" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူမျိုးတုံးသတ်ဖြတ်မှု. Show all posts
Showing posts with label လူမျိုးတုံးသတ်ဖြတ်မှု. Show all posts

Saturday, July 25, 2020

အိုင်စီဂျေ လူမျိုးတုံးသတ်ဖြတ်မှု မြန်မာ နဲ့ ဂမ်ဘီယာ နှစ်ဖက် လျှောက်ထားချိန် ၃ လ ရွှေ့ဆိုင်း

BBC
၂၅ မေ ၂၀၂၀ 

အခုလို သုံးလ ရွှေ့ဆိုင်းပေးဖို့ ဂမ်ဘီယာဘက်က တရားရုံးကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားရာမှာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် နှစ်ဖက် လျှောက်ထားရမယ့်အချိန်တွေကို တရားရုံးက သုံးလစီ နောက်ဆုတ်လိုက်တယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က ဘီဘီစီကို ပြောပါတယ်။

Thursday, December 26, 2019

ဂျပန်က မြန်မာမှာ လူမျိုးတုံးသတ်ဖြတ်မှုမရှိဟု ယုံကြည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း
2019-12-26
ဂျပန် သံအမတ်ကြီး အီချီရို မာရုယာမားကို‌ ၂၀၁၉ ဒီဇင်ဘာ ၂၆ ရက်နေ့က ‌တွေ့ရစဉ်
Photo: Nay Myo htun/ RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ ဂျပန်အစိုးရက ယုံကြည်တာကြောင့် နိုင်ငံတ ကာ တရားရုံး ICJ အနေနဲ့ Provisional Measure ကြားဖြတ်အရေးယူမှု မချမှတ်ဖို့ ဆုတောင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရုယာမ Mr. Ichiro Maruyama က ပြောကြား လိုက်ပါတယ်။

Sunday, November 24, 2019

ICJ မှာ ရှင်းလင်းချက် မှန်ကန်မှုမရှိရင် ဂုဏ်သိက္ခာထိခိုက် နိုင် တယ်လို့ သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန
24 နိုဝင်ဘာ၊ 2019
အင်ကြင်းနိုင်
ICJ တွင် အမှုရင်ဆိုင်နိုင်ရေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အစိုးရနှင့် စစ်တပ် ထိပ်တန်းခေါင်းဆောင်များ။ (ဓာတ်ပုံ - Myanmar State Counsellor Office, Nov 23, 2019)

ICJ နိုင်ငံတကာ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခုခံချေပတာမှာ တာဝန်ခံမှု၊ တာဝန်ယူမှု အပိုင်းဖြစ်တဲ့ အစိုးရနဲ့ စစ်တပ်တို့ရဲ့ စုံစမ်းရေး ကော်မရှင်တွေဘက်က အချက်အလက်တွေ ဘယ်လောက်ထိ ရှာဖွေတွေ့ရှိထားသလဲဆိုတာ မှန်မှန်ကန်ကန် ချပြမှုမရှိရင် ဂုဏ်သိက္ခာ ထိခိုက်မယ့်အန္တရာယ်ရှိနေတယ်လို့ မြန်မာနိုင် ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲဟောင်းတဦးက သတိပေး ပြောဆိုလိုက်ပါတယ်။ ICJ တရားရုံးမှာ ဂမ်ဘီ ယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ တရားစွဲထားတဲ့ ကိစ္စအပေါ် နိုဝင်ဘာလ ၂၃ ရက် စနေနေ့က နေပြည်တော် သမ္မတအိမ်တော်မှာ အစိုးရနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့အပေါ် သဘောထား အမြင်တချို့ကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */