ ၁၉၆၉ အထိ အနိမ့်ဆုံးဖြစ်တဲ့ ၉၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ တရုတ်ပြည်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်တွေကို တရားဝင် လက်နက်ခဲရမ်း ထောက်ပံ့ပေးခဲ့သလို တရုတ်နိုင်ငံထဲမှာ စစ်ရေးလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

တရုတ် – မြန်မာ ဆက်ဆံရေး ပုံမှန် ပြန်လည်ဖြစ်လာခြင်း
—————————————————————-
၁၉၆၈ မှာ တရုတ်ပြည်က မီဒီယာတွေက မြန်မာပြည်အပေါ်ဝေဖန်ပြစ်တင်တာတွေ လျော့ကျလာခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့တဲ့ ရခိုင်မှာ တိုက်ခဲ့တဲ့ တိုက်ဖုံး မုန်တိုင်းအပြီး တရုတ်ပြည်က မြန်မာ့ကြက်ခြေနီအသင်းကို လှုဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။
၁၉၇၀ မှာ တရုတ်နဲ့ မြန်မာအကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ဆက်သွယ်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ချူအင်လိုင်းရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်ကို ဗိုလ်ချုပ်နေဝင်းဟာ ပုံမှန်မဟုတ်တဲ့ အလည်အပတ် ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပြီး တရုတ်နဲ့ သံတမန်ဆက်ဆံရေး ခေတ်သစ်ကို စခဲ့ပါတယ်။
ကုန်သွယ်ရေး ဆိုင်ရာ အစီအစဉ်တွေကို ပြန်စဖို့ ၂ နိုင်ငံစလုံးက ပြန်လည်သဘောတူညီခဲ့ပြီး မြန်မာပြည်ကို တရုတ်ပြည်က စီးပွားရေး ထောက်ပံမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ တရုတ်ပြည်က ပိုပြီးပွင့်လင်းတဲ့ နိုင်ငံခြားရေးဝါဒ ကိုကျင့်သုံးလာပြီး တရုတ်နဲ့ မြန်မာဆက်ဆံရေး ပြန်လည်ကောင်းမွန်တိုးတက် လာခဲ့ပါတယ်။
ဒါပေမဲ့လည်း တရုတ်ပြည်က အထောက်အပံပေးထားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကြာ အထိ ဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။

Credit-မိုးစွန်ကြယ် (Y.I.T)
သြဂုတ် ၂၁ ရက် ၂ဝ၁၉၁၉၆၇ တရုတ် ဗမာ အရေးအခင်း အကြောင်း တစေ့တစောင်း
========================================
မြန်မာပြည်မှာ လူမျိုးမတူမှု ဘာသာမတူမှု ခံယူချက်မတူမှု အစရှိတဲ့ အကြောင်းရင်းများ ကို အခြေပြုပြီး ပဋိပက္ခများ အစဉ်အဆက် ပေါက်ဖွားခဲ့တဲ့ အနက် ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ် ဗမာ အရေးအခင်းဟာလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။

ဒီလို ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို သင်ခန်းစာယူပြီး နောင်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်ဖို့ အတွက်လည်း အဲ့ဒီလို အဖြစ်အပျက်တွေကို
မြန်မာသမိုင်းတလျောက် မှန်မှန်ကန်ကန် တရားဝင်မှတ်တမ်းတင်မှု ပြည်သူလူထုကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ပညာပေးမှု တွေဟာလည်း အားနည်းလွန်းတဲ့အတွက် ပဋိပက္ခတွေဟာ တမျိုးပြီးတမျိုး ဆက်တိုက် ပေါက်ဖွားခဲ့ရတာပဲဖြစ်ပါတယ်။

ယခုတင်ပြမဲ့ တရုတ်ဗမာ အရေးအခင်းလို့ လူသိများတဲ့ အရေးအခင်းဟာ တကယ်တော့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်တွင်းက တရုတ်အမျိုးသားများနဲ့ ဗမာ များအကြား ရက်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်း တစ်ခုဖြစ်ပါတယ်။

နောက်ခံအခြေအနေများ
—————————
( တရုတ် ဗမာ ဆက်ဆံရေး ၁၉၄၉-၁၉၅၃ )

တရုတ်-မြန်မာဆက်ဆံရေးဟာ အစပိုင်းမှာ ကောင်းမွန်ခဲ့ပါတယ်။ ကူမင်တန် အစိုးရနဲ့ တရုတ်ပြည် ကွန်မြူနစ် ပါတီအကြား ဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်တွင်းစစ်အပြီး ၁၉၄၉ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ရယ်လို့ ထူထောင်ခြဲု့ပီးချိန်က စလို့ တရုတ်ပြည်ကို စတင်အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတွေအနက် ကွန်မြူနစ် မဟုတ်တဲ့ နိုင်ငံဆိုလို့ မြန်မာ တစ်နိုင်ငံပဲ ကနဦးပါဝင်ခဲ့တာဖြစ်ပါတယ်။
ဆုတ်ခွာလာတဲ့ ကူမင်တန် တပ်တွေကို မြန်မာဖက်က တိုက်ထုတ်ခဲ့ပေးခဲ့သလို၊ မြန်မာနဲ့ တရုတ် ဟာ နယ်စပ်အငြင်းပွားမှု ပြသနာကို မကျူးကျော်ရေးစာချုပ် ချုပ်ဆိုပြီး ဖြေရှင်းနိုင်ခဲ့ပါတယ်၊။
အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေး ရကာစ မြန်မာဟာ ဦးနု အစိုးရ လက်ထက်မှာ ပြည်ပစွက်ဖက်မှု အထူးသဖြင့် တရုတ်ပြည်ရဲ့ စွက်ဖက်မှုကို တတ်နိုင်သမျှ လျော့ချနိုင်ဖို့ ဘက်မလိုက်မှုဝါဒကို ချမှတ်ခဲ့ပါတယ်။

(ဆွေမျိုးပေါက်ဖေါ် ကာလ ၁၉၅၄-၁၉၆၆)

မြန်မာနဲ့ တရုတ်ဟာ ၁၉၅၄ မှာ ဆွေမျိုးပေါက်ဖေါ် မူဝါဒ ကို ချမှတ်ပြီး အပြန်အလှန် ဆက်ဆံခဲ့ပါတယ်။ စစ်အေးကာလ အတွင်း နှစ်နိုင်ငံအကြား နွေးထွေး တိုးတက်တဲ့ ဆက်ဆံရေး ကို ရရှိခဲ့တဲ့ အချိန်ကာလတွေပဲ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာပြည်တွင်း ကွန်မြူနစ်သူပုန်ထမှုရယ်၊ ကိုရီးယားစစ်ပွဲ အပေါ် မြန်မာရဲ့ ရပ်တည်ချက်တွေဟာ တရုတ်နဲ့ မြန်မာအကြား နဂိုရှိခဲ့တဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေ ဖြစ်လာစေခဲ့ပါတယ်။
တရုတ်ပြည် အတွက်ကတော့ အနောက်အုပ်စုနဲ့ ဆက်ဆံရေး အတွက် မြန်မာကို ကြားခံနိုင်ငံတစ်ခု အဖြစ် ရှုမြင်ထားပါတယ်။
၁၉၅၄ ခုနှစ် ချူအင်လိုင်း မြန်မာပြည် ပထမဦးဆုံး ခရီးစဉ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမှု ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။
သိပ်မကြာခင်မှာပဲ ၁၉၅၄ နိုဝင်္ဘာမှာ ဦးနု ဟာ ပေကျင်း ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။
ဥပမာ အနေနဲ့ ကိုးရီးယား စစ်ပွဲကြောင့် မြန်မာဆန်တင်ပို့ ဖို့ အခက်အခဲ ရှိနေတဲ့ ကာလတွေမှာ တရုတ်ပြည်နဲ့ ကုန်သွယ်ရေး သဘောတူညီခဲ့တာဖြစ်ပါတယ်။

ဒီကာလဟာ တရုတ်ပြည်မှာ ကွန်မြူနစ်ဝါဒ လျမ်းလျမ်းတောက်ဖြစ်နေပြီး ပြည်တွင်းရော ပြည်ပမှာပါရှိတဲ့ တရုတ်လူမျိုးတွေ ဟာ မော်စီတုံးရဲ့ဦးဆောင်မှုကို တခဲနက်ထောက်ခံအားပေးနေတဲ့ အချိန်လည်းဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်ပြည် ပြင်ပမှာမွေးတဲ့ တရုတ်လူမျိုးတွေ အနေနဲ့ ပြည်ပမှာ ကွန်မြူနစ်ပါတီထူထောင်ခြင်း မပြုလုပ်ဖို့ ဥပဒေဘောင်အတွင်းမှာပဲ နေထိုင်ကြဖို့ မော်စီတုံး ဟာအစက အခိုင်အမာပြောကြားပြီး အာမခံခဲ့ပါတယ်။
မော်စီတုံးရဲ့ အဲဒီ ကတိကို ၁၉၅၄ ဒီဇင်ဘာမှာ အဲ့ဒီအချိန်က တရုတ်ပြည်ရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ချူအင်လိုင်း မြန်မာပြည် ခရီးစဉ်မှာ တရုတ်-မြန်မာ ပြန်တမ်းထုတ်ပြန်ပြီး တရားဝင်ဖြစ်စေခဲ့ပါတယ်။
မြန်မာပြည်ဖွား တရုတ်လူမျိုးများ အနေနဲ့ ပြည်ပရောက် တရုတ်အမျိုးသားတွေ ဖွဲ့စည်းတဲ့ အဖွဲ့အစည်း ဘယ် အဖွဲ့အစည်းမှာမှ ပူးပေါင်းပါဝင်မှု မပြုလုပ်ဖို့ တရုတ်နိုင်ငံသား တရုတ်တွေ အနေနဲ့လည်း မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက် မစွက်ဖက်ဖို့ ချူအင်လိုင်းက ပြောကြားခဲ့ပါတယ်။

အဲ့ဒီအချိန်က တရုတ် မြန်မာ ဆက်ဆံ ရေးအကြားမှာ ရှိနေတဲ့ ပြသနာတွေကတော့
– မြန်မာပြည်တွင်းမှာ ကူမင်တန်တွေ ခိုအောင်းနေမှု
– နယ်စပ်မျဉ်း သတ်မှတ်တဲ့ ပြသနာနဲ့
– မြန်မာပြည်ကွန်မြူနစ်ပါတီ ရဲ့ လှုပ်ရှားမှု အရေး ပဲဖြစ်ပါတယ်။

( ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေ -၁၉၆၂ )

၁၉၆၂ ခုနှစ်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး နောက်မှာလည်း မြန်မာနဲ့ တရုတ် အကြား ဆက်ဆံရေး အခြေအနေတည်ငြိမ်လျက် ရှိနေပါသေးတယ်။
မြန်မာအစိုးရသစ်ဟာ ဘက်မလိုက်ပဲ ကြားနေ အပြုသဘောဆောင်တဲ့ မူဝါဒကို ဆက်လက်စွဲကိုင်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ၂ ရက်အကြာမှာပဲ မြန်မာအစိုးရသစ်ကို တရုတ်ပြည်က အသိအမှတ်ပြုခဲ့ပါတယ်။
အာဏာသိမ်းပြီး ၂ လအကြာမှာတော့ တော်လှန်ရေးကောင်စီဟာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ကို ချမှတ်ခဲ့ပြီး လူမှုစီးပွားရေးအခြေခံအုတ်မြစ် အသစ်ကို ချခဲ့ပါတယ်၊
ဒီနောက် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာတော့ တော်လှန်ရေးကောင်စီဟာ မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ပါတီ ကို တည်ထောင်ခဲ့ပြီး မြန်မာပြည်မှာ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး ကို စတင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ အမျိုးသားရေး ဝါဒကို စန်းတင်လာတဲ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အစိုးရဟာ နိုင်ငံခြားသားတွေ လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။
ဒီလို ပြည်သူပိုင်သိမ်းခဲ့တဲ့ အတွက် တရုတ်ပိုင် ဆိုင်ခန်းပေါင်း ၆၇ဝဝ ကျော်နဲ့က အတူ ပေကျင်း အခြေစိုက် ဘဏ်တွေ၊ တရုတ် ကျောင်းတွေနဲ့ နိုင်ငံခြားဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာတွေပါ ထိခိုက်ခဲ့ပါတယ်။
ဒီလို ထိခိုက်ခဲ့ပေမဲ့လည်း တရုတ်ပြည် အနေနဲ့ မြန်မာ့စီးပွားရေး စီမံကိန်းတွေကို ဆက်လက် အထောက်အပံ့ပေးနေဆဲ ဖြစ်ပါတယ်။
၁၉၆၄ဇူလိုင် မှာ ဗိုလ်ချုပ်နေဝင်းကို အာဏာသိမ်းဖို့ ကြိုးပမ်းမှု တစ်ရပ်ကို လည်း တရုတ်အစိုးရက ကြိုသတင်းပေးခဲ့ပါတယ်။ ချူအင်လိုင်းကိုယ်တိုင် မြန်မာပြည်ကို လျှို့ဝှက်ခရီးစဉ်တစ်ရပ် ပြုလုပ်ခဲ့ပြီး နေဝင်းအစိုးရကို ထောက်ခံအားပေးခဲ့ပါတယ်။

ဒါပေမဲ့ ဗီယက်နမ် စစ်ပွဲကာလမှာ မြန်မာအစိုးရဟာ အမေရိကန်ကို ဆန့်ကျင်တဲ့ဖက်မှာ မရပ်တည်ခဲ့တဲ့ အတွက် တရုတ်အစိုးရ ဟာ မြန်မာကို စိတ်ပျက်ခဲ့ပါတယ်။
ဒီအပြင် အိန္ဒိယ အစိုးရကို ဆန့်ကျင်တဲ့ မီဇို သူပုန်တွေကို မြန်မာပြည်တွင်း မှာ စစ်သင်တန်းပို့ချခွင့် ပြုဖို့ ကို ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်လို့ လည်း တရုတ်က ထပ်ပြီး စိတ်ကွက်ခဲ့ပါတယ်။
ဒါတင်မက ဦးနေဝင်းဟာ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ အိန္ဒိယ၊ ဆိုဗီယက် ယူနီယံ၊ ပါကစ္စတန်၊ ချက်ကိုစလိုဗါးကီးယား၊ ထိုင်း နဲ့ ဂျပန်တို့ကို ဦးနေဝင်း ကိုယ်တိုင်သွားရုံမက၊ ၁၉၆၆ မှာ အမေရိကန်ပြည်ထောင်စုကို သွားခဲ့ပါတယ်။
တရုတ်ပြည်က နည်းပညာ အကူအညီ ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ လည်း မြန်မာ ဖက်ကငြင်းခဲ့ပြီး ဆိုဗီယက်ယူနီယံ ဆီက နည်းပညာ အကူအညီကို ရယူခဲ့ပါတယ်။
ဒါတွေဟာ မြန်မာပြည် ကို စီးပွားရေးနဲ့ နိုင်ငံရေးအရ လွှမ်းမိုးချင်တဲ့ တရုတ်ဖက်က ကြည့်ရင် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးတော့ တရုတ်ပြည်က လက်တုံ့ပြန်တဲ့ အနေနဲ့ မြန်မာပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးလုပ်ဖို့ လှုံ့ဆော်ခဲ့ပြီး ဗမာ့ကွန်မြူနစ်ပါတီကို ထောက်ခံအားပေးခဲ့ပါတော့တယ်။

ယဉ်ကျေးမှု တော်လှန်ရေး ပျံ့နှံ့လာခြင်း
———————————————-
၁၉၆၆ မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရဟာ သူတို့ ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကို အားပေးထောက်ခံဖို့ မြန်မာပြည်ဖွား တရုတ်လူမျိုးများကို တိုက်တွန်းခဲ့ပါတယ်။
ဒီတိုက်တွန်းမှု အဓိက သက်ရောက်မှု ရှိစေခဲ့တာက မြန်မာပြည်တွင်းမှာ ရှိတဲ့ တရုတ် စာသင်ကျောင်းတွေပဲဖြစ်ပါတယ်။

တကယ်တော့ ၁၉၅၂ ခုနှစ်အစောပိုင်းကတည်းက မြန်မာအစိုးရအနေနဲ့ ဗမာပြည်တွင်းရှိ တရုတ်ကျောင်းအားလုံးကို ပုဂ္ဂလိက စာသင်ကျောင်းများမှတ်ပုံတင်ရေး ဥပဒေအရ မှတ်ပုံတင်ဖို့ အမိန့်ထုတ်ခဲ့ပေမဲ့ ကျောင်းတစ်ချို့ပဲ မှတ်ပုံတင်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ် မှာ မြန်မာပြည်မှာ တရုတ်ကျောင်း ၂၅၉ ကျောင်းရှိတဲ့ အနက် ၇ဝ ရာခိုင်နှုန်းဖြစ်တဲ့ ၁၈၃ ကျောင်းက တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို ထောက်ခံ ကြောင်းကြေငြာခဲ့ ပါတယ်။
မြန်မာ အစိုးရက ကျောင်းသား အယောက် ၂ဝ ထက်ပိုတဲ့ စာသင်ကျောင်းတွေကို ပုဂ္ဂလိက စာသင်ကျောင်း ဥပဒေအသစ်ချမှတ်ပြီး မှတ်ပုံတင်ဖို့ ၁၉၆၃ ခုနှစ်မှာ ဥပဒေထုတ်ခဲ့ပါတယ်။
၁၉၆၅ ခုနှစ်မှာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ ပုဂ္ဂလိက ကျောင်းတွေ အားလုံးကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံသား မှတ်ပုံတင် မရှိတဲ့ တရုတ်ကျောင်းဆရာတွေကို အလုပ်ဖြုတ်ခဲ့ပါတယ်။
ကျောင်းသားတွေကို ဗိုလ်ချုပ်အောင်ဆန်းပုံ မြန်မာနိုင်ငံ အထိမ်းအမှတ် အမှတ်အသားမှ အပ တခြား နိုင်ငံတွေရဲ့ နိုင်ငံရေး သင်္ကေတတွေ မချိတ်ဆွဲဖို့ တားမြစ်ခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ကျောင်း ၄၇ဝ ကကျောင်းသားတွေဟာ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ တရုတ်ကျောင်း ၂ဝဝ လောက်ကတော့ ဒီကိစ္စမှာ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

အဓိကရုဏ်း ဖြစ်ပွားခြင်း ( ၁၉၆၇ ဇွန်လ ၂၆ ရက်)
———————————————————-
တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကို ထောက်ခံတာကို ပြတဲ့အနေနဲ့ မြန်မာပြည်တွင်းမှာ ရှိတဲ့ တရုတ်ကျောင်းသားတွေ ဟာ မြန်မာအစိုးရက တားနေတဲ့ ကြားထဲက ရန်ကုန်မှာ ရှိတဲ့ တရုတ်သံရုံးရဲ့ အားပေးမှု နဲ့မော်စီတုံး ပုံ ရင်ထိုးတွေကို ရင်ဘတ်မှာ ချိတ်ဆွဲခဲ့ပါတယ်။

၁၉၆၇ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ တော့ ယခင် တရုတ်မိန်းခလေး အလယ်တန်းကျောင်းလို့ ခေါ်တဲ့ အမှတ် (၃) အခြေခံပညာကျောင်း မှာ မော်စီတုံးတံဆိပ် တပ်တဲ့ တရုတ်ကျောင်းသားတွေနဲ့ ဒါကိုတားမြစ်တဲ့ ဗမာဆရာမတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါတင်မက ဇုံကျန်း အလယ်တန်းကျောင်း အနီးမှာလည်း အလားတူ ပြသနာမျိုးဖြစ်ပွားခဲ့တဲ့ အတွက် ရဲ တပ်ဖွဲ့ကဝင်ရောက်နှိမ်နင်းခဲ့ပါတယ်။ နန်ယန်၊ ဟွာကျုံး(နောက်ပိုင်း ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ) အစရှိတဲ့ တရုတ်ကျောင်းတွေက ကျောင်းသားတွေ ဟာ မော်စီတုံး ပုံရင်ထိုးတွေကို ချိတ်ဆွဲခဲ့ပြီး ယဉ်ကျေးမှု တော်လှန်ရေးကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။
အဲ့ဒီနေ့မှာပဲ ဆင်ဝှာ သတင်းဌာန က သတင်းထောက် ယူမင်းရှန်နဲ့ တရုတ်သံရုံးက တပ်နီ တွေကလည်း မော်စီတုံးတံဆိပ်တွေနဲ့ အတူ စာအုပ်နီ အသေးလေးတွေကို တရုတ်ကျောင်းသားတွေ အကြားဖြန့်ဝေခဲ့ပါတယ်။

ဒီပဋိပက္ခ အတွင်း မှာ ကောလဟာလ မျိုးစုံ ပြန့်ပွားခဲ့ပါတယ်။ မြန်မာပြည်မှာ ဆန်အကျပ်အတည်း ဖြစ်နေတဲ့ အချိန်မှာ တရုတ်ကုန်သည်တွေက ဆန်ဈေးကိုမြှင့်တင်နေတယ် ဈေးကစားနေတယ် အစရှိတဲ့ ကောလဟာလ တွေတင်မက
“တရုတ် ကျောင်းသားတွေက ဆရာမ ၂ ယောက်ကို မုဒိန်းကျင့်ပြီး သတ်လိုက်ပြီ” အစရှိတဲ့ ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့ပါတယ်။ (Madera Tribune, Volumn 76 Number34, 30June1967)
၁၉၆၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ပြည်ပရောက်တရုတ် အမျိုးသား အလယ်တန်းကျောင်း၊ တရုတ် ဆရာများအသင်း၊ Irrawaddy River Glee ကလပ်၊ တရုတ်စာရေးများအသင်း၊ တရုတ်သံရုံး နဲ့ တခြား တရုတ်လူမျိုးများနှင့် ပတ်သက်သည့် အသင်းအဖွဲ့များကို ဗမာ များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
ဇွန်လ ၂၇ ရက်နေ့မှာ ဂုံနီစက်၊ ချည်စက် အစရှိတဲ့ စက်ရုံအလုပ်သမားတွေ အပါအဝင် ကောလဟာလ တွေကြောင့် ဒေါသထွက်နေတဲ့ အုံကြွလာသော ဗမာလူအုပ်ကြီးက ဆင်ဝှာ သတင်းဌာန ရုံးခန်း၊ တရုတ်လေကြောင်းအုပ်ချုပ်ရေးရုံး နဲ့ တရုတ် စီးပွားရေးနဲ့ ဘဏ္ဍာရေး ကောင်စစ်ဝန်ရုံး တွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။
ဆက်လက်ပြီး တရုတ်ကျောင်း ၉ ကျောင်းကို လည်း အစိုးရက ပိတ်ခဲ့ပါတယ်။
ဇွန်လ ၂၈ ရက်နေ့ သံရုံး အကြမ်းဖက် တိုက်ခိုက်ခံရမှု မှာ တရုတ် အကူအညီပေးရေး နည်းပညာရှင် တစ်ဦးဖြစ်တဲ့ လျူရီ သေဆုံးခဲ့သလို သံတမန်အများအပြား ဒဏ်ရာရခဲ့ပါတယ်။
တရုတ်လူမျိုးများ ပိုင်ဆိုင်တဲ့ မိတ်ကပ် အလှပြင်ခန်းများ၊ ရုပ်ရှင်ရုံများ၊ ဆိုင်များ၊ စားသောက်ဆိုင်များစွာလည်း မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။
ရန်ကုန်မြို့ တရုတ်တန်း လမ်းမတော် လသာ တဝိုက် အကြမ်းဖက်တိုက်ခိုက်မှု ကို ဆိုးရွားစွာ ခံခဲ့ရပြီး၊ တိုက်ခန်းများပေါ်မှ ခုန်ချ ထွက်ပြေးသူများ၊ မိမိကိုယ်ကို ဓါတ်ဆီလောင်းမီးရှို့သတ်သေ သူများလည်း ရှိခဲ့ပါတယ်။

ဒီအကြောင်းအရာ နဲ့ပတ်သက်ပြီး ၂၀၁၇ ဇွန်လ ၂၇ ရက်နေ့က ထုတ်လွှင့်တဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်တဲ့ အင်တာဗျူး အစီအစဉ်မှာ

“လမ်းမတော် နဲ့ ကျွန်တော်တို့ကနီးတယ်လေ…. အဲ့ဒီနေ့ည ၁ဝ နာရီလောက်က စပြီးတော့ သံဈေးနားမှာ ပြသနာတွေ တက်တာ…. တဝုန်းဝုန်း .. တရုံးရုံးနဲ့ ဖြစ်ကြတာ …. တရုတ်တွေနဲ့ ဗမာတွေနဲ့ အဲ့ဒီကစတာပဲလေ……
၎ထပ်တိုက်ပေါ်မှာ နေပြီးတော့ မော်စီ ဝမ်ဆွေ့ မော်စီ ဝမ်ဆွေ ဆိုပြီးတော့ တရုတ်မလေးတွေ ရော တရုတ်လေးတွေ ရောလေ… စစ်တပ်ကလည်းရှိတယ် ….စစ်တပ်က.. သူတို့ကတော့ ဘာမှတာ့ တက်မလုပ်ဘူး… အဲ့ဒီလမ်းမတော် ဘူတာကို မီးရထား ဆိုက်လာတယ်…..
ကျွန်တော်တို့ မျက်စိရှေ့တင်ပဲ … ဂုံနီစက်တို့ ချည်စက်တို့က အလုပ်သမားတွေဆိုပြီး …. လူတွေ အများကြီးလိုက်လာတယ်…. ဆန်အိတ်တွေကို ဖေါက်တဲ့ သူ ဂေါက်ကြီးတွေနဲ့ ပေါ့….. အဲတာတွေနဲ့ သူတို့ အပေါ်ကို တက်ပြီး တရုတ်မလေးတွေ တရုတ်လေးတွေကို သတ်တာ… ငါတို့ ရှေ့တင်ပဲ အလောင်းတွေ လမ်းပေါ်ကို ကျလာတယ်လေ…

“နောက်တစ်ခါကျတော့ တရုတ်သံအမတ်ကြီးရဲ့ ကားမောင်းတဲ့လူပေါ့ နိုင်ငံခြားရေးရုံးထဲကို ဝင်လာပြီးတော့ တော်တော်ဆူဆူပူပူလုပ်တယ်……ငါတို့လူငယ်တွေက တော်တော်မခံချင်…စိတ်ဓါတ်နဲ့ သူ့ကို အော်ကြဆဲကြပြုကြ ဆိုတော့ အဲ့ဒီအချိန်မှာ ကျလို့ရှိရင် တရုတ်သံရုံးကို အဲ့ဒီ အလုပ်သမတွေက ဝင်ပြီးတော့ စီးရော .. အဲ့ဒီမှာ Technition တွေပေါ့ .. အဲ့ဒီသူတို့ လာပြီးတော့ လုပ်အားပေးနေတဲ့ လူတစ်ယောက်သေသွားတယ်… တရုတ်သံရုံးကလည်း သေနတ်တွေ ဘာတွေနဲ့ပြန်ပစ်တယ် ဘာဖြစ်တယ်ဆိုတော့ …
နိုင်ငံခြားရေးရုံးမှာ အရာရှိကြီး ဦးဘချစ်ဆိုတာရှိတယ်…..အဲ့ဦးဘချစ်ကတော့ ပင်စင်ယူနေတယ်ပေါ့… ဦးဘချစ်သွားခေါ် ….ဦးဘချစ်သွားခေါ်ဆိုတော့….အန်ကယ်တို့ ကိုယ်တိုင်ပဲ ဦးဘချစ်သွားခေါ်ပြီး အဲ့ဒီတရုတ်သံရုံးက သေနတ်နဲ့ ပစ်နေတဲ့ ဥစ္စာကို သံတမန်နည်းလမ်းအရ ဘယ်လိုလုပ်မလည်းဆိုပြီးတော့ လူကြီးတွေတိုင်ပင်တယ်…. နောက်တော့ တရုတ်တွေကလည်း ထပ်ပြီးတော့ ပစ်တာခတ်တာတော့ မလုပ်တော့ဘူး… အဲဒီမှာ တော်တော်လေး ပြသနာကြီးကြီးကျယ်ကျယ် ဖြစ်ပြီးတော့ …..နောက်ပိုင်းမှာ တရုတ် ဘုံကျောင်းတို့ဘာတို့က တော်တော်လေးကို အဖမ်းခံရတယ်…
(ဦးခင်မောင်ကြည် – အရေးအခင်းဖြစ်စဉ်က ရန်ကုန်နိုင်ငံခြားရေးရုံးက သံတမန်တဦး)

ကျွန်တော် ဟွာကျုံးမှာ နေတော့ ဟွာကျုံးက တရုတ်ကျောင်းကြီးလေ ….. အဲ့ဒီမှာ…စာအုပ်အနီလေးတွေကိုင်ပြီး သူတို့ ဆန္ဒပြကြတယ်… ကောလဟာကတွေ ပေါ့လေ .. ဟုတ်လားမသိဘူး …. ရန်ကုန် အနောက်ပိုင်း တရုတ်တန်းမှာဖြင့် ဘာဖြစ်တယ် ညာဖြစ်တယ် ကြားကတည်းက နေပြီး တဖြည်းဖြည်း တဖြည်းဖြည်း…ဆူလာတာပေါ့…ဘယ်သူတွေ ဘယ်ဝါတွေကို တရုတ်ကသတ်လိုက်တယ် ဗမာက သတ်လိုက်တယ်ပေါ့လေ …
အပြန်အလှန် ဖြစ်ပြီးတော့…… လူတွေလည်းဒေါသထွက်ပြီးတော့ လမ်းပေါ်ဆင်းကြတယ်ပေါ့… လမ်းထိပ်မှာ ဆန္ဒပြတဲ့သူတွေ မဝင်လာအောင်ဆိုပြီးတော့ ….လမ်းထိပ်တွေမှာ တရုတ်မရှိပေါ့လေ ဒီလမ်းမှာ တရုတ်ကို ရှင်းပြီး .. ဘာညာဆိုပြီးတော့…ဆိုင်းဘုတ်တွေ ထောင်ထားကြတယ်ပေါ့လေ… ကျွန်တော်မှတ်မိတဲ့ ဟာ တစ်ခုကတော့ တရုတ်သံရုံးကို ဗမာတွေက ဝင်ဖို့ကြိုးစားတယ်ပေါ့လေ.. တရုတ်သံရုံးရဲ့ ခေါင်းရင်းဖက် အရှေ့ဖက်မှာက ကွက်လပ်ကြီးတစ်ခုရှိတယ်..
ကွက်လပ်မှာ အုတ်ခဲတွေ ပုံထားတယ် ..ဗမာတွေက အဲ့ဒီဖက်ကနေပြီးတော့ သံရုံးထဲကို ဝင်ဖို့ကြိုးစားတယ်.. တယောက်က သံရုံးထဲကိုရောက်သွားတယ် ..ရောက်သွားပြီးတော့….xxxxxxx တက်တော့…….နောက်ကျ တော့ ကျွန်တော်တို့ဖက်မှာကလည်း အဲ့ဒီ စောင့်ကြည့်နေတဲ့သူ ခလေးဆေးရုံကြီးရှေ့မှာပေါ့လေ အစိတ် သုံးဆယ်လောက်ရှိတယ် …. အဲ့ဒီ ထက်ဖက်ကိုသေနတ်သံ တစ်ချက်ကြားလိုက်တယ်ပေါ့လေ…
ကျွန်တော့်ဘေးက ကျွန်တော့ သူငယ်ချင်းက နည်းနည်းသူက အတွေ့ အကြုံရှိတယ် …. အဲ့ဒီခေါင်းမှောက်ထား မှောက်ထား မှောက်ထားဆိုပြီး ကျွန်တော်မှောက်ထားတော့ ……….. အုတ်ခဲတလုံးကိုခေါင်းစိုက်ပြီးတော့ မှောက်ထားတာပေါ့လေ…ကြောက်တပေါ့… ခေါင်းကလည်းပူလာတာပေါ့…..အုတ်ခဲကိုထိလိုက်မလား ဘာညာပေါ့….ပြေးတော့..ပြေးတော့ ..ပြေးတော့.. ဆိုတော့… ထပြေးတော့.. ပုဏ္ဍရိတ် အတန်းလေး တစ်တန်းတွေ့တယ် …..
တွေ့တဲ့အခါကျတော့…. ဒီလို..ဘွားကနဲ လူတစ်ယောက်ကိုတွေ့တော့ … အဲ့ဒီလူကပါးစပ်က ၃ ပေါက်ဖြစ်နေတယ်….ပါးတစ်ချက်ကနေပြီး သေနတ် ဝင်သွားပြီး ဟိုဖက်ကထွက်သွားတာပေါ့လေ … သွေးအများကြီးကျနေတာ… သူ့လည်းဘာမှ မလုပ်နိုင်ဘူး… သူကလည်းပြေး… ကိုယ်ကလည်းပြေးပေါ့လေ…”
(စာရေးဆရာ ချစ်စံဝင်း)

“အဲ့ဒီတော့ တို့ ဗမာပြည်မှာက ဘာဖြစ်နေလည်းဆိုတော့ …. ဆန်ဈေးတွေ တအားခေါင်ခိုက်ပြီးတော့လေ …ဆင်းရဲသားပြည်သူတွေမှာ ဆန်ဝယ်မစားနိုင်ပဲ နဲ့ ဒုက္ခတွေဖြစ်နေတယ်…..အဲ့ဒီအချိန်မှာ ..နော့..ဆန်နဲ့ ပတ်သက်ပြီးတော့ မှ မကြေနပ်မှုတွေက စနစ်တံလေးတစ်ခုလို ပေါက်ပွားလာတယ်….အဲ့ဒီအချိန်မှာပဲ စာအုပ်အနီလေးတွေ ပေါ်လာတယ်နော် … အဲ့ဒါတွေကို ဆန့်ကျင်ရေးဆိုပြီးတော့ လုပ်တဲ့အခါကျတော့ နော် … ဆန္ဒပြပွဲတွေဘာတွေ ဖြစ်ပြီး ရိုက်ဟယ်သတ်ဟယ် ဖိဟယ်နဲ့ ဒဏ်ရာတွေဘာတွေရ ဘာညာဘာညာ အဲဒါမျိုးတွေလည်းဖြစ်တော့..
ဆေးရုံတွေမှာကို လူတွေ တော်တော်များများရောက်ကုန်တယ်….. အဲဒါက ဟိုဖက်ကလာတဲ့ ဂယက်ဆိုတာထက်ပေါ့နော် … ဒီမှာကလည်းပြသနာက ဆန်ပြသနာက ကြီးနေတော့ ဟိုဖက်မှာလည်းအဲဒါမျိုးဖြစ်တယ်…. ဒါမျိုးက ဖြစ်တတ်ပါတယ်နော့် … ၂ ဖက်မှာ ပြသနာတက်လာတဲ့ အခါကျတော့နော် … ကိုယ်ဖက်ကိုယ် လုံခြုံရေးအတွက်လုပ်ကြတဲ့ ဥစ္စာတွေကတော့ ထုံးစံလိုကို ဖြစ်နေခဲ့ပါတယ်…”
(ဆရာမောင်သစ်လွင်)

တချို့ တရုတ်အမျိုးသား များမှာ အကြမ်းဖက် တိုက်ခိုက်မှု ဘေးမှ လွတ်ကင်းဖို့ အိန္ဒိယ နွယ်ဖွားများ အပါအဝင် တခြားသူများ၏ အိမ်များတွင် ပုန်းအောင်းရှောင်ရှားခဲ့ကြရပါတယ်။
ဗမာ အများစု ရှိရာရပ်ကွက်များတွင် တရုတ်ရှင်းလင်းပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်များ တတ်ထားရသည် အထိ အကြမ်းဖက် တိုက်ခိုက်မှု ပြင်းထန်ခဲ့ပါတယ်။
တရားဝင်ထုတ်ပြန်ချက် အရ တရုတ် လူမျိုး ၃၁ ဦး သေဆုံးခဲ့ပြီး တခြား တရုတ်လူမျိုးများစွာမှာလည်း ဒဏ်ရာရသူရဖြစ်ခဲ့သလို ဖမ်းဆီးခံရသူလည်း အများအပြားရှိခဲ့ပါတယ်။

၁၉၆၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာတော့ ဗမာအစိုးရက စစ်အုပ်ချုပ်ရေး မာရှယ်လော ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

တရုတ်အစိုးရ တုံ့ပြန်မှု
————————-
၁၉၆၇ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဟန်ဥာဏ်လုံ က မြန်မာနိုင်ငံကို ဆန့်ကျင် သပိတ်မှောက်ကြောင်းစာကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ထံပေးပို့ခဲ့ပါတယ်။
ဒါတင်မက စာပါအကြောင်းအရာတွေကို လည်း တရုတ်ပြည် က ပြည်သူ့နေ့စဉ် သတင်းစာမှာ ထည့်သွင်းဖေါ်ပြစေခဲ့ပါတယ်။
ဆက်လက်ပြီး ဇွန်လ ၂၉ ရက်နေ့မှာ ရန်ကုန် မှာရှိတဲ့ တရုတ်သံမှုးက မြန်မာအစိုးရအား ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ နှင့် စပ်လျဉ်းပြီး အကြမ်းဖက်သူများအား အပစ်ပေးရန်၊ အကြမ်းဖက်ခံရသူများ၏ မိသားစုဝင်များအား နစ်နာကြေးပေးရန်၊ တရားဝင်ဝန်ချတောင်းပန်ရန်နှင့် မြန်မာပြည်ရှိ တရုတ်နိုင်ငံသားများနှင့် သံရုံးဝန်ထမ်းများ၏ လုံခြုံရေးကို တာဝန်ယူရန် တောင်းဆိုခဲ့ပါသည်။
အဲ့ဒီနေ့မှာပဲ ပီကင်းမှာ ရှိတဲ့ မြန်မာသံရုံး အရှေ့မှာ လူ ၂ သိန်းလောက် စုရုံးဆန္ဒပြခဲ့သလို၊ တရုတ် တပ်နီတွေက မြန်မာသံရုံးက မြန်မာအလံ နဲ့ မြန်မာနိုင်ငံ အမှတ်တံဆိပ်ကို ဖယ်ရှားခဲ့ပါတယ်။

ဆက်လက်ပြီး ၁၉၆၇ ခုနှစ် သြဂုတ်လကနေ အောက်တိုဘာလ အတွင်း တရုတ်အစိုးရ ဟာ မြန်မာ အစိုးရ နဲ့ တိုက်ရိုက်ဆက်ဆံမှု မလုပ်တော့ပဲ သတင်းစာတွေ ရေဒီယိုတွေက နေတဆင့်ပဲ ဆက်ဆံခဲ့ပါတယ်။
ဒါတင်မက ဒီ အရေးအခင်းကို မြန်မာအစိုးရဖက်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အတူတောက်လျောက်ဖိအားပေးခဲ့ပါတယ်။
၁၉၆၇ ဇွန်လ ကနေ ၁၉၇၀ နိုဝင်္ဘာလ အထိ ကာလတွေ အတွင်းမှာ တော့ တရုတ် စာနယ်ဇင်းနဲ့ မီဒီယာ တွေက ဗမာပြည်ကွန်မြူနစ်ပါတီကို ချီးကြူးတဲ့ ရေးသားချက်တွေကို တောက်လျောက်ဖေါ်ပြခဲ့ပါတယ်။
၁၉၆၈ ခုနှစ်မှာ တရုတ်နိုင်ငံခြားရေး ဌာနကို ချူအင်လိုင်း ကိုတိုင် ကိုင်တွယ်ခဲ့တယ်လို့ယူဆရပါတယ်။

အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လျူရီ အမှတ်တရ စုဝေးပွဲမှာ ဗမာ့ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ လက်ထောက်အထွေထွေ အတွင်းရေးမှုးက နေဝင်းအစိုးရကို ဖယ်ရှားဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီသတင်းကို တရုတ်နေ့စဉ် သတင်းစာနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ မူဝါဒကို ထင်ဟပ်ဖေါ်ပြတဲ့ မဂ္ဂဇင်းဖြစ်တဲ့ တရုတ်ပြည်ထုတ် အလံနီ မဂ္ဂဇင်းတွေမှာ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

တရုတ်ပြည်နဲ့ မြန်မာပြည် အကြား ခရီးသွားလာမှု တွေကိုလည်း ကန့်သတ်ခဲ့ပြီး၊ မြန်မာ သံဝန်ထမ်းတွေဟာ အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်လို့ တရုတ်ပြည်က သံသယ ရှိတဲ့အတွက် ၃ နှစ်အတွင်း မည်သည့် တရုတ် ထိပ်ပိုင်းအရာရှိမှ မြန်မာပြည်ကို လာရောက် အလည်အပတ်ပြုခြင်းကို ရန်တန့်ခဲ့ပါတယ်။

မြန်မာဖက်က တုံ့ပြန်မှု
————————–
မြန်မာ အစိုးရက တည်တည်ငြိမ်ငြိမ်ရှိဖို့ တောင်းဆိုခဲ့သလို တရုတ်အစိုးရရဲ့ တောင်းဆိုချက်တွေကိုလည်း ပယ်ချခဲ့ပါတယ်။ တရုတ်သံရုံး ဝန်ထမ်းတွေနဲ့ ပြည်ပရောက်တရုတ်အမျိုးသား လှုပ်ရှားမှုတွေကိုလည်း ထိမ်းချုပ်ခဲ့ပါတယ်။ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း၊ မြန်မာပြည်လုံးဆိုင်ရာ ငြိမ်းချမ်းရေး ကော်မတီ နဲ့ ပြည်သူ ဒီမိုကရက်တစ် လူငယ်အသင်း အစရှိတဲ့ တရုတ်နဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ခဲ့ပါတယ်။

တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း ပြန်ခေါ်ခဲ့ပါတယ်။ တရုတ်ရဲ့ မြန်မာပြည် စီးပွားရေး အထောက်အကူပြု စီမံကိန်း အပါအဝင် တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်အားလုံးကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
၁၉၆၇ အောက်တိုဘာ ၃၁ က စပြီး တရုတ်ပညာရှင်တွေ အတွက်နေထိုင်စရိတ် လစာတွေကို ရပ်တန့်ပြစ်ခဲ့ပါတယ်။ ဆင်ဝှာ သတင်းထောက်တွေကို ပြည်နှင်ဒဏ်ပေးခဲ့သလို သတင်းဌာနရုံးကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။
ဒါတင်မက မြန်မာပြည်တွင်းက ကွန်မြူနစ်ဝါဒ ကိုလက်ခံသူတွေကို ဖမ်းဆီးခဲ့ပါတယ်။

“တရုတ်ဗမာအရေးအခင်းကို အခြေခံပြီး မြန်မာအစိုးရက တရုတ်အစိုးရ လိုလားတယ်လို့ ယူဆရတဲ့ (နံမည်ကြီး မြန်မာပိုင်) လူထု သတင်းစာကို တက္ကသိုလ်ကျောင်းသား ဆိုသူတွေက ဖျက်ဆီးဖို့ စုဝေးခဲ့ပါတယ်။ စစ်တပ်က အချိန်မှီ ထိန်းသိမ်းခဲ့လို့ ပြန်လှည့်သွား ခဲ့တယ်လို သတင်းစာ ထုတ်ဝေသူတွေရဲ့ သမီးကြီး ဒေါက်တာ သန်းရင်မာ ကပြောပါတယ်။
(ဘိုဘို – ဘီဘီစီ မြန်မာပိုင်း – နှစ် ၅၀ ကျော်က လူထု) – ၂၀၁၇ ဇူလိုင် ၆

ဒီအရေးအခင်းကို အကြောင်းပြုပြီး ဗမာ အမျိုးသားရေး အစွန်းရောက်ဝါဒ နဲ့ အတူ နေဝင်း ဟာ မြန်မာပြည်မှာ ရေပန်းစားလာခဲ့ပါတယ်။

အကြောင်းတရားများ
————————-
၁၉၆၈ ခုနှစ်က စလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ကွန်မြူနစ် အစွန်းရောက်ဝါဒီ များရဲ့ ထိမ်းချုပ်မှု ကိုခံခဲ့ရတယ်လို့ ချူအင်လိုင်းက ၁၉၇၁ ခုနှစ်မှာ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
ဒီလို ထိန်းချုပ်ခံရတဲ့အတွက် တရုတ် သံရုံးတွေနဲ့ ပြည်ပရောက် တရုတ်လူမျိုးတွေကို အသုံးချပြီး အခြားတိုင်းပြည်တွေမှာ ယဉ်ကျေးမှုတော်လှန်ရေးကို ဝါဒ ဖြန့်ချိခဲ့ကြပါတယ်။
ဒီကနေ ပြည်ပရောက်တရုတ်မိသားစုတွေ နဲ့ ပတ်သက်ပြီး အဓိကရုဏ်းတွေ ဖြစ်ခဲ့ကြတယ်။
နောက်ပြီး မြန်မာဟာ ကွန်မြူနစ်ဝါဒကို ကျင့်သုံးမယ် ဒါမှမဟတ် အနည်းဆုံးတရုတ်နိုင်ငံခြားရေး မူဝါဒကို ထောက်ခံအားပေးလိမ့်မယ်လို့ တရုတ်ဖက်က လွဲမှားစွာ ယူဆခဲ့တဲ့အချက်လည်းပါပါတယ်။

မြန်မာပြည်မှာ အကြမ်းဖက်တိုက်ခိုက်မှု တွေကို ဖြစ်စေခဲ့တဲ့အကြောင်းရင်းတွေကတော့၊ အဲဒီအချိန်မှာ မြန်မာ့စီးပွားရေး ကျဆင်းနေတာရယ်၊ ၁၉၆၇ ခုနှစ် ဆန်ထုတ်လုပ်မှု အကြပ်အတည်းရယ်၊ ပြည်တွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်နေမှုတွေအပြင် ဇီနိုဖိုးဖစ်လို့ ခေါ်တဲ့ မိမိနဲ့ မတူတဲ့ သူတွေအပေါ် စိုးရိမ်ပူပမ်မှု မယုံမကြည်ဖြစ်မှုတွေ များလာတဲ့ ရပ်ဝန်းတွေ များလာလို့ပဲဖြစ်ပါတယ်။
ပြည်သူပိုင်သိမ်းခြင်းကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေ တက်လာခဲ့တဲ့အပြင် ကုန်ပစ္စည်းတွေရှားပါးခြင်း မှောင်ခိုဈေးကွက်ကြီးထွားလားခြင်းတွေကြောင့် မကျေနပ်မှုတွေ များပြားနေတဲ့ အချက်တွေ က အဓိကရုဏ်း ဖြစ်ပွားဖို့အတွက် စေ့စော်ပေးတဲ့အချက်တွေ ဖြစ်ပါတယ်။

တရုတ် ကွန်မြူနစ် အစွန်းရောက်တွေရဲ့ ယဉ်ကျေးမှုတော်လှန်ရေး ကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခ ကို အဖက်ဖက်က အကြပ်ရိုက်နေတဲ့ အစိုးရအနေနဲ့ ထွက်ပေါက်တစ်ရပ် အဖြစ်ပိုင်နိုင်စွာ အသုံးချ နိုင်ခဲ့ပါတယ်။

အကျိုးဆက်များ
——————
ဒီအဓိကရုဏ်းကြောင့် အဓိက ထိခိုက်ခဲ့ရတဲ့သူတွေက မြန်မာပြည်တွင်းက တရုတ်အစုအဝေးပဲဖြစ်ပါတယ်။ သူတို့ တတွေရဲ့ အသက်အန္တရာယ်တွေ ချိန်းခြောက်ခံရသလို ပိုင်ဆိုင်မှုတွေဟာလည်း ဖျက်ဆီးခံခဲ့ရပါတယ်။
တရုတ်ပြည်မကြီး က သူတို့ကို ထိထိရောက်ရောက် အကူအညီမပေးဘူးလို့ခံစားရပြီး တရုတ်ပြည်ကို စိတ်ပျက်ခဲ့ကြပါတယ်။ တချို့တွေကတော့ တရုတ်ပြည်ကို ပြန်သွားခဲ့ပြီး၊
ကန်တုန် စကားပြော တရုတ် အများစုက တော့ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝန်၊ မလေးရှား၊ စင်္ကာပူနဲ့ အနောက်နိုင်ငံတွေကို ထွက်ပြေးခဲ့ကြရပါတယ်။ တချို့ တွေကတော့ ဥရောပ၊ အမေရိက နဲ့ သြစတြေးလျ နိုင်ငံတွေ ကို ပြောင်းရွေ့ခဲ့ကြပါတယ်
(The 1967 anti-Chinese riots in Burma and Sino-Burmese relations – Hongwei Fan)
အဓိကရုဏ်း အပြီးမှာ တရုတ်နိုင်ငံသား တရုတ်များ အပြင် မြန်မာနိုင်ငံသား တရုတ်များ စုစုပေါင်း ၄ သောင်းကနေ ၅ သောင်းလောက်ဟာ မြန်မာပြည်ကနေ ထွက်ပြီး မကာအိုမှာရှိတဲ့ ဒုက္ခသည် စခန်းတွေဆီကို ထွက်ပြေးကြပြီး အဲဒီမှာပဲ အခြေချ နေထိုင်ခဲ့ပါတယ်။
သူတို့ အခြေချ နေထိုင်ရာကို Little Myanmar ဆိုပြီး လူသိများကြပါတယ် (Yi 2001- Trends in South East Asia 2015#15 ISEAS Publishing -Yusof Ishak Institute- Singapore )

မထွက်ပြေးပဲကျန်ခဲ့တဲ့ တရုတ်တွေ ကတော့ တရုတ်ဘောင်းဘီ အပွဝတ်ရာကနေ ပုဆိုး လုံချည် ပြောင်းဝတ်ခြင်း၊ တရုတ်အမည်တွေကနေ မြန်မာ အမည်မှည့်ခေါ်ခြင်းတို့ အပြင် တရုတ်ရိုးရာ ယုံကြည်မှု များ ဖြစ်သည့် မဟာယနဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ် ဝါဒ၊ ဇင်န် ဗုဒ္ဓ ဘာသာ ယုံကြည်သူများ က ထေရဝါဒ ယုံကြည်သူများအဖြစ်
ဖေါ်ပြ ပြောင်းလဲကာ တချို့က ဗမာအသွင် အများစုက ရှမ်းလူမျိုးများ အသွင် စိမ့်ဝင် အသွင်ပြောင်းပြီး ဆက်လက် ရှင်သန်ရပ်တည်ခဲ့ကြ ရပါတယ်။
ထိုအချိန်က စပြီး နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်ခြင်း ပတ်သက်ခြင်း မလုပ်တော့ပဲ သိုသိုသိပ်သိပ်နေထိုင်ခဲ့ကြပါတယ်။

တရုတ်ပြည်နဲ့ မြန်မာပြည်အကြား သံတမန်ဆက်ဆံရေး ဆုံးရှုံးခဲ့ပြီး သံရုံးတွေမှာ သံအမတ်တွေ အစား သံအရာရှိတွေပဲ ထားခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ် အထိသံတမန်ဆက်ဆံရေး တစုံတရာ တိုးတက်မှု မရှိပဲ ဆက်ဆံရေးထိခိုက်ခဲ့ပါတယ်။
တရုတ်နဲ့ မြန်မာအကြား ကုန်သွယ်ရေးဟာလည်း ၁၉၆၇ ကနေ ၁၉၆၉ အထိ အနိမ့်ဆုံးဖြစ်တဲ့ ၉၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ တရုတ်ပြည်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်တွေကို တရားဝင် လက်နက်ခဲရမ်း ထောက်ပံ့ပေးခဲ့သလို တရုတ်နိုင်ငံထဲမှာ စစ်ရေးလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

တရုတ် – မြန်မာ ဆက်ဆံရေး ပုံမှန် ပြန်လည်ဖြစ်လာခြင်း
—————————————————————-
၁၉၆၈ မှာ တရုတ်ပြည်က မီဒီယာတွေက မြန်မာပြည်အပေါ်ဝေဖန်ပြစ်တင်တာတွေ လျော့ကျလာခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့တဲ့ ရခိုင်မှာ တိုက်ခဲ့တဲ့ တိုက်ဖုံး မုန်တိုင်းအပြီး တရုတ်ပြည်က မြန်မာ့ကြက်ခြေနီအသင်းကို လှုဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။
၁၉၇၀ မှာ တရုတ်နဲ့ မြန်မာအကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ဆက်သွယ်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ချူအင်လိုင်းရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်ကို ဗိုလ်ချုပ်နေဝင်းဟာ ပုံမှန်မဟုတ်တဲ့ အလည်အပတ် ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပြီး တရုတ်နဲ့ သံတမန်ဆက်ဆံရေး ခေတ်သစ်ကို စခဲ့ပါတယ်။
ကုန်သွယ်ရေး ဆိုင်ရာ အစီအစဉ်တွေကို ပြန်စဖို့ ၂ နိုင်ငံစလုံးက ပြန်လည်သဘောတူညီခဲ့ပြီး မြန်မာပြည်ကို တရုတ်ပြည်က စီးပွားရေး ထောက်ပံမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ တရုတ်ပြည်က ပိုပြီးပွင့်လင်းတဲ့ နိုင်ငံခြားရေးဝါဒ ကိုကျင့်သုံးလာပြီး တရုတ်နဲ့ မြန်မာဆက်ဆံရေး ပြန်လည်ကောင်းမွန်တိုးတက် လာခဲ့ပါတယ်။
ဒါပေမဲ့လည်း တရုတ်ပြည်က အထောက်အပံပေးထားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကြာ အထိ ဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။

Credit-မိုးစွန်ကြယ် (Y.I.T)
သြဂုတ် ၂၁ ရက် ၂ဝ၁၉

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */