မြန်မာ့အလင်း သတင်းစာ
နေပြည်တော် ဇွန် ၁၁
မောင်တောမြို့နယ် နှစ်နိုင်ငံ နယ်စပ်အနီး ဇီးပင်ချောင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားနှစ်ဦးထံမှ စိတ်ကြွ ဆေးပား နှစ်သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နေပြည်တော် ဇွန် ၁၁
မောင်တောမြို့နယ် နှစ်နိုင်ငံ နယ်စပ်အနီး ဇီးပင်ချောင်းအတွင်း ဇွန် ၁၁ ရက် နံနက် ၁ နာရီ မိနစ် ၄၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့်ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် တစ်ဖက်နိုင်ငံဘက်ကမ်းသို့ လှော်ခတ်နေသော လှေ တစ်စင်းကို တွေ့ရှိပြီး ဖမ်းဆီးခဲ့ရာ လှေပေါ်တွင် လဘာရှေးရာ ဒုက္ခ သည်စခန်း၊ တက္ကနဖ့်မြို့နယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနေ ဂျဟတ်တူဆောင်း (ဖ) ရော်ရှီတာမောက်နှင့် ဂျဘူရာမန်(ဖ) မာ မောက် ဟူဆိန်းတို့အား ဆာလာအိတ် နှစ်အိတ်ဖြင့် ထည့်လျက် WY/R စာတန်းပါ စိတ်ကြွဆေးပြား ၂၂၉၅၀၀ (တစ်ပြားလျှင်ကျပ် ၂၀၀၀ နှုန်းဖြင့် တန်ဖိုးငွေကျပ်ကျပ်သိန်း ၄၅၉၀) ကို သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းနှင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန် မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်
သတင်းစဉ်
No comments:
Post a Comment