Wednesday, May 29, 2019

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် အဆင့်မြင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာ့အလင်း
နေပြည်တော် မေ ၂၇

ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူး ပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင် ကျောက်ဟွိုင်တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အာ ဆီယံထိပ်သီးအစည်းအဝေးမှ ရခိုင် ပြည်နယ်တွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် စပ် လျဉ်း၍ အာဆီယံမှပူးပေါင်း ပါဝင်ရန်ဆုံးဖြတ်ခဲ့မှု အားကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံ ထိပ်သီး အစည်း အဝေး၏ ဆုံးဖြတ်ချက်နှင့် အညီ အာဆီယံအတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင် ပြည်နယ်သို့ ကွင်းဆင်းလေ့လာနိုင်ခဲ့ခြင်း၊ အာဆီယံဒေသတွင်း နိုင်ငံ များမှ ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသော အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့ လာ ရေး အဖွဲ့ [ASEAN Emergency Response and Assessment Team (ASEAN-ERAT)] သည် ၂၀၁၉ ခုနှစ်၊ မတ် ၄ ရက်မှ ၁၃ ရက်အထိ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ငါးခူရပြန်လည်လက်ခံ ရေးစခန်းနှင့် လှဖိုးခေါင် ကြားစခန်းတို့ တွင် ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာမှုများပြု လုပ်ခဲ့ပြီး တွေ့ရှိချက်အစီရင်ခံစာ ပြုစု ခဲ့ခြင်းတို့သည် အာဆီယံ၏ ကြိုးပမ်း အားထုတ်မှုများပင်ဖြစ်ပါကြောင်း။

ASEAN-ERAT အဖွဲ့၏ ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာသည် ရခိုင်ပြည် နယ်ရှိ မြေပြင်တွင် အမှန်တကယ် ဖြစ်တည် တွေ့ရှိချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ပြန်လည်လက်ခံရေး ဆောင်ရွက်ရန်အစီ အစဉ်များကို အစိုးရကစနစ်တကျဆောင် ရွက်ထားရှိသည်ကို တွေ့ရှိရကြောင်း၊ ပြန် လည်လက်ခံရေး အစီအစဉ်သည် အဆင်သင့်အနေထားတွင် ရှိကြောင်း၊ အခြေအနေအမှန် သိရှိအောင် သက်သေ ပြုပြသနိုင်ခဲ့ပါကြောင်း၊ ယခု ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ၂၀၁၉ ခုနှစ် ဇွန်လတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်း အဝေး၌ တင်ပြရန်စီစဉ်ထားရှိပါကြောင်း၊ ရခိုင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးလုပ် ငန်းများအား ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာ မှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် အဆင့်မြင့် ညှိနှိုင်း အစည်းအဝေးတွင် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွား မည့်လုပ်ငန်းများကို ဆွေးနွေးနိုင်မည်ဖြစ် ပါကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံအတွင်းရေးမှူး ချုပ် ဒါတိုလင်ကျောက်ဟွိုင် က ၂၀၁၈ ခုနှစ်အတွင်း အာဆီယံသည် ရခိုင် ပြည်နယ်အရေးနှင့် ပတ်သက်၍ လုပ်ငန်း များစွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကနဦး လိုအပ်ချက်ဆန်း စစ်လေ့လာတွေ့ ရှိချက်ပါ အကြံပြုချက်အား ပူးပေါင်း အကောင်အထည်ဖော်မည် ဖြစ်ပါ ကြောင်း၊ ထို့အတူ ပြီးပြည့်စုံသော ဆန်းစစ်လေ့လာမှုကိုလည်း ပြန်လည် လက်ခံရေး စတင်သည့်အချိန်တွင် ဆက်လက်ဆောင် ရွက်မည်ဖြစ်ပြီး၊ ကန ဦး လေ့လာတွေ့ရှိချက်များကို အကောင် အထည်ဖော်ရာတွင် အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်မှုများကိုပါ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အာဆီယံသည် မြန်မာနိုင်ငံမှ ဆောင်ရွက် လျက်ရှိသော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ တွင် ပိုမိုပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ သဘာဝဘေးစီမံခန့်ခွဲ မှုအတွက် လူသားချင်းစာနာကူညီမှု ဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management–AHA Centre)က ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ရှင်းလင်းတင်ပြသည်။

အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကျော်တင်က ASEAN-ERATအဖွဲ့ မှ ဆောင်ရွက်ခဲ့သော ကနဦးလိုအပ်ချက် ဆန်းစစ်လေ့ လာ တွေ့ရှိချက် အစီရင်ခံစာ သည် ရခိုင်ပြည်နယ်ရှိ ပြန်လည်လက်ခံ ရေးလုပ်ငန်းများ ဆောင်ရွက်မှုအတွက် လွန်စွာအသုံးဝင်ပါကြောင်း၊ အစီရင်ခံစာ ပါ အကြံပြုချက်များနှင့် လုပ်ငန်းစဉ်များ အား အာဆီယံနှင့်အတူ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်း အစီရင်ခံစာသည် မြန်မာနိုင်ငံအတွက် သာမက ပြန် လည် ဝင်ရောက်လာသူများ အတွက်ပါ အကျိုးကျေးဇူးများစွာရှိပါ ကြောင်း၊ အာဆီယံနှင့်ပူးပေါင်းဆောင် ရွက်မှု၏ ပြယုဂ်ကောင်းတစ်ခုလည်းဖြစ် ပါကြောင်းနှင့် အစီရင်ခံစာအား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများထံ ဖြန့်ဝေသွား မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ UEHRD ကော်မတီ မှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော လုပ်ငန်းရပ်များကို UEHRD ကော်မတီဝင် စီမံခန့်ခွဲမှုအရာ ရှိချုပ် ဦးညီငြိမ်းအေးကရှင်းလင်းတင်ပြ သည်။ ထို့နောက် လူသား ချင်းစာနာ ကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre) မှ အမှုဆောင်ညွှန် ကြားရေးမှူး Ms. Adelina က ရှေ့လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းခြင်း၊ အကြံပြုခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

အဆိုပါ အစည်းအဝေးတွင်ASEAN-ERAT အဖွဲ့မှ ဆောင်ရွက်ခဲ့ သော ကနဦးလိုအပ်ချက် ဆန်းစစ် လေ့ လာတွေ့ရှိချက်ပါ အကြံပြုချက် များအား အကောင်အထည်ဖော်နိုင်ရေး အစီအစဉ်၊ ပြီးပြည့်စုံသော ဆန်းစစ် လေ့လာမှုအား ဆက်လက်ဆောင်ရွက်ရန် လျာထားမှု အစီအစဉ်နှင့် ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ လူ့ စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား အကောင်အထည်ဖော်မည့် အစီအစဉ် များ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရ သည်။
သတင်းစဉ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */