" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာ့အလင်း. Show all posts
Showing posts with label မြန်မာ့အလင်း. Show all posts

Thursday, June 13, 2019

( 14.06.2019 ) မြန်မာ့အလင်း သတင်းစာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနေသူနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၂၉၅၀၀ ဖမ်းဆီးရမိ

မြန်မာ့အလင်း သတင်းစာ
နေပြည်တော် ဇွန် ၁၁

မောင်တောမြို့နယ် နှစ်နိုင်ငံ နယ်စပ်အနီး ဇီးပင်ချောင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားနှစ်ဦးထံမှ စိတ်ကြွ ဆေးပား နှစ်သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် နှစ်နိုင်ငံ နယ်စပ်အနီး ဇီးပင်ချောင်းအတွင်း ဇွန် ၁၁ ရက် နံနက် ၁ နာရီ မိနစ် ၄၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့်ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် တစ်ဖက်နိုင်ငံဘက်ကမ်းသို့ လှော်ခတ်နေသော လှေ တစ်စင်းကို တွေ့ရှိပြီး ဖမ်းဆီးခဲ့ရာ လှေပေါ်တွင် လဘာရှေးရာ ဒုက္ခသည်စခန်း၊ တက္ကနဖ့်မြို့နယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနေ ဂျဟတ်တူဆောင်း (ဖ) ရော်ရှီတာမောက်နှင့် ဂျဘူရာမန်(ဖ) မာ မောက် ဟူဆိန်းတို့အား ဆာလာအိတ် နှစ်အိတ်ဖြင့် ထည့်လျက် WY/R စာတန်းပါ စိတ်ကြွဆေးပြား ၂၂၉၅၀၀ (တစ်ပြားလျှင်ကျပ် ၂၀၀၀ နှုန်းဖြင့် တန်ဖိုးငွေကျပ်ကျပ်သိန်း ၄၅၉၀) ကို သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းနှင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန် မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်

Friday, June 7, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အ ကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာ့အလင်း
နေပြည်တော် ဇွန် ၇

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံရေးရာကော်မတီဆောင်I- 20 ၌ ကျင်းပသည်။
အစည်း အဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယခု အစည်းအဝေးသည် နေပြည်တော်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအထောက်အကူပြုကော်မတီ၏ တတိယအကြိမ်မြောက် ညှိနှိုင်း အ စည်းအဝေးဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်သို့ ထပ်မံ နယ်မြေကွင်းဆင်းလေ့ လာ သွားရန် ရှိပါကြောင်း။

Thursday, May 30, 2019

( ၃၁-၀၅-၂၀၁၉ ) မြန်မာ့အလင်း သတင်းစာ

ပြည်တွင်းပြည်ပသတင်းမီဒီယာများပါဝင်သည့် သ တင်းအဖွဲ့ ဂုံးနားကျေးရွာနှင့် အောင်ဗလကျေးရွာတို့၌ သတင်းရယူ

မြန်မာ့အလင်း
မောင်တော မေ ၃၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း ပြည်ပသတင်းမီဒီယာများပါဝင်သော သတင်း အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် ဂုံးနားကျေးရွာရှိ ရွှေဇား ကပ္ပကောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအတွင်း ရှိလူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံသတင်းရယူကြသည်။ဆက်လက် ၍ သတင်းအဖွဲ့သည် ဂုံးနားကျေးရွာနှင့် အောင်ဗလ ကျေးရွာအတွင်း လေ့လာသတင်းရယူကြ သည်။

ထို့နောက် သတင်းအဖွဲ့သည် မောင်တောမြို့မှ စစ်တွေမြို့သို့ ရောက်ရှိကြပြီး ညနေပိုင်းတွင် မြန်မာ အမျိုး သားလေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြသည်။

သတင်းစဉ်

Wednesday, May 29, 2019

( ၃၀-၀၅-၂၀၁၉ ) မြန်မာ့အလင်း သတင်းစာ

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် အဆင့်မြင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာ့အလင်း
နေပြည်တော် မေ ၂၇

ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူး ပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */